ကေလး၀ၿမိဳ႔နယ္၊ ေက်ာ္ဇင္ေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ကေလး၀ၿမိဳ႔နယ္၊ ေက်ာ္ဇင္ေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ဇန္န၀ါရီ ၂၀ 

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလး၀ၿမိဳ႕နယ္၊ ေက်ာ္ဇင္ေက်းရြာရွိ ေဒသခံျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆိုပါေက်းရြာရွိ ဇမၺဴမဂၤလာေက်ာင္းတိုက္၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေဒသခံျပည္သူ ၁၄၈ ဦးကို မ်က္စိေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ ေသြးတိုးေရာဂါ၊ အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါ၊ ဆီးခ်ဳိေရာဂါ၊ အ႐ိုး/အေၾကာ ေရာဂါ၊ သားဖြား/ မီးယပ္ေရာဂါ၊ ကေလးေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္း၊ ECG စက္ျဖင့္ ႏွလုံး စမ္းသပ္ေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။ 

ထို႔ျပင္ ကေလးတပ္နယ္မွ တပ္မေတာ္သားမ်ားက တပ္ပိုင္ေမြးျမဴေရး လုပ္ငန္းမ်ားမွ ထြက္ရွိသည့္ ၾကက္ဥ ၁၂၀၀ လုံးကုိ ေဒသခံျပည္သူမ်ားသုိ႔ ျပင္ပေပါက္ေစ်းထက္ သက္သာေသာ ေစ်းႏႈန္းျဖင့္ ေရာင္းခ်ေပးသည္။ ယင္းသုိ႔ေဆာင္ရြက္ေပးမႈမ်ားကို ကေလးတပ္နယ္မွ တာ၀န္ရွိသူမ်ားက သြားေရာက္ၾကည့္႐ႈ အားေပးၿပီး ေဒသခံျပည္သူမ်ား အတြက္ သုတရသစာေစာင္မ်ား ေပးအပ္ၿပီး ေက်ာင္းတိုက္ဆရာေတာ္ ဘဒၵႏၱေခမိႏၵာလကၤာရအား ဖူးေျမာ္၍ အလွဴေငြႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္ လွဴဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ကလေးဝမြို့နယ်၊ ကျော်ဇင်ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် ဇန်နဝါရီ ၂၀ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ကျော်ဇင်ကျေးရွာရှိ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ဇမ္ဗူမင်္ဂလာကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၁၄၈ ဦးကို မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သွေးတိုးရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ ဆီးချိုရောဂါ၊ အရိုး/အကြော ရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံး စမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးသည်။ 

ထို့ပြင် ကလေးတပ်နယ်မှ တပ်မတော်သားများက တပ်ပိုင်မွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့် ကြက်ဥ ၁၂၀၀ လုံးကို ဒေသခံပြည်သူများသို့ ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးသည်။ ယင်းသို့ဆောင်ရွက်ပေးမှုများကို ကလေးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ဒေသခံပြည်သူများ အတွက် သုတရသစာစောင်များ ပေးအပ်ပြီး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တခေမိန္ဒာလင်္ကာရအား ဖူးမြော်၍ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Recent News