



(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလောမြို့ရှိ ဗိုလ်ချုပ်ကြီး စမစ်ဒွန်း၏ မိသားစု ဝင်များအား ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံ 

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ သည် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့၊ အမှတ်(၃)ရပ်ကွက်၊ အရှေ့မြို့ပတ်လမ်းတွင် နေထိုင်သည့် မြန်မာ့တပ်မတော်တွင် ၄-၁-၁၉၄၈ ခုနှစ်မှ ၃၁-၁-၁၉၄၉ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သော ပထမဦးဆုံး (ယခင်အခေါ်) စစ်ဦးစီးချုပ် (ယခုအခေါ်) တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စမစ်ဒွန်း ၏ မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လက်ဆောင်ပစ္စည်းများပေးအပ်သည်။ ထို့နောက် ဗိုလ်ချုပ်ကြီး စမစ်ဒွန်း၏ အုတ်ဂူသို့သွားရောက်၍ ဂါရဝပြုခဲ့သည်။

Recent News