အမည္မသိ လူႏွစ္ဦး၏ လက္နက္ငယ္ျဖင့္ ပစ္ခတ္မႈေၾကာင့္ ေက်ာက္မဲၿမိဳ႕နယ္၊ မန္စန္းေက်း႐ြာေန ေဒသခံျပည္သူ တစ္ဦးေသဆုံး

 

အမည္မသိ လူႏွစ္ဦး၏ လက္နက္ငယ္ျဖင့္ ပစ္ခတ္မႈေၾကာင့္ ေက်ာက္မဲၿမိဳ႕နယ္၊ မန္စန္းေက်း႐ြာေန ေဒသခံျပည္သူ တစ္ဦးေသဆုံး

ေနျပည္ေတာ္  ေဖေဖာ္ဝါရီ  ၁၃

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕နယ္၊ မိုင္းတင္းေက်း႐ြာအုပ္စု၊ မန္စန္းေက်း႐ြာေန ဦးေကာထို(ဘ)ဦးစံေလးသည္ ယေန႔နံနက္ ၉ နာရီခြဲခန႔္တြင္ ေက်း႐ြာ၏ အေနာက္ေတာင္ဘက္ မီတာ ၅၀၀ ခန႔္အကြာရွိ လယ္ကြင္း၌ ႏြားေက်ာင္းေနစဥ္ လယ္ကြင္းအနီးရွိ ဝါး႐ုံေတာ အတြင္းမွ အမည္မသိ လူႏွစ္ဦးမွ လက္နက္ငယ္ျဖင့္ ပစ္ခတ္၍ ဆိုင္ကယ္ျဖင့္ လြယ္အံ့ကားလမ္းအတိုင္း ေမာင္းႏွင္ထြက္ေျပးသြားေၾကာင္း သိရွိရသည္။

အဆိုပါ ပစ္ခတ္မႈေၾကာင့္ ဦးေကာထိုသည္ လက္နက္ငယ္ထိမွန္ ဒဏ္ရာမ်ားျဖင့္ ေနရာ၌ပင္ ေသဆုံးခဲ့ၿပီး အေလာင္းအား နမ့္ခုံးပရဟိတ နာေရးကူညီမႈအသင္းမွ ေမာ္ေတာ္ယာဥ္ျဖင့္ ေက်ာက္မဲၿမိဳ႕ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ ခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

အမည်မသိ လူနှစ်ဦး၏ လက်နက်ငယ်ဖြင့် ပစ်ခတ်မှုကြောင့် ကျောက်မဲမြို့နယ်၊ မန်စန်းကျေးရွာနေ ဒေသခံပြည်သူ တစ်ဦးသေဆုံး

နေပြည်တော်  ဖေဖော်ဝါရီ  ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာအုပ်စု၊ မန်စန်းကျေးရွာနေ ဦးကောထို(ဘ)ဦးစံလေးသည် ယနေ့နံနက် ၉ နာရီခွဲခန့်တွင် ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၅၀၀ ခန့်အကွာရှိ လယ်ကွင်း၌ နွားကျောင်းနေစဉ် လယ်ကွင်းအနီးရှိ ဝါးရုံတော အတွင်းမှ အမည်မသိ လူနှစ်ဦးမှ လက်နက်ငယ်ဖြင့် ပစ်ခတ်၍ ဆိုင်ကယ်ဖြင့် လွယ်အံ့ကားလမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားကြောင်း သိရှိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဦးကောထိုသည် လက်နက်ငယ်ထိမှန် ဒဏ်ရာများဖြင့် နေရာ၌ပင် သေဆုံးခဲ့ပြီး အလောင်းအား နမ့်ခုံးပရဟိတ နာရေးကူညီမှုအသင်းမှ မော်တော်ယာဉ်ဖြင့် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ခဲ့ကြောင်း သတင်း ရရှိသည်။

Recent News