မုံရြာၿမိဳ့နယ္၊ အမွတ္(၂)အေျခခံပညာ အထက္တန္းေက်ာင္း (အလံုတပ္ၿမိဳ့)၌ ပညာရည္ခၽြန္ဆုေပးပြဲႏွင္႕ ပညာေရး စံုညီ ပြဲေတာ္ျပဳလုပ္

မုံရြာၿမိဳ့နယ္၊ အမွတ္(၂)အေျခခံပညာ အထက္တန္းေက်ာင္း (အလံုတပ္ၿမိဳ့)၌ ပညာရည္ခၽြန္ဆုေပးပြဲႏွင္႕ ပညာေရး စံုညီ ပြဲေတာ္ျပဳလုပ္

  ေနျပည္ေတာ္ ဇန္န၀ါရီ ၂၀ 

စစ္ကိုင္းတိုင္းေဒသႀကီး၊ မံုရြာၿမိဳ႕နယ္၊ အမွတ္(၂) အေျခခံပညာအထက္တန္းေက်ာင္း(အလံုတပ္ၿမိဳ႕)၏ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ ပညာရည္ခၽြန္ဆုေပးပြဲႏွင့္ ပညာေရးစုံညီပြဲေတာ္ကို ယေန႔နံနက္ပိုင္းတြင္အဆိုပါ ေက်ာင္းခန္းမ၌ ျပဳလုပ္ရာ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗုိလ္ခ်ဳပ္စိုးတင့္ႏိုင္ႏွင့္အဖြဲ႕၀င္မ်ား၊ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ ေက်ာင္းသားမိဘမ်ားႏွင့္ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တိုင္းမွဴးက အမွာစကားေျပာၾကားသည္။ ပညာရည္ခၽြန္ဆုေပးပြဲကို ဆက္လက္ ျပဳလုပ္ရာ တကၠသုိလ္၀င္ စာေမးပြဲ တြင္ ဂုဏ္ထူး ျဖင့္ေအာင္ျမင္ခဲ့ၾကသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ဂုဏ္ထူးရရွိေအာင္ သင္ၾကားျပသ ေပးေသာ ဆရာ၊ ဆရာမမ်ား၊ အတန္းလိုက္ထူးခၽြန္ဆုရရွိသူမ်ား၊ စာစီစာကံုးႏွင့္ အားကစား ၿပိဳင္ပြဲ မ်ားတြင္ ထူးခၽြန္ဆု ရရွိသူမ်ားအား တိုင္းမွဴးႏွင့္တာ၀န္ရွိသူမ်ားက ဂုဏ္ျပဳမွတ္တမ္းလႊာ၊ ဂုဏ္ျပဳဆုႏွင့္ ေက်ာင္းအ တြက္ ဂုဏ္ျပဳဆုေငြမ်ား အသီးသီး ေပးအပ္ၾကသည္။ 

ထုိ႔ေနာက္ တိုင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ သီဆိုကျပေဖ်ာ္ေျဖမႈမ်ားကို ၾကည့္႐ႈအားေပး ခဲ့ၾကေၾကာင္း သတင္းရရွိသည္။    

(Unicode Version)

မုံရွာမြို့နယ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း (အလုံတပ်မြို့)၌ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေး စုံညီ ပွဲတော်ပြုလုပ် 

နေပြည်တော် ဇန်နဝါရီ ၂၀ 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း(အလုံတပ်မြို့)၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းတွင်အဆိုပါ ကျောင်းခန်းမ၌ ပြုလုပ်ရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်နိုင်နှင့်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ပညာရည်ချွန်ဆုပေးပွဲကို ဆက်လက် ပြုလုပ်ရာ တက္ကသိုလ်ဝင် စာမေးပွဲ တွင် ဂုဏ်ထူး ဖြင့်အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပြသ ပေးသော ဆရာ၊ ဆရာမများ၊ အတန်းလိုက်ထူးချွန်ဆုရရှိသူများ၊ စာစီစာကုံးနှင့် အားကစား ပြိုင်ပွဲ များတွင် ထူးချွန်ဆု ရရှိသူများအား တိုင်းမှူးနှင့်တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုနှင့် ကျောင်းအ တွက် ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ကြသည်။ 

ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျောင်းသား၊ ကျောင်းသူများ၏ သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေး ခဲ့ကြကြောင်း သတင်းရရှိသည်။    

Recent News