မိုင္းခတ္ၿမိဳ႕နယ္၊ အင္ဝမ္မတ္ေက်း႐ြာ၌ မီးေလာင္မႈျဖစ္ပြား

မိုင္းခတ္ၿမိဳ႕နယ္၊ အင္ဝမ္မတ္ေက်း႐ြာ၌ မီးေလာင္မႈျဖစ္ပြား

ေနျပည္ေတာ္  ေဖေဖာ္ဝါရီ  ၁၃

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းခတ္ၿမိဳ႕နယ္၊ ဝမ္အြန္ေက်း႐ြာအုပ္စု၊ အင္ဝမ္မတ္ေက်း႐ြာရွိ ဦးအိုက္ရန္၏ ေနအိမ္၌ ေဖေဖာ္ ဝါရီ ၁၂ ရက္ မြန္းလြဲ ၁ နာရီ ၁၅ မိနစ္ခန႔္တြင္ ေနအိမ္ရွိ မီးႂကြင္း၊ မီးက်န္မွတစ္ဆင့္ မီးစတင္ ေလာင္ကြၽမ္းမႈ ျဖစ္ပြားခဲ့သည္။

မီးေလာင္မႈျဖစ္ပြားရာသို႔ နယ္ေျမခံတပ္မ ေတာ္သားမ်ား၊ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ဝင္မ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ ေဒသခံျပည္သူမ်ား၏ ဝိုင္းဝန္းျငႇိမ္းသတ္မႈေၾကာင့္ မြန္းလြဲ၂ နာရီ ၁၅ မိနစ္ခန႔္တြင္ မီးၿငိမ္းသြားခဲ့ၿပီး မီးေလာင္မႈေၾကာင့္ ေက်း႐ြာရွိ ေနအိမ္ ၆၀ လုံး မီးေလာင္ပ်က္စီး ဆုံးရႈံးခဲ့ကာ လူဦးေရ ၃၆၃ ဦး အိုးမဲ့အိမ္မဲ့ ျဖစ္ပြားခဲ့သည္။

အဆိုပါ မီးေလာင္ရာေနရာသို႔ ႀတိဂံေဒသတိုင္း စစ္ဌာနခ်ဳပ္၊ နယ္ေျမခံတပ္မွ တာဝန္ရွိသူမ်ားက သြားေရာက္၍ လိုအပ္သည့္ ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ားႏွင့္ ယာယီေနရာခ်ထားေပးျခင္းမ်ား ေဆာင္႐ြက္ေပးၿပီး မီးေဘးသင့္ ျပည္သူမ်ားအတြက္ ဆန္ငါးအိတ္၊ ကုလားပဲႏွစ္အိတ္၊ ၾကက္ဥ ၁၅၀၀ လုံးႏွင့္ ေခါက္ဆြဲေျခာက္ ၁၀ ဖာ၊ ဆား ၇၀ ပိႆာႏွင့္ အသားတု ၂၀ ပိႆာတို႔အား ေထာက္ပံ့ ေပးအပ္ခဲ့ေၾကာင္း  သတင္း ရရွိသည္။

(Unicode Version)

မိုင်းခတ်မြို့နယ်၊ အင်ဝမ်မတ်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွား

နေပြည်တော်  ဖေဖော်ဝါရီ  ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၊ ဝမ်အွန်ကျေးရွာအုပ်စု၊ အင်ဝမ်မတ်ကျေးရွာရှိ ဦးအိုက်ရန်၏ နေအိမ်၌ ဖေဖော် ဝါရီ ၁၂ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် နေအိမ်ရှိ မီးကြွင်း၊ မီးကျန်မှတစ်ဆင့် မီးစတင် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာသို့ နယ်မြေခံတပ်မ တော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ၏ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် မွန်းလွဲ၂ နာရီ ၁၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ကျေးရွာရှိ နေအိမ် ၆၀ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကာ လူဦးရေ ၃၆၃ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်ရာနေရာသို့ တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ယာယီနေရာချထားပေးခြင်းများ ဆောင်ရွက်ပေးပြီး မီးဘေးသင့် ပြည်သူများအတွက် ဆန်ငါးအိတ်၊ ကုလားပဲနှစ်အိတ်၊ ကြက်ဥ ၁၅၀၀ လုံးနှင့် ခေါက်ဆွဲခြောက် ၁၀ ဖာ၊ ဆား ၇၀ ပိဿာနှင့် အသားတု ၂၀ ပိဿာတို့အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း  သတင်း ရရှိသည်။

 

Recent News