ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ကိုယ္စားလွယ္အဖြဲ႕ အိႏိၵယ သမၼတႏိုင္ငံမွ ျပန္လည္ေရာက္ရွိ 

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ကိုယ္စားလွယ္အဖြဲ႕ အိႏိၵယ သမၼတႏိုင္ငံမွ ျပန္လည္ေရာက္ရွိ 

ရန္ကုန္ ေဖေဖာ္ဝါရီ ၈ 

အိႏိၵယသမၼတႏိုင္ငံ၌ က်င္းပျပဳလုပ္ေသာ (၁၁)ႀကိမ္ေျမာက္ ကာကြယ္ေရးပစၥည္းမ်ားျပပြဲ အခမ္းအနား (DefExpo India -2020) သို႔ တက္ေရာက္ခဲ့သည့္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ကိုယ္စားလွယ္အဖြဲ႕ သည္ ေဖေဖာ္ဝါရီ ၇ ရက္ ညပိုင္းတြင္ အိႏိၵယသမၼတႏိုင္ငံ လက္ခ္ေနာင္းၿမိဳ႕ရွိ ေခ်ာင္ဒရီခ်ားရာဆင္းန္ အျပည္ျပည္ဆိုင္ရာ ေလဆိ္ပ္သို႔ ေရာက္ရွိၾကရာ အိႏိၵယတပ္မေတာ္မွ Lt.Col Sanjay Rai ၊ျမန္မာႏိုင္ငံဆိုင္ရာ အိႏိၵယ သမၼတႏိုင္ငံစစ္သံမွဴး Colonel Ketan Mohite ၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗိုလ္မွဴးခ်ဳပ္ သိန္းေဇာ္ ႏွင့္ တာ၀န္ရွိသူမ်ားက ေလဆိပ္တြင္ ပို႔ေဆာင္ႏႈတ္ဆက္ၾကသည္။ 
ထို႔ေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ကိုယ္စားလွယ္အဖြဲ႕သည္ ထိုင္းႏိုင္ငံ ဗန္ေကာက္ၿမိဳ႕ သု၀ဏၰဘူမိ အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွ တဆင့္ ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕သို႔ ဆက္လက္ထြက္ခြာၾကသည္။ 
၎ေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဦးေဆာင္ သည့္ ျမန္မာတပ္မေတာ္ ကိုယ္စားလွယ္အဖြဲ႕သည္ ယေန ့နံနက္ပိုင္းတြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ ေရာက္ရွိၾကရာ မဂၤလာဒုံတပ္နယ္မွဴး ဗိုလ္မွဴးခ်ဳပ္ ၫႊန္႕၀င္းေဆြ ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား ၊ ျမန္မာႏိုင္ငံဆိုင္ရာ အိႏိၵယ သမၼတႏိုင္ငံ ေရတပ္စစ္သံမွဴး Captain Prashanth Mohanan ႏွင့္ တာ၀န္ရွိသူမ်ားက ေလဆိပ္တြင္ ႀကိဳဆိုႏႈတ္ဆက္ၾကသည္။ 
ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းႏွင့္ အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား ျပန္လည္လိုက္ပါခဲ့ၾကေၾကာင္း သတင္း ရရွိသည္။ 

 

(Unicode Version)

 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယ သမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ 

ရန်ကုန် ဖေဖော်ဝါရီ ၈ 

အိန္ဒိယသမ္မတနိုင်ငံ၌ ကျင်းပပြုလုပ်သော (၁၁)ကြိမ်မြောက် ကာကွယ်ရေးပစ္စည်းများပြပွဲ အခမ်းအနား (DefExpo India -2020) သို့ တက်ရောက်ခဲ့သည့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ သည် ဖေဖော်ဝါရီ ၇ ရက် ညပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံ လက်ခ်နောင်းမြို့ရှိ ချောင်ဒရီချားရာဆင်းန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြရာ အိန္ဒိယတပ်မတော်မှ Lt.Col Sanjay Rai ၊မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သမ္မတနိုင်ငံစစ်သံမှူး Colonel Ketan Mohite ၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် သိန်းဇော် နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။ 
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တဆင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာကြသည်။ 
၎င်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဦးဆောင် သည့် မြန်မာတပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြရာ မင်္ဂလာဒုံတပ်နယ်မှူး ဗိုလ်မှူးချုပ် ညွှန့်ဝင်းဆွေ နှင့် တပ်မတော်အရာရှိကြီးများ ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သမ္မတနိုင်ငံ ရေတပ်စစ်သံမှူး Captain Prashanth Mohanan နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။ 
ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ ပြန်လည်လိုက်ပါခဲ့ကြကြောင်း သတင်း ရရှိသည်။ 

Recent News