၂၀၁၉ ခုႏွစ္အတြင္း စက္ေရတြင္းတူးေဖာ္ လွဴဒါန္းမႈမ်ား အတြက္ ေရစက္ခ် မဂၤလာျပဳလုပ္ 

၂၀၁၉ ခုႏွစ္အတြင္း စက္ေရတြင္းတူးေဖာ္ လွဴဒါန္းမႈမ်ား အတြက္ ေရစက္ခ် မဂၤလာျပဳလုပ္ 
ေနျပည္ေတာ္ ဇန္န၀ါရီ ၂၀ 

အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၏ ဦးေဆာင္မႈျဖင့္ ေမတၱာေရစင္ ေက်းလက္ေဒသ ေရရရွိေရး အသင္းက ေသာက္သုံး ေရ ရွားပါးသည့္ ေက်းရြာမ်ားတြင္ ၂၀၁၉ ခုႏွစ္အတြင္း စက္ေရတြင္း တူးေဖာ္လွဴဒါန္းမႈမ်ားအတြက္ စုေပါင္းေရစက္ခ် မဂၤလာကို ယေန႔နံနက္ ပိုင္းတြင္ မႏၱေလးၿမိဳ႕၊ နန္းၿမိဳ႕ဆုေတာင္းျပည့္ဘုရားရွိ ရန္ေအာင္ျမင္ ဓမၼာ႐ုံ၌ျပဳလုပ္ရာ မဟာ ေအာင္ေျမၿမိဳ႕နယ္၊ အေ၀ရာရာမ ရန္ကင္းေက်ာင္းတိုက္ ဦးစီးပဓာနနာယက ေရႊက်င္ဂုိဏ္းအက်ဳိးေတာ္ေဆာင္ အဂၢမဟာ ပ႑ိတ အဂၢမဟာ သဒၶမၼာ တိကဓဇ အဂၢမဟာဂႏၱ၀ါစက ပ႑ိတ ဘဒၵႏၱၾသဒါတ သီရိဘိ၀ံသ အမွဴးျပဳေသာ သံဃာေတာ္မ်ား ႂကြေရာက္ေတာ္မူၾကၿပီး အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗိုလ္ခ်ဳပ္ ေက်ာ္စြာလင္း ႏွင့္အဖြဲ႕၀င္မ်ား၊ ေမတၱာ ေရစင္ေက်းလက္ ေဒသေရရရွိေရး အသင္း၀င္မ်ားႏွင့္ ေစတနာရွင္ အလွဴရွင္မ်ား တက္ေရာက္ၾကသည္။ 

ဦးစြာ တိုင္းမွဴးႏွင့္တက္ေရာက္လာၾက သူမ်ားက အေ၀ရာရာမ ရန္ကင္းေက်ာင္းတိုက္ ဦးစီးပဓာန နာယက ဆရာေတာ္ထံမွ ငါးပါးသီလ ခံယူေဆာက္တည္ၾကသည္။ ထုိ႔ေနာက္ သံဃာေတာ္မ်ားထံ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္ လွဴဒါန္းၿပီး အႏု ေမာဒနာ တရားနာယူ၍ ေရစက္သြန္းခ် အမွ်ေပးေ၀ၾကသည္။ ယင္းေနာက္ တိုင္းမွဴးႏွင့္ တက္ေရာက္ လာၾကသူမ်ားက သံဃာေတာ္ မ်ားအား ေန႔ဆြမ္းဆက္ကပ္ၾကသည္။ 

အဆိုပါေမတၱာေရစင္ ေက်းလက္ေဒသ ေရရရွိေရးအသင္းကို ၂၀၁၉ ခုႏွစ္၊ မတ္ ၇ ရက္တြင္ စတင္တည္ေထာင္ ခဲ့ၿပီး အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္မိသားစု၀င္မ်ားမွ လွဴဒါန္းေငြက်ပ္သိန္း တစ္ရာျဖင့္ မတည္၍ ေစတနာရွင္ အလွဴရွင္ မ်ားမွ စုေပါင္းလွဴဒါန္းသည့္ ေငြက်ပ္သိန္း ၁၆၀၀ ေက်ာ္ျဖင့္ မႏၱေလးတိုင္း ေဒသႀကီးႏွင့္ မေကြးတိုင္း ေဒသႀကီးတို႔ရွိ ေသာက္သုံးေရ ရွားပါးေသာ ေက်းရြာ ၁၈ရြာတြင္ စက္ေရတြင္း ၁၈တြင္း တူးေဖာ္ လွဴဒါန္း ေပးႏိုင္ ခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

၂၀၁၉ ခုနှစ်အတွင်း စက်ရေတွင်းတူးဖော် လှူဒါန်းမှုများ အတွက် ရေစက်ချ မင်္ဂလာပြုလုပ် 

နေပြည်တော် ဇန်နဝါရီ ၂၀ 

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဦးဆောင်မှုဖြင့် မေတ္တာရေစင် ကျေးလက်ဒေသ ရေရရှိရေး အသင်းက သောက်သုံး ရေ ရှားပါးသည့် ကျေးရွာများတွင် ၂၀၁၉ ခုနှစ်အတွင်း စက်ရေတွင်း တူးဖော်လှူဒါန်းမှုများအတွက် စုပေါင်းရေစက်ချ မင်္ဂလာကို ယနေ့နံနက် ပိုင်းတွင် မန္တလေးမြို့၊ နန်းမြို့ဆုတောင်းပြည့်ဘုရားရှိ ရန်အောင်မြင် ဓမ္မာရုံ၌ပြုလုပ်ရာ မဟာ အောင်မြေမြို့နယ်၊ အဝေရာရာမ ရန်ကင်းကျောင်းတိုက် ဦးစီးပဓာနနာယက ရွှေကျင်ဂိုဏ်းအကျိုးတော်ဆောင် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မာ တိကဓဇ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တသြဒါတ သီရိဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာလင်း နှင့်အဖွဲ့ဝင်များ၊ မေတ္တာ ရေစင်ကျေးလက် ဒေသရေရရှိရေး အသင်းဝင်များနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြ သူများက အဝေရာရာမ ရန်ကင်းကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး အနု မောဒနာ တရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်ကြသည်။ 

အဆိုပါမေတ္တာရေစင် ကျေးလက်ဒေသ ရေရရှိရေးအသင်းကို ၂၀၁၉ ခုနှစ်၊ မတ် ၇ ရက်တွင် စတင်တည်ထောင် ခဲ့ပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မိသားစုဝင်များမှ လှူဒါန်းငွေကျပ်သိန်း တစ်ရာဖြင့် မတည်၍ စေတနာရှင် အလှူရှင် များမှ စုပေါင်းလှူဒါန်းသည့် ငွေကျပ်သိန်း ၁၆၀၀ ကျော်ဖြင့် မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့ရှိ သောက်သုံးရေ ရှားပါးသော ကျေးရွာ ၁၈ရွာတွင် စက်ရေတွင်း ၁၈တွင်း တူးဖော် လှူဒါန်း ပေးနိုင် ခဲ့ကြောင်း သတင်း ရရှိသည်။

Recent News