ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း အိႏၵိယကာကြယ္ေရး၀န္ႀကီးဌာနအတြင္း၀န္ႏွင့္ေတြ႕ဆုံ၊ (DefExpo India-2020) ျပပြဲ ဆက္လက္ၾကည့္႐ႈ၊ ပါရဂူဘြဲ႕သင္တန္းတက္ေရာက္ေန သည့္သံဃာေတာ္ ၂ ပါးအား ဖူးေျမာ္ၾကည္ညဳိ 

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း အိႏၵိယကာကြယ္ေရး၀န္ႀကီးဌာနအတြင္း၀န္ႏွင့္ေတြ႕ဆုံ၊ (DefExpo India-2020) ျပပြဲ ဆက္လက္ၾကည့္႐ႈ၊ ပါရဂူဘြဲ႕သင္တန္းတက္ေရာက္ေန သည့္သံဃာေတာ္ ၂ ပါးအား ဖူးေျမာ္ၾကည္ညဳိ 

  
ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ - ၈ 

အိႏိၵယသမၼတႏိုင္ငံသုိ႔ ေရာက္ရွိေနသည့္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း ဦးေဆာင္ေသာ ကိုယ္စား လွယ္အဖြဲ႕သည္ ေဖေဖာ္၀ါရီ ၇ ရက္ နံနက္ပိုင္းတြင္ (၁၁)ႀကိမ္ေျမာက္ကာကြယ္ေရး ပစၥည္းမ်ားျပပြဲအခမ္းအနား DefExpo -2020 က်င္းပျပဳ လုပ္သည့္ နယ္ေျမအတြင္းရွိ အိႏၵိယကာကြယ္ေရး၀န္ႀကီးဌာန ကာကြယ္ေရးအတြင္း၀န္ ယာယီ႐ံုးခန္း၌ အိႏၵိယႏိုင္ငံ ကာကြယ္ေရး၀န္ႀကီးဌာန ကာကြယ္ေရးအတြင္း၀န္ ေဒါက္တာ အေဂ်းကူမား ႏွင့္ ေတြ႕ဆုံ ေဆြး ေႏြးၾကသည္။ ေတြ႕ဆုံပြဲတြင္ ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား သုေတသနႏွင့္ နည္းပညာရပ္ဆိုင္ရာမ်ား အျပန္အလွန္အေတြ႕အႀကဳံဖလွယ္ျခင္းႏွင့္ လိုအပ္သည့္ပူးေပါင္း ေဆာင္ရြက္ႏိုင္မည့္ ကိစၥရပ္မ်ားအား ေဆြးေႏြးၾကသည္။ 
အဆိုပါေတြ႕ဆုံပြဲသို႔ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အိႏၵိယႏိုင္ငံ ဆုိင္ရာ ျမန္မာစစ္သံမွဴး ဗိုလ္မွဴးခ်ဳပ္ သိန္းေဇာ္ တို႔တက္ေရာက္ၾကသည္။ ေတြ႕ဆံုပြဲအၿပီးတြင္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း)ႏွင့္ ကာကြယ္ေရးအတြင္း၀န္ တုိ႔သည္ အထိမ္းမွတ္ တံဆိပ္မ်ား အျပန္အလွန္ေပးအပ္ၾကသည္။ 
ထို႔ေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ႏွင့္အဖြဲ႕၀င္မ်ားသည္ (၁၁)ႀကိမ္ေျမာက္ကာကြယ္ေရးပစၥည္းမ်ားျပပြဲအခမ္းအနား DefExpo -2020 က်င္းပျပဳလုပ္သည့္ Press Conference Areaရွိ MCC သို႔ ေရာက္ရိွၾကၿပီး India Pavilion & UP Pavilion တြင္ခင္းက်င္းျပသထားမႈမ်ားကို ၾကည့္႐ႈေလ့လာၾကရာ သက္ဆိုင္ရာတာ၀န္ရွိသူမ်ားကလိုက္လံရွင္းလင္းျပသၾကသည္။ 
၎ေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း ဦးေဆာင္ေသာကိုယ္စားလွယ္အဖြဲ႕သည္ အိႏၵိယႏုိင္ငံ၊ Babasaheb Bhimrao Ambedkar University-BBAU သို႔ သြားေရာက္၍ ပါရဂူဘြဲ႕ တက္ေရာက္လ်က္ရွိသည့္ ျမန္မာႏိုင္ငံမွ သံဃာေတာ္ ၂ ပါးႏွင့္ သီလရွင္ ၂ ပါးတို႔အား ဖူးေျမာ္ၾကည္ညဳိၿပီး လွဴဖြယ္ပစၥည္း ဆက္ကပ္လွဴဒါန္းၾကသည္။ Babasaheb Bhimrao Ambedkar University-BBAU သည္ သဘာ၀ႏွင့္ လူမႈသိပၸံနယ္ပယ္ အသီးသီးတြင္ အဆင့္ျမင့္ ပညာသင္ျခင္းမ်ားကို ျမႇင့္တင္ရန္ ရည္႐ြယ္ ဖြင့္လွစ္ထားျခင္းျဖစ္ၿပီး ေက်ာင္းသားဗဟိုျပဳသင္ၾကားသည့္ တကၠသိုလ္ျဖစ္ကာ အတတ္ ပညာရွင္မ်ား အပါအ၀င္ ေက်ာင္းသား ၄၈၀၀ ေက်ာ္သည္ ဘြဲ႕လြန္ႏွင့္ပါရဂူဘြဲ႔ အတန္းမ်ားတြင္ တက္ေရာက္ သင္ၾကားလွ်က္ရွိေၾကာင္းႏွင့္ ပါရဂူဘြဲ႕သင္တန္းတြင္ ျမန္မာႏိုင္ငံမွ သံဃာေတာ္ ၆ ပါးႏွင့္ သာသနာ့အႏြယ္၀င္ သီလရွင္ ၂ ပါး တက္ေရာက္သင္ၾကားလ်က္ရွိေၾကာင္း သိရသည္။ 
ယင္းေနာက္ လက္ခေနာင္းၿမဳိ႕ရွိ ေဒါက္တာ Ambedkar Memorial Park ႏွင့္ Gomati River Front Park ေနရာမ်ားသို႔ သြားေရာက္ၾကည့္႐ႈေလ့လာၾကသည္။ အဆိုပါ ေဒါက္တာ Ambedkar Memorial Park အထိမ္းအမွတ္ ပန္းၿခံသည္ ၁၉၉၅ ခုႏွစ္တြင္ စတင္တည္ေဆာက္ခဲ့ၿပီး အိႏၵိယႏိုင္ငံ Uttar Pradesh ျပည္နယ္၊ လက္ခေနာင္းၿမိဳ႕ Gomti Nagar တြင္တည္ရွိကာ ၁၀၈ ဧက (၀.၄၃ ကီလိုမီတာ)က်ယ္၀န္းေၾကာင္း၊ ပန္းၿခံတစ္ခုလံုးအား Rajashan မွ သယ္ေဆာင္လာေသာ အနီေရာင္ သဲေက်ာက္မ်ားျဖင့္ တည္ေဆာက္ ထားေၾကာင္းႏွင့္ ဥတာပရာေဒ့ရ္ွျပည္နယ္၏ သမုိင္းေၾကာင္းမ်ား၊ ဖြဲ႕စည္းပုံ အေျခခံဥပေဒ စတင္ေရး သားျပဳစုခဲ့မႈသမုိင္းေၾကာင္း၊ တန္းတူညီမွ်ေရးႏွင့္ ဘာသာေရး ဆုိင္ရာမ်ား အပါအ၀င္ စိတ္၀င္စားဖြယ္ရာ မ်ားအား မ်ဳိးဆက္သစ္မ်ား သိရွိႏိုင္ေရး ရည္ရြယ္ေဆာက္လုပ္ထားေၾကာင္း သိရွိရပါသည္။ 

 

(Unicode Version)

 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန်နှင့်တွေ့ဆုံ၊ (DefExpo India-2020) ပြပွဲ ဆက်လက်ကြည့်ရှု၊ ပါရဂူဘွဲ့သင်တန်းတက်ရောက်နေ သည့်သံဃာတော် ၂ ပါးအား ဖူးမြော်ကြည်ညို 

နေပြည်တော်၊ ဖေဖော်ဝါရီ - ၈ 

အိန္ဒိယသမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းတွင် (၁၁)ကြိမ်မြောက်ကာကွယ်ရေး ပစ္စည်းများပြပွဲအခမ်းအနား DefExpo -2020 ကျင်းပပြု လုပ်သည့် နယ်မြေအတွင်းရှိ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးအတွင်းဝန် ယာယီရုံးခန်း၌ အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးအတွင်းဝန် ဒေါက်တာ အဂျေးကူမား နှင့် တွေ့ဆုံ ဆွေး နွေးကြသည်။ တွေ့ဆုံပွဲတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား သုတေသနနှင့် နည်းပညာရပ်ဆိုင်ရာများ အပြန်အလှန်အတွေ့အကြုံဖလှယ်ခြင်းနှင့် လိုအပ်သည့်ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအား ဆွေးနွေးကြသည်။ 
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ် သိန်းဇော် တို့တက်ရောက်ကြသည်။ တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် ကာကွယ်ရေးအတွင်းဝန် တို့သည် အထိမ်းမှတ် တံဆိပ်များ အပြန်အလှန်ပေးအပ်ကြသည်။ 
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့်အဖွဲ့ဝင်များသည် (၁၁)ကြိမ်မြောက်ကာကွယ်ရေးပစ္စည်းများပြပွဲအခမ်းအနား DefExpo -2020 ကျင်းပပြုလုပ်သည့် Press Conference Areaရှိ MCC သို့ ရောက်ရှိကြပြီး India Pavilion & UP Pavilion တွင်ခင်းကျင်းပြသထားမှုများကို ကြည့်ရှုလေ့လာကြရာ သက်ဆိုင်ရာတာဝန်ရှိသူများကလိုက်လံရှင်းလင်းပြသကြသည်။ 
၎င်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံ၊ Babasaheb Bhimrao Ambedkar University-BBAU သို့ သွားရောက်၍ ပါရဂူဘွဲ့ တက်ရောက်လျက်ရှိသည့် မြန်မာနိုင်ငံမှ သံဃာတော် ၂ ပါးနှင့် သီလရှင် ၂ ပါးတို့အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်း ဆက်ကပ်လှူဒါန်းကြသည်။ Babasaheb Bhimrao Ambedkar University-BBAU သည် သဘာဝနှင့် လူမှုသိပ္ပံနယ်ပယ် အသီးသီးတွင် အဆင့်မြင့် ပညာသင်ခြင်းများကို မြှင့်တင်ရန် ရည်ရွယ် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ကျောင်းသားဗဟိုပြုသင်ကြားသည့် တက္ကသိုလ်ဖြစ်ကာ အတတ် ပညာရှင်များ အပါအဝင် ကျောင်းသား ၄၈၀၀ ကျော်သည် ဘွဲ့လွန်နှင့်ပါရဂူဘွဲ့ အတန်းများတွင် တက်ရောက် သင်ကြားလျှက်ရှိကြောင်းနှင့် ပါရဂူဘွဲ့သင်တန်းတွင် မြန်မာနိုင်ငံမှ သံဃာတော် ၆ ပါးနှင့် သာသနာ့အနွယ်ဝင် သီလရှင် ၂ ပါး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။ 
ယင်းနောက် လက်ခနောင်းမြို့ရှိ ဒေါက်တာ Ambedkar Memorial Park နှင့် Gomati River Front Park နေရာများသို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။ အဆိုပါ ဒေါက်တာ Ambedkar Memorial Park အထိမ်းအမှတ် ပန်းခြံသည် ၁၉၉၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ်၊ လက်ခနောင်းမြို့ Gomti Nagar တွင်တည်ရှိကာ ၁၀၈ ဧက (ဝ.၄၃ ကီလိုမီတာ)ကျယ်ဝန်းကြောင်း၊ ပန်းခြံတစ်ခုလုံးအား Rajashan မှ သယ်ဆောင်လာသော အနီရောင် သဲကျောက်များဖြင့် တည်ဆောက် ထားကြောင်းနှင့် ဥတာပရာဒေ့ရ်ှပြည်နယ်၏ သမိုင်းကြောင်းများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ စတင်ရေး သားပြုစုခဲ့မှုသမိုင်းကြောင်း၊ တန်းတူညီမျှရေးနှင့် ဘာသာရေး ဆိုင်ရာများ အပါအဝင် စိတ်ဝင်စားဖွယ်ရာ များအား မျိုးဆက်သစ်များ သိရှိနိုင်ရေး ရည်ရွယ်ဆောက်လုပ်ထားကြောင်း သိရှိရပါသည်။ 

Recent News