မင္းဘူးၿမိဳ႕နယ္၊ အိုးျပင္မဲေက်း႐ြာႏွင့္ မဟာေအာင္ေျမၿမိဳ႕နယ္၊ စိန္ပန္းရပ္ကြက္တို႔၌ မီးေလာင္မႈ ျဖစ္ပြား

မင္းဘူးၿမိဳ႕နယ္၊ အိုးျပင္မဲေက်း႐ြာႏွင့္ မဟာေအာင္ေျမၿမိဳ႕နယ္၊ စိန္ပန္းရပ္ကြက္တို႔၌ မီးေလာင္မႈ ျဖစ္ပြား

ေနျပည္ေတာ္  ေဖေဖာ္ဝါရီ  ၁၃

မေကြးတိုင္းေဒသႀကီး၊ မင္းဘူးၿမိဳ႕နယ္၊ အိုင္းမေက်း႐ြာအုပ္စု၊ အိုးျပင္မဲေက်း႐ြာ၏ အေနာက္ေတာင္ဘက္ရွိ ေတာအတြင္း မီးေလာင္ရာမွ တစ္ဆင့္ ေဖေဖာ္ဝါရီ ၁၂ ရက္ ညေန ၅ နာရီခန႔္တြင္ ဦးတင္ေ႐ႊ(ဘ) ဦးတုပ္ေပါ၏ၿခံဝင္းအတြင္း ႏြားတင္းကုပ္ အမိုးေပၚသို႔  မီးျပားက္ၿပီး   မီးစတင္ ေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့သည္။

မီးေလာင္မႈျဖစ္ပြားရာသို႔ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ဝင္မ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ ေဒသခံျပည္သူမ်ား၏ ဝိုင္းဝန္းျငႇိမ္းသတ္မႈေၾကာင့္ ည ၆ နာရီခန႔္တြင္ မီးၿငိမ္းသြားခဲ့ၿပီး မီးေလာင္မႈေၾကာင့္ ေက်း႐ြာရွိ ေနအိမ္ရ၀ လုံး မီးေလာင္ ကြၽမ္းခဲ့ကာ အိမ္ေထာင္စု ၇၁ စု၊ လူဦးေရ ၂၆၉ ဦးတို႔ အိုးမဲ့အိမ္မဲ့ ျဖစ္ပြားခဲ့သည္။

အဆိုပါ မီးေဘးသင့္ျပည္သူမ်ားအား ေက်း႐ြာရွိ ႐ြာဦးဘုန္းေတာ္ႀကီးေက်ာင္းႏွင့္ စြယ္ေတာ္လွဘုရား ဓမၼာ႐ုံတို႔တြင္ ယာယီေနရာခ်ထားေပးၿပီး အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္မွ တာဝန္ရွိသူမ်ားက သြားေရာက္ ၾကည့္ရႈအားေပးကာ မီးေဘးသင့္ျပည္သူမ်ား အတြက္ စားေသာက္ဖြယ္ရာမ်ားႏွင့္ ေရသန႔္ဘူးမ်ား လႉဒါန္းသည္။

အလားတူ မႏၲေလးတိုင္းေဒသႀကီး၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ စိန္ပန္းရပ္ကြက္၊ အကြက္(၃၂၃)၊ ၃၅ လမ္းႏွင့္ ကမ္းနားလမ္းေထာင့္ စည္ပင္သန႔္ရွင္းေရး ဝန္ထမ္းအလုပ္သမား တန္းလ်ား(၁၃)ခန္းတြဲ၌ ယေန႔နံနက္ ၇ နာရီ ၂၅ မိနစ္ခန႔္တြင္ တန္းလ်ားေန ဦးခ်စ္မင္းလြင္(ဘ) ဦးတင့္လြင္၏ သမီး ျဖစ္သူ မမိုးမိုးခိုင္က ထမင္းအိုးတည္ရာမွတစ္ဆင့္ မီးစတင္ေလာင္ကြၽမ္းမႈ ျဖစ္ပြားခဲ့သည္။

မီးေလာင္မႈျဖစ္ပြားရာသို႔ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ေဒသခံျပည္သူမ်ားက မီးသတ္ယာဥ္ ၂၅ စီး၊ေရသယ္ယာဥ္ငါးစီး၊ အုပ္ခ်ဳပ္မႈယာဥ္ သုံးစီးတို႔ျဖင့္ ဝိုင္းဝန္းျငႇိမ္းသတ္ခဲ့ရာ နံနက္ ၇ နာရီ ၃၅ မိနစ္ခန႔္တြင္ မီးၿငိမ္းသြားခဲ့သည္။

မီးေလာင္မႈေၾကာင့္ မမိုးမိုးခိုင္သည္ မီးေလာင္ဒဏ္ရာေၾကာင့္  ေသဆုံးခဲ့ၿပီး အလုပ္သမား တန္းလ်ားလိုင္းခန္း(၁၀)ခန္း မီးေလာင္ပ်က္စီးဆုံးရႈံးခဲ့ကာ မီးေပါ့ဆစြာ သုံးစြဲသူ ဦးခ်စ္မင္းလြင္အား မဟာေအာင္ေျမ ၿမိဳ႕နယ္ရဲစခန္းမွ လုပ္ထုံးလုပ္နည္းႏွင့္ အညီ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္း ရရွိသည္။       

(Unicode Version)

မင်းဘူးမြို့နယ်၊ အိုးပြင်မဲကျေးရွာနှင့် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်တို့၌ မီးလောင်မှု ဖြစ်ပွား

နေပြည်တော်  ဖေဖော်ဝါရီ  ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ အိုင်းမကျေးရွာအုပ်စု၊ အိုးပြင်မဲကျေးရွာ၏ အနောက်တောင်ဘက်ရှိ တောအတွင်း မီးလောင်ရာမှ တစ်ဆင့် ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၅ နာရီခန့်တွင် ဦးတင်ရွှေ(ဘ) ဦးတုပ်ပေါ၏ခြံဝင်းအတွင်း နွားတင်းကုပ် အမိုးပေါ်သို့  မီးပြားက်ၿပီး   မီးစတင် လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ၏ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ည ၆ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ကျေးရွာရှိ နေအိမ်ရ၀ လုံး မီးလောင် ကျွမ်းခဲ့ကာ အိမ်ထောင်စု ၇၁ စု၊ လူဦးရေ ၂၆၉ ဦးတို့ အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့သည်။

အဆိုပါ မီးဘေးသင့်ပြည်သူများအား ကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်းနှင့် စွယ်တော်လှဘုရား ဓမ္မာရုံတို့တွင် ယာယီနေရာချထားပေးပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးကာ မီးဘေးသင့်ပြည်သူများ အတွက် စားသောက်ဖွယ်ရာများနှင့် ရေသန့်ဘူးများ လှူဒါန်းသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ အကွက်(၃၂၃)၊ ၃၅ လမ်းနှင့် ကမ်းနားလမ်းထောင့် စည်ပင်သန့်ရှင်းရေး ဝန်ထမ်းအလုပ်သမား တန်းလျား(၁၃)ခန်းတွဲ၌ ယနေ့နံနက် ၇ နာရီ ၂၅ မိနစ်ခန့်တွင် တန်းလျားနေ ဦးချစ်မင်းလွင်(ဘ) ဦးတင့်လွင်၏ သမီး ဖြစ်သူ မမိုးမိုးခိုင်က ထမင်းအိုးတည်ရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက မီးသတ်ယာဉ် ၂၅ စီး၊ရေသယ်ယာဉ်ငါးစီး၊ အုပ်ချုပ်မှုယာဉ် သုံးစီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၃၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် မမိုးမိုးခိုင်သည် မီးလောင်ဒဏ်ရာကြောင့်  သေဆုံးခဲ့ပြီး အလုပ်သမား တန်းလျားလိုင်းခန်း(၁၀)ခန်း မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကာ မီးပေါ့ဆစွာ သုံးစွဲသူ ဦးချစ်မင်းလွင်အား မဟာအောင်မြေ မြို့နယ်ရဲစခန်းမှ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။       

Recent News