ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း ကုလသမဂၢအေထြေထြအတြင္းေရးမွဴးခ်ဳပ္၏ ျမန္မာ ႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္အား လက္ခံေတြ႕ဆံု

 

ေနျပည္ေတာ္၊ ေအာက္တိုဘာ - ၁၁

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)     ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းသည္ ကုလသမဂၢအေထြေထြအတြင္းေရးမွဴးခ်ဳပ္၏ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ ၾ်. Ms. Christine Schraner Burgener အား ယေန႕မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆံုသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီး ခ်ဳပ္(ၾကည္း)ႏွင့္ အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ကုလသမဂၢအေထြေထြအတြင္းေရးမွဴးခ်ဳပ္၏ ျမန္မာႏိုင္ငံဆိုင္ရာ အထူး ကိုယ္စားလွယ္ႏွင့္အတူ အႀကီးတန္းႏိုင္ငံေရးအရာရွိ Mr. Jung Hwan Lee ႏွင့္ တာ၀န္ရွိသူတို႔ တက္ေရာက္ၾကသည္။

ထုိသို႔ေတြ႕ဆံုရာတြင္ ရခိုင္ျပည္နယ္အေရးကိစၥႏွင့္ပတ္သက္၍ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရး ေကာ္မရွင္အဖြဲ႕ျဖင့္ အမွန္တရားမ်ားကို ေဖာ္ထုတ္ၿပီး ႏိုင္ငံတကာက သိရွိေအာင္ ေဆာင္ရြက္ ေနမႈအေျခအေနမ်ား၊ အရြယ္မေရာက္သူကေလးသူငယ္မ်ား စစ္မႈထမ္းေဆာင္ျခင္းႏွင့္ပတ္သက္၍ ကုလသမဂၢႏွင့္ေနာက္ဆုံးဆက္သြယ္ေဆာင္ရြက္ ေနမႈအေျခအေနမ်ား၊ ရခိုင္ေဒသျပန္လည္ ဖြံ႕ၿဖဳိးတိုးတက္ေရးအတြက္ ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္၍ ရခိုင္ျပည္နယ္တည္ၿငိမ္ ေအးခ်မ္းမႈႏွင့္ဖြံ႕ၿဖိဳးမႈတုိးတက္ေရးအေကာင္အထည္ေဖာ္ေရး ဗဟိုေကာ္မတီ ဖြဲ႕စည္း၍ ေဆာင္ရြက္ေနမႈအေျခအေနမ်ား၊  ၂၀၁၇ခုႏွစ္၊ၾသဂုတ္လျဖစ္စဥ္ေနာက္ပိုင္း ရခိုင္ျပည္နယ္ ေျမာက္ျခမ္း၌ လုံၿခဳံေရးေဆာင္ရြက္ေနမႈအေျခအေနမ်ား၊ ဘဂၤါလီမ်ားအေပၚ ႏုိင္ငံသား စိစစ္ေရးေဆာင္ရြက္ေပးေနမႈအေျခအေနမ်ား၊ ရခုိင္ျပည္နယ္၏ ေနာက္ဆုံး အေျခအေနႏွင့္ အနာဂတ္အေျခအေနမ်ား၊ တပ္မေတာ္အေနျဖင့္ ၿငိမ္းခ်မ္းေရး မူ၀ါဒ(၆)ရပ္ႏွင့္အညီ ထာ၀ရၿငိမ္းခ်မ္းေရးရရွိေအာင္ ႏိုင္ငံေတာ္အစိုးရ၊ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္ေနမႈအေျခအေနမ်ား၊ ပါတီစုံ ဒီမိုကေရစီစနစ္က်င့္သုံးေနခ်ိန္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ားအေနျဖင့္ မိမိတို႔၏ လုိအင္ဆႏၵမ်ားကို လက္နက္စြဲကိုင္ၿပီး ေတာင္းဆို၍ မရရွိႏုိင္မႈအေျခအေန မ်ားအား အျပန္အလွန္အျမင္ခ်င္းဖလွယ္ေဆြးေႏြးၾကၿပီး ကုလသမဂၢအေထြေထြ အတြင္းေရးမွဴးခ်ဳပ္၏ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္က ျမန္မာႏိုင္ငံ၏ အေျခအေန မ်ားႏွင့္ပတ္သက္၍ ျဖစ္စဥ္ျဖစ္ရပ္မွန္မ်ားကို ႏိုင္ငံတကာကို သိရွိေအာင္ ပူးေပါင္းေဆာင္ရြက္ သြားမည့္အေျခအေနမ်ားအား ျပန္လည္ေဆြးေႏြးေျပာၾကားသည္။

ေတြ႕ဆံုပြဲအၿပီးတြင္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ ကုလသမဂၢအေထြေထြအတြင္းေရးမွဴး ခ်ဳပ္၏ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Ms. Christine Schraner Burgener တို႔သည္ တက္ေရာက္လာၾကသူမ်ားႏွင့္အတူ အမွတ္တရစုေပါင္းဓာတ္ပံု ႐ိုက္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)     ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ - ၁၁

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)     ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ြျ. Ms. Christine Schraner Burgener အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း)နှင့် အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်နှင့်အတူ အကြီးတန်းနိုင်ငံရေးအရာရှိ Mr. Jung Hwan Lee နှင့် တာဝန်ရှိသူတို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဖြင့် အမှန်တရားများကို ဖော်ထုတ်ပြီး နိုင်ငံတကာက သိရှိအောင် ဆောင်ရွက် နေမှုအခြေအနေများ၊ အရွယ်မရောက်သူကလေးသူငယ်များ စစ်မှုထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့်နောက်ဆုံးဆက်သွယ်ဆောင်ရွက် နေမှုအခြေအနေများ၊ ရခိုင်ဒေသပြန်လည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းမှုနှင့်ဖွံ့ဖြိုးမှုတိုးတက်ရေးအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဖွဲ့စည်း၍ ဆောင်ရွက်နေမှုအခြေအနေများ၊  ၂၀၁၇ခုနှစ်၊သြဂုတ်လဖြစ်စဉ်နောက်ပိုင်း ရခိုင်ပြည်နယ် မြောက်ခြမ်း၌ လုံခြုံရေးဆောင်ရွက်နေမှုအခြေအနေများ၊ ဘင်္ဂါလီများအပေါ် နိုင်ငံသား စိစစ်ရေးဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်၏ နောက်ဆုံး အခြေအနေနှင့် အနာဂတ်အခြေအနေများ၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး မူဝါဒ(၆)ရပ်နှင့်အညီ ထာဝရငြိမ်းချမ်းရေးရရှိအောင် နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ ပါတီစုံ ဒီမိုကရေစီစနစ်ကျင့်သုံးနေချိန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ လိုအင်ဆန္ဒများကို လက်နက်စွဲကိုင်ပြီး တောင်းဆို၍ မရရှိနိုင်မှုအခြေအနေ များအား အပြန်အလှန်အမြင်ချင်းဖလှယ်ဆွေးနွေးကြပြီး ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံ၏ အခြေအနေ များနှင့်ပတ်သက်၍ ဖြစ်စဉ်ဖြစ်ရပ်မှန်များကို နိုင်ငံတကာကို သိရှိအောင် ပူးပေါင်းဆောင်ရွက် သွားမည့်အခြေအနေများအား ပြန်လည်ဆွေးနွေးပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener တို့သည် တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News