ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံဆုိင္ရာ အေမရိကန္ႏိုင္ငံ သံအမတ္ႀကီးအား လက္ခံ ေတြ႕ဆုံ 

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံဆုိင္ရာ အေမရိကန္ႏိုင္ငံ သံအမတ္ႀကီးအား လက္ခံ ေတြ႕ဆုံ 
ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ - ၁၃ 
ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းသည္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္ႏိုင္ငံ သံအမတ္ႀကီး H.E.Mr. Scot Marciel ဦးေဆာင္ ေသာ ကုိယ္စားလွယ္အဖြဲ႕အား ယေန႔ နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ၌ လက္ခံေတြ႕ ဆုံသည္။ 
ေတြ႕ဆုံပြဲသုိ႕ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ႏွင့္အတူ စစ္ဥပေဒခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး (ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံ ဆိုင္ရာ အေမရိကန္ႏိုင္ငံ သံအမတ္ႀကီးႏွင့္ စစ္သံမွဴး Colonel Edward Evans ႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။ 
ထိုသို႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ႏွစ္ရပ္အၾကား ပံုမွန္ဆက္ဆံေရးဆုိင္ရာလုိအပ္သည့္ ကိစၥရပ္မ်ား၊ လြတ္လပ္ေသာစံုစမ္းစစ္ေဆးေရးေကာ္မရွင္ (ICOE) အစီရင္ခံစာႏွင့္ ပတ္သက္၍ တပ္ပိုင္းဆုိင္ရာ ဆက္လက္ ေဆာင္ ရြက္ေနမႈအေျခအေန၊ အျပည္ျပည္ဆိုင္ရာတရား႐ံုး (ICJ) ၏ ၾကားျဖတ္စီမံေဆာင္ရြက္ ခ်က္ (Provisional Measures) ႏွင့္ပတ္သက္၍ ဥပေဒႏွင့္အညီ ေဆာင္ရြက္သြားမည့္အေျခအေနမ်ားႏွင့္ ထာ၀ရၿငိမ္း ခ်မ္းေရးဆုိင္ရာ ကိစၥရပ္မ်ားအား အျပန္အလွန္ေဆြးေႏြးၾကသည္။ 
ေတြ႕ဆုံပြဲအၿပီးတြင္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း)ႏွင့္ ျပည္ေထာင္ စုသမၼတျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္ႏိုင္ငံ သံအမတ္ႀကီးတို႔သည္ အဖြဲ႕၀င္မ်ားႏွင့္အတူ အမွတ္တရ စုေပါင္းဓာတ္ပုံ႐ိုက္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။ 
 

(Unicode Version)

 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီးအား လက်ခံ တွေ့ဆုံ 
နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၃ 
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Scot Marciel ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ လက်ခံတွေ့ ဆုံသည်။ 
တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့်အတူ စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီးနှင့် စစ်သံမှူး Colonel Edward Evans နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 
ထိုသို့တွေ့ဆုံရာတွင် တပ်မတော်နှစ်ရပ်အကြား ပုံမှန်ဆက်ဆံရေးဆိုင်ရာလိုအပ်သည့် ကိစ္စရပ်များ၊ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) အစီရင်ခံစာနှင့် ပတ်သက်၍ တပ်ပိုင်းဆိုင်ရာ ဆက်လက် ဆောင် ရွက်နေမှုအခြေအနေ၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ကြားဖြတ်စီမံဆောင်ရွက် ချက် (Provisional Measures) နှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ထာဝရငြိမ်း ချမ်းရေးဆိုင်ရာ ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးကြသည်။ 
တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီးတို့သည် အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။  

Recent News