မုိးရာသီ စခန္းခ် လက္ေတြ႕ေလ့က်င့္ေရး သင္တန္း တက္ေရာက္ေနသည့္ တကၠသိုလ္ေလ့က်င့္ေရးတပ္ဖဲြ႕ဝင္ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ေတြ႔ဆံုအားေပး

 

ေနျပည္ေတာ္ ေအာက္တိုဘာ ၁၁

မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕ရွိ နယ္ေျမခံ သင္တန္းေက်ာင္း၌ ဖြင့္လွစ္ သင္ၾကားေပးလ်က္ရွိသည့္ ၂ဝ၁၇-၂ဝ၁၈ ပညာသင္ႏွစ္၊ တကၠသိုလ္ေလ့က်င့္ေရး တပ္ဖဲြ႕ဝင္ ဆရာ၊ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ေအာက္တိုဘာ ၁ဝ ရက္ မြန္းလြဲ ပိုင္းတြင္ အေရွ႕ေတာင္တုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္ခ်ဳပ္မ်ဳိးမုိးေအာင္ႏွင့္ အဖဲြ႕ဝင္မ်ားက သြားေရာက္ေတြ႕ဆံု အားေပးစကား ေျပာၾကားၿပီး ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အတြက္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။

ထုိ႔ေနာက္ တုိင္းမွဴးႏွင့္ အဖဲြ႕ဝင္မ်ားသည္ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား သင္တန္းကာလအတြင္း အဆင္ေျပစြာ ေနထိုင္ေလ့က်င့္ႏုိင္ေရး အတြက္ ေဆာင္ရြက္ထားရွိမႈ အေျခအေနမ်ားကို လိုက္လံၾကည့္႐ႈ စစ္ေဆးၿပီး လိုအပ္သည္မ်ား ညႇိႏႈိင္းေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

မိုးရာသီ စခန်းချ လက်တွေ့လေ့ကျင့်ရေး သင်တန်း တက်ရောက်နေသည့် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေး

နေပြည်တော် အောက်တိုဘာ ၁၁

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရှိ နယ်မြေခံ သင်တန်းကျောင်း၌ ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည့် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်၊ တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အောက်တိုဘာ ၁ဝ ရက် မွန်းလွဲ ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ သင်တန်းကာလအတွင်း အဆင်ပြေစွာ နေထိုင်လေ့ကျင့်နိုင်ရေး အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News