ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိးဝင္း ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံဆုိင္ရာ ဆြစ္ဇာလန္ႏိုင္ငံသံအမတ္ႀကီးအား လက္ခံ ေတြ႕ဆုံ

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိးဝင္း ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံဆုိင္ရာ ဆြစ္ဇာလန္ႏိုင္ငံသံအမတ္ႀကီးအား လက္ခံ ေတြ႕ဆုံ

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ - ၁၁

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီး စုိးဝင္းသည္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံဆိုင္ရာ ဆြစ္ဇာလန္ႏိုင္ငံ သံအမတ္ႀကီးH.E.Mr. Tim Enderlin ဦးေဆာင္ေသာ ကုိယ္စားလွယ္အဖြဲ႕အား ယေန႔ မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ၌ လက္ခံေတြ႕ဆုံသည္။

ေတြ႕ဆုံပြဲသုိ႕ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံဆိုင္ရာ ဆြစ္ဇာလန္ႏိုင္ငံသံအမတ္ႀကီးႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ဆြစ္ဇာလန္ႏုိင္ငံ၌ အျပည္ျပည္ဆုိင္ရာလူသားခ်င္းစာနာ ေထာက္ထားမႈဥပေဒ (IHL) ႏွင့္ ေခါင္းေဆာင္မႈဆုိင္ရာသင္တန္းကုိ ျမန္မာ့တပ္မေတာ္မွ အရာရွိမ်ားတက္ေရာက္ႏုိင္ခဲ့မႈႏွင့္ ထပ္မံတက္ေရာက္ႏုိင္ေရး သင္တန္းဖြင့္လွစ္ေပးႏုိင္မည့္ အေျခအေနမ်ား၊ ဆြစ္ဇာလန္ႏုိင္ငံမွ ပညာရွင္မ်ားႏွင့္နည္းျပမ်ားက ျမန္မာႏုိင္ငံသုိ႕ လာေရာက္ သင္တန္းပုိ႕ခ်ေပးႏုိင္မည့္အေျခအေနမ်ား၊ ျမန္မာႏုိင္ငံ၏ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ဆုိင္ရာ ဆက္လက္ေဆာင္ရြက္ဆဲကိစၥရပ္မ်ား၊ လြတ္လပ္ေသာစုံစမ္းစစ္ေဆးေရးေကာ္ မရွင္ (ICOE)၏ အစီရင္ခံစာႏွင့္ပတ္သက္သည့္ ဆက္လက္ေဆာင္ရြက္လ်က္ရွိသည့္ကိစၥရပ္မ်ားကုိ အျပန္အလွန္ေဆြးေႏြးခဲ့ၾကၿပီး ေတြ႕ဆုံပြဲအၿပီးတြင္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံဆိုင္ရာ ဆြစ္ဇာလန္ႏိုင္ငံ သံအမတ္ႀကီးတို႔သည္ အဖြဲ႕ဝင္မ်ားႏွင့္အတူ အမွတ္တရစုေပါင္းဓာတ္ပုံ႐ိုက္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီးအား လက်ခံ တွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၁

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီးH.E.Mr. Tim Enderlin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဆွစ်ဇာလန်နိုင်ငံ၌ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာ ထောက်ထားမှုဥပဒေ (IHL) နှင့် ခေါင်းဆောင်မှုဆိုင်ရာသင်တန်းကို မြန်မာ့တပ်မတော်မှ အရာရှိများတက်ရောက်နိုင်ခဲ့မှုနှင့် ထပ်မံတက်ရောက်နိုင်ရေး သင်တန်းဖွင့်လှစ်ပေးနိုင်မည့် အခြေအနေများ၊ ဆွစ်ဇာလန်နိုင်ငံမှ ပညာရှင်များနှင့်နည်းပြများက မြန်မာနိုင်ငံသို့ လာရောက် သင်တန်းပို့ချပေးနိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ဆက်လက်ဆောင်ရွက်ဆဲကိစ္စရပ်များ၊ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော် မရှင် (ICOE)၏ အစီရင်ခံစာနှင့်ပတ်သက်သည့် ဆက်လက်ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီးတို့သည် အဖွဲ့ဝင်များနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News