




(Unicode Version)
စေတုတ္တရာမြို့နယ်ရှိ ကျေးရွာများ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဖေဖော်ဝါရီ  ၁၃

မကွေးတိုင်းဒေသကြီး၊စေတုတ္တရာမြို့နယ်၊စွယ်အင်းကျေးရွာနှင့်ကန်ဒိုင်ကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူ များနှင့် ဒေသခံ ပြည်သူများအား ဖေဖော်ဝါရီ ၁၂ ရက် နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာများရှိ အခြေခံပညာအလယ်တန်းကျောင်း များ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူ ၅၁ ဦးနှင့်  ဒေသခံပြည်သူ  ၃၈ ဦးတို့ကို သွေးတိုးရောဂါ၊  ဆီးချိုရောဂါ၊  အရိုး/အကြောရောဂါ၊  အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊   သားဖွား/ မီးယပ်ရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ အရေပြားရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။

 

Recent News