ၿမိတ္ၿမိဳ႔နယ္၊ ပႏိုေက်းရြာအေျခခံပညာအထက္တန္းေက်ာင္း၌ ပညာေရး စုံညီပြဲေတာ္ျပဳလုပ္ 

ၿမိတ္ၿမိဳ႔နယ္၊ ပႏိုေက်းရြာအေျခခံပညာအထက္တန္းေက်ာင္း၌ ပညာေရး စုံညီပြဲေတာ္ျပဳလုပ္ 
ေနျပည္ေတာ္ ဇန္န၀ါရီ ၂၀ 

တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ၿမိဳ႕နယ္၊ ပႏိုေက်းရြာအေျခခံပညာအထက္တန္းေက်ာင္း၏ ၂၀၁၉-၂၀၂၀ ပညာသင္ ႏွစ္ ပညာေရး စုံညီပြဲေတာ္ကို ယေန႔နံနက္ပိုင္းတြင္ အဆိုပါ ေက်ာင္းခန္းမ၌ျပဳလုပ္ရာ ကမ္း႐ိုးတန္း ေဒသတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗိုလ္ခ်ဳပ္ ေသာင္းထိုက္ေရႊႏွင့္အဖြဲ႕၀င္မ်ား၊ ၿမိဳ႕နယ္ ပညာေရးမွဴး႐ံုးမွ တာ၀န္ရွိသူမ်ား၊ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ ေက်ာင္းသားမိဘမ်ား၊ ေက်ာင္းအက်ဳိးေတာ္ေဆာင္မ်ားႏွင့္ ဖိတ္ၾကား ထားသူမ်ား တက္ေရာက္ၾကသည္။ 

ဦးစြာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားက ျမတ္ဆရာသီခ်င္းျဖင့္ သီဆိုေဖ်ာ္ေျဖဖြင့္လွစ္ၿပီး တိုင္းမွဴးက အမွာစကား ေျပာၾကားသည္။ ထုိ႔ေနာက္ တိုင္းမွဴးက ဆရာ၊ ဆရာမမ်ား အတြက္ ေက်ာင္း၀တ္စုံႏွင့္ဂုဏ္ျပဳလက္ေဆာင္ မ်ားေပးအပ္သည္။ 

ယင္းေနာက္ ပညာရည္ခၽြန္ဆုေပးပြဲကို ဆက္လက္ျပဳလုပ္ရာ တကၠသိုလ္၀င္စာေမးပြဲတြင္ ဂုဏ္ထူးျဖင့္ ထူးခၽြန္စြာ ေအာင္ျမင္ ခဲ့ၾကသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ႏွင့္ ဂုဏ္ထူးရရွိေအာင္သင္ၾကားျပသေပးေသာ ဆရာ၊ ဆရာမမ်ားအား တိုင္းမွဴးႏွင့္ တာ၀န္ရွိသူမ်ားက ဂုဏ္ျပဳဆုမ်ားအသီးသီး ေပးအပ္ၾကသည္။ ထုိ႔ေနာက္ တိုင္းမွဴးႏွင့္ တက္ေရာက္ လာၾကသူမ်ားက ေက်ာင္းသား၊ ေက်ာင္းသူမ်ား ၏သီဆိုကျပေဖ်ာ္ေျဖမႈမ်ားကို ၾကည့္႐ႈ အားေပးခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မြိတ်မြို့နယ်၊ ပနိုကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ပညာရေး စုံညီပွဲတော်ပြုလုပ် 

နေပြည်တော် ဇန်နဝါရီ ၂၀ 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ပနိုကျေးရွာအခြေခံပညာအထက်တန်းကျောင်း၏ ၂၀၁၉-၂၀၂၀ ပညာသင် နှစ် ပညာရေး စုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းခန်းမ၌ပြုလုပ်ရာ ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။ 

ဦးစွာ ကျောင်းသား၊ ကျောင်းသူများက မြတ်ဆရာသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး တိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးက ဆရာ၊ ဆရာမများ အတွက် ကျောင်းဝတ်စုံနှင့်ဂုဏ်ပြုလက်ဆောင် များပေးအပ်သည်။ 

ယင်းနောက် ပညာရည်ချွန်ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင် ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ နှင့် ဂုဏ်ထူးရရှိအောင်သင်ကြားပြသပေးသော ဆရာ၊ ဆရာမများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ကျောင်းသား၊ ကျောင်းသူများ ၏သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

Recent News