(၂၇)ႀကိမ္ေျမာက္ ျမန္မာ့တပ္မေတာ္ ေဆးပညာ ရပ္ဆိုင္ရာ ႏွီးေႏွာ ဖလွယ္ပြဲ က်င္းပမည္

(၂၇)ႀကိမ္ေျမာက္ ျမန္မာ့တပ္မေတာ္ ေဆးပညာ ရပ္ဆိုင္ရာ ႏွီးေႏွာ ဖလွယ္ပြဲ က်င္းပမည္

ေနျပည္ေတာ္  ေဖေဖာ္ဝါရီ   ၁၁

(၂၇) ႀကိမ္ေျမာက္ ျမန္မာ့တပ္မေတာ္ေဆးပညာရပ္ဆိုင္ရာႏွီးေႏွာဖလွယ္ပြဲ ကို ရန္ကုန္တိုင္း ေဒသႀကီးမဂၤလာဒုံၿမိဳ႕နယ္ရွိ တပ္မေတာ္အ႐ိုးေရာဂါ အထူးကုေဆး႐ုံႀကီး ခုတင္-၅၀၀ ဆင္ျဖဴရွင္ ခန္းမ၌  ေဖေဖာ္ဝါရီ ၁၇ ရက္မွ ၁၉ ရက္အထိ က်င္းပမည္ျဖစ္သည္။

အဆိုပါေဆးပညာရပ္ဆိုင္ရာ ႏွီးေႏွာ ဖလွယ္ပြဲတြင္  သုေတသနစာတမ္းေပါင္း ၇၆  ေစာင္၊ သုေတသန လုပ္ေဆာင္ခ်က္ ပိုစတာ ၁၀၅ ခု၊ Symposium of the  Conference တစၡဳ၊ Major Symposium တစၡဳ၊ ြ Symposium ၁၅ ခု၊  Clinicopathological Conference တစၡဳ၊  Clinical Session တစၡဳ၊ Talk  ၁၂ ခု၊ Building Share Vision in  Medicine တစၡဳ၊ Debate  တစ္ခုတို႔ကို ျပည္တြင္း/ ျပည္ပမွ သုေတသီမ်ား၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ သုေတသီမ်ားႏွင့္ ေဆးဝန္ထမ္းတပ္ဖြဲ႕မွ ပါရဂူ/ေဆးမႉးမ်ား၊ သူနာျပဳမ်ားက ဖတ္ၾကားတင္သြင္းေဆြးေႏြးၾကမည္ ျဖစ္သည္။

ႏွီးေႏွာဖလွယ္ပြဲသို႔   ေဆးဝန္ထမ္းတပ္ဖြဲ႕မွ ပါရဂူမ်ား၊ ေဆးမႉးမ်ား၊ သူနာျပဳအရာရွိမ်ား၊ သူနာျပဳ မ်ားႏွင့္  က်န္းမာ ေရးႏွင့္ အားကစား ဝန္ႀကီး ဌာနမွ စိတ္ပါဝင္စားသူမ်ားတက္ေရာက္ႏိုင္ၿပီး တက္ေရာက္လိုပါက တပ္မေတာ္ ေဆးတကၠသိုလ္ စာေပဌာန ဖုန္း-၀၃၁-၃၅၀၆၂၊ အမွတ္(၁) တပ္မေတာ္ ေဆး႐ုံႀကီး(ခုတင္-၁၀၀၀) ဖုန္း- ၀၃၁-၃၅၂၄၇၊ အမွတ္(၂)တပ္မေတာ္ေဆး႐ုံႀကီး (ခုတင္-၁၀၀၀)ဖုန္း-၀၃၆-၅၁၁၁၀၊ အမွတ္(၂) တပ္မေတာ္ေဆး႐ုံ (ခုတင္-၅၀၀) ဖုန္း-၀၃၁- ၃၁၀၂၆၊ တပ္မေတာ္ အ႐ိုးေရာဂါ အထူးကု ေဆး႐ုံႀကီး (ခုတင္-၅၀၀) ဖုန္း-၀၃၁-၃၅၂၇၀ တို႔သို႔ ဆက္သြယ္၍ ေဖေဖာ္ဝါရီ ၁၃ ရက္မွ ၁၅ ရက္ေန႔အထိ  မွတ္ပုံတင္စာရင္းေပးသြင္းႏိုင္ပါသည္။

ထို႔ျပင္ ေဆးဝန္ထမ္းတပ္ဖြဲ႕မွအၿငိမ္းစား ယူသြားၾကေသာအရာရွိႀကီးမ်ား၊ အရာရွိ၊ ပါရဂူ၊ ေဆးမႉး သူနာျပဳမ်ားလည္း တက္ေရာက္ႏိုင္ကာ တက္ေရာက္လိုပါက တပ္မေတာ္ေဆး သုေတသနႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရး ေကာ္မတီ႐ုံးဖုန္း-၀၃၁- ၃၁၀၀၇ သို႔ ေဖေဖာ္ဝါရီ ၁၄ ရက္ ေနာက္ဆုံး ထား၍ ဆက္သြယ္စာရင္း ေပးသြင္းႏိုင္ေၾကာင္းသိရသည္။

(Unicode Version)

(၂၇)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာ ရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ ကျင်းပမည်

နေပြည်တော်  ဖေဖော်ဝါရီ   ၁၁

(၂၇) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ ကို ရန်ကုန်တိုင်း ဒေသကြီးမင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး ခုတင်-၅၀၀ ဆင်ဖြူရှင် ခန်းမ၌  ဖေဖော်ဝါရီ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပမည်ဖြစ်သည်။

အဆိုပါဆေးပညာရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲတွင်  သုတေသနစာတမ်းပေါင်း ၇၆  စောင်၊ သုတေသန လုပ်ဆောင်ချက် ပိုစတာ ၁၀၅ ခု၊ Symposium of the  Conference တစ္ခု၊ Major Symposium တစ္ခု၊ ွ Symposium ၁၅ ခု၊  Clinicopathological Conference တစ္ခု၊  Clinical Session တစ္ခု၊ Talk  ၁၂ ခု၊ Building Share Vision in  Medicine တစ္ခု၊ Debate  တစ်ခုတို့ကို ပြည်တွင်း/ ပြည်ပမှ သုတေသီများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သုတေသီများနှင့် ဆေးဝန်ထမ်းတပ်ဖွဲ့မှ ပါရဂူ/ဆေးမှူးများ၊ သူနာပြုများက ဖတ်ကြားတင်သွင်းဆွေးနွေးကြမည် ဖြစ်သည်။

နှီးနှောဖလှယ်ပွဲသို့   ဆေးဝန်ထမ်းတပ်ဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုအရာရှိများ၊ သူနာပြု များနှင့်  ကျန်းမာ ရေးနှင့် အားကစား ဝန်ကြီး ဌာနမှ စိတ်ပါဝင်စားသူများတက်ရောက်နိုင်ပြီး တက်ရောက်လိုပါက တပ်မတော် ဆေးတက္ကသိုလ် စာပေဌာန ဖုန်း-၀၃၁-၃၅၀၆၂၊ အမှတ်(၁) တပ်မတော် ဆေးရုံကြီး(ခုတင်-၁၀၀၀) ဖုန်း- ၀၃၁-၃၅၂၄၇၊ အမှတ်(၂)တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)ဖုန်း-၀၃၆-၅၁၁၁၀၊ အမှတ်(၂) တပ်မတော်ဆေးရုံ (ခုတင်-၅၀၀) ဖုန်း-၀၃၁- ၃၁၀၂၆၊ တပ်မတော် အရိုးရောဂါ အထူးကု ဆေးရုံကြီး (ခုတင်-၅၀၀) ဖုန်း-၀၃၁-၃၅၂၇၀ တို့သို့ ဆက်သွယ်၍ ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၅ ရက်နေ့အထိ  မှတ်ပုံတင်စာရင်းပေးသွင်းနိုင်ပါသည်။

ထို့ပြင် ဆေးဝန်ထမ်းတပ်ဖွဲ့မှအငြိမ်းစား ယူသွားကြသောအရာရှိကြီးများ၊ အရာရှိ၊ ပါရဂူ၊ ဆေးမှူး သူနာပြုများလည်း တက်ရောက်နိုင်ကာ တက်ရောက်လိုပါက တပ်မတော်ဆေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီရုံးဖုန်း-၀၃၁- ၃၁၀၀၇ သို့ ဖေဖော်ဝါရီ ၁၄ ရက် နောက်ဆုံး ထား၍ ဆက်သွယ်စာရင်း ပေးသွင်းနိုင်ကြောင်းသိရသည်။     

   

Recent News