ကေလာၿမိဳ႔နယ္၊ ဂလုံေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ကေလာၿမိဳ႔နယ္၊ ဂလုံေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 
ေနျပည္ေတာ္ ဇန္န၀ါရီ ၂၀ 

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ကေလာၿမိဳ႕နယ္၊ ဂလုံေက်းရြာႏွင့္ ပတ္၀န္းက်င္ ေက်းရြာမ်ားရွိ ေဒသခံတိုင္းရင္းသား ျပည္သူမ်ားအား ယေန႔ နံနက္ပိုင္းတြင္ အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္၊နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေဒသခံ တိုင္းရင္းသား ျပည္သူ ၁၀၅ ဦးကို သြားႏွင့္ခံတြင္းေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ မ်က္စိေရာဂါ၊ ေသြးတိုးေရာဂါ၊ကေလးေရာဂါ၊ အ႐ုိး/အေၾကာေရာဂါ၊ အေရျပားေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ ၀မ္းပ်က္၀မ္းေလွ်ာေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ုံတက္ေရာက္ ကုသရန္ လိုအပ္သူ ငါးဦးကို ေအာင္ပန္းၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ုံသို႔ တက္ေရာက္ကုသႏိုင္ေရး စီစဥ္ ေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

ကလောမြို့နယ်၊ ဂလုံကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် ဇန်နဝါရီ ၂၀ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ဂလုံကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံ တိုင်းရင်းသား ပြည်သူ ၁၀၅ ဦးကို သွားနှင့်ခံတွင်းရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ သွေးတိုးရောဂါ၊ကလေးရောဂါ၊ အရိုး/အကြောရောဂါ၊ အရေပြားရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူ ငါးဦးကို အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News