သန္လ်င္ၿမိဳ႕နယ္၊ မဂၤလြန္းေက်း႐ြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္

 

သန္လ်င္ၿမိဳ႕နယ္၊ မဂၤလြန္းေက်း႐ြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္

ေနျပည္ေတာ္  ေဖေဖာ္ဝါရီ  ၁၃

ရန္ကုန္တိုင္းေဒသႀကီး၊ သန္လ်င္ၿမိဳ႕နယ္၊ မဂၤလြန္းေက်း႐ြာႏွင့္ ပတ္ဝန္းက်င္ေက်း႐ြာမ်ားမွ သံဃာေတာ္မ်ား၊ ဆရာ၊ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ ေဆးကုသေရးအဖြဲ႕က အဆိုပါေက်း႐ြာရွိ ဘာဝနာရာမ ေ႐ႊက်င္ေက်ာင္းတိုက္၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္ေပးသည္။

ထိုသို႔ေဆာင္႐ြက္ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က သံဃာေတာ္ေလးပါး၊ ဆရာ၊ ဆရာမငါးဦး၊ ေက်ာင္းသား၊ ေက်ာင္းသူ ၄၀ ဦးႏွင့္ ေဒသခံ ျပည္သူ ၃၄၈ ဦးတို႔ကို  သြားႏွင့္ခံတြင္းေရာဂါ၊ မ်က္စိေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ ခြဲစိတ္ကုသမႈဆိုင္ရာ ေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ ကေလးေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍   လိုအပ္သည့္ က်န္းမာေရးစစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္႐ြက္ေပးၿပီး ကို႐ိုနာဗိုင္းရပ္ ေရာဂါႏွင့္ သြားက်န္းမာေရး သိေကာင္းစရာအေၾကာင္း က်န္းမာေရး အသိပညာေပး ေဟာေျပာေဆြးေႏြးျခင္းမ်ား ေဆာင္႐ြက္ေပးသည္။

ယင္းသို႔ ေဆာင္႐ြက္ေပးေနမႈမ်ားကို သန္လ်င္တပ္နယ္မွ တာဝန္ရွိသူမ်ားက သြားေရာက္ၾကည့္ရႈ အားေပးၿပီး ဘာဝနာရာမ ေ႐ႊက်င္ေက်ာင္းတိုက္ ဆရာေတာ္ ဘဒၵႏၲအဂၢသာရအား ဖူးေျမာ္၍ လႉဖြယ္ပစၥည္းမ်ား ဆက္ကပ္ လႉဒါန္း ခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

သန်လျင်မြို့နယ်၊ မင်္ဂလွန်းကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဖေဖော်ဝါရီ  ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ မင်္ဂလွန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ဘာဝနာရာမ ရွှေကျင်ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က သံဃာတော်လေးပါး၊ ဆရာ၊ ဆရာမငါးဦး၊ ကျောင်းသား၊ ကျောင်းသူ ၄၀ ဦးနှင့် ဒေသခံ ပြည်သူ ၃၄၈ ဦးတို့ကို  သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ အရိုး/အကြောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ ကလေးရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍   လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ကိုရိုနာဗိုင်းရပ် ရောဂါနှင့် သွားကျန်းမာရေး သိကောင်းစရာအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သန်လျင်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ဘာဝနာရာမ ရွှေကျင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအဂ္ဂသာရအား ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်း ခဲ့ကြောင်း သတင်း ရရှိသည်။ 

Recent News