
 





(Unicode Version)

မင်းပြားမြို့နယ်၌ AA အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသော နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲ ခဲ့သဖြင့်ဒေသခံပြည်သူတစ်ဦး မိုင်းစထိမှန်ဒဏ်ရာများဖြင့်သေဆုံး

နေပြည်တော် ဖေဖော်ဝါရီ ၁၄

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပျော်ကျေးရွာနေ မောင်လုံးချေ(ဘ) ဦးမောင်စံဖြူသည် ဖေဖော်ဝါရီ ၁၃ ရက် နေ လယ်ပိုင်းတွင် တောထဲသို့ ထင်းခုတ်ရန်သွားရောက်စဉ် ကျေးရွာ၏အရှေ့တောင်ဘက် မီတာ ၁၅၀၀ ခန့်အကွာရှိ ဒေသအခေါ် လက်ခုပ်ချောင်းဖျားနေရာသို့ အရောက်၌်   AA  အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များထောင်ထားသည့် ဒေသန္တရ နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲခဲ့သဖြင့် ယာလက် ကောက်ဝတ်ပြတ်၊ ဝဲရင်အုံပွင့်၊ မျက်နှာဝဲဘက်ခြမ်း မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ သည်။

အဆိုပါသေဆုံးသူ၏ရုပ်အလောင်းအား ကျေးရွာမှတာဝန်ရှိသူများက ပြန်လည်သယ်ဆောင်ခဲ့ပြီး ဖားပျော် ကျေးရွာ သုဿန်၌် ဖေဖော်ဝါရီ  ၁၃ ရက် ညနေ ၄ နာရီခွဲခန့်တွင် သင်္ဂြိုဟ်ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

Recent News