ျပည္ၿမိဳ႕၊ ေခတၱရာၿမိဳ႕သစ္ရွိ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္

ျပည္ၿမိဳ႕၊ ေခတၱရာၿမိဳ႕သစ္ရွိ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္

ေနျပည္ေတာ္  ေဖေဖာ္ဝါရီ  ၁၄

ပဲခူးတိုင္းေဒသႀကီး၊ ျပည္ၿမိဳ႕၊ ေခတၱရာ ၿမိဳ႕သစ္၊ အမွတ္(၅) အေျခခံပညာ အထက္တန္းေက်ာင္းရွိ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ယေန႔နံနက္ပိုင္းတြင္ ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္ေပးသည္။

ထိုသို႔ေဆာင္႐ြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က ဆရာ၊ ဆရာမ ၁၅ ဦးႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ ၅၇၁ ဦးတို႔ကို အရပ္တိုင္းျခင္း၊ ေပါင္ခ်ိန္ျခင္း၊ ေသြးအုပ္စု ခြဲျခားေပးျခင္း စသည့္ ေက်ာင္းက်န္းမာေရး စစ္ေဆးေပးျခင္းႏွင့္ ဖ်ားနာေရာဂါ၊ ခြဲစိတ္ ကုသမႈဆိုင္ရာေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ ေသြးတိုးေရာဂါ၊ ဆီးခ်ိဳေရာဂါ၊ သြားႏွင့္ ခံတြင္းေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္း ေရာဂါ၊ မ်က္စိေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္

သည့္က်န္းမာေရး စစ္ေဆးကုသေပးၿပီး ေဆး႐ုံတက္ေရာက္ကုသရန္ လိုအပ္သူႏွစ္ဦးအား ျပည္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ုံသို႔ တက္ေရာက္ကုသႏိုင္ေရး စီစဥ္ေဆာင္႐ြက္ေပးသည္။

ထို႔ျပင္ ေဆးကုသေရး အဖြဲ႕က ခုခံအားက်ဆင္းမႈ ကူးစက္ေရာဂါအေၾကာင္း က်န္းမာေရး အသိပညာေပး ေဟာေျပာျခင္းမ်ား ေဆာင္႐ြက္ေပးသည္။ ၎အျပင္ ျပည္တပ္နယ္မွ တပ္မေတာ္သားမ်ားက ေဒသခံျပည္သူမ်ားကို တပ္မေတာ္သား မိသားစုမ်ား၏ တပ္ပိုင္ႏွင့္တစ္ပိုင္တစ္ႏိုင္ စိုက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းမ်ားမွ ထြက္ရွိသည့္ အမဲသား ၇ဝ ပိႆာ၊ ဝက္သား ၇ဝ ပိႆာ၊ ၾကက္ဥ ၅၅ဝဝ လုံး၊ ဟင္းသီးဟင္း႐ြက္မ်ားႏွင့္ တပ္မေတာ္စက္႐ုံမ်ားမွ ထုတ္လုပ္သည့္ စည္သြတ္ဘူးမ်ား၊ အဝတ္အထည္၊ အသုံးအေဆာင္ပစၥည္းမ်ားကို ျပင္ပေပါက္ေစ်း ထက္သက္သာေသာ ေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးသည္။ ယင္းသို႔ ေဆာင္႐ြက္ေနမႈမ်ားကို ျပည္တပ္နယ္မွ တာဝန္ရွိ သူမ်ားက သြားေရာက္ၾကည့္ရႈ အားေပးၿပီး လိုအပ္သည္မ်ား ညႇိႏႈိင္းေဆာင္႐ြက္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ပြည်မြို့၊ ခေတ္တရာမြို့သစ်ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဖေဖော်ဝါရီ  ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ခေတ္တရာ မြို့သစ်၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဆရာ၊ ဆရာမ ၁၅ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၅၇၁ ဦးတို့ကို အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ သွေးအုပ်စု ခွဲခြားပေးခြင်း စသည့် ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ဖျားနာရောဂါ၊ ခွဲစိတ် ကုသမှုဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ၊ မျက်စိရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်

သည့်ကျန်းမာရေး စစ်ဆေးကုသပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူနှစ်ဦးအား ပြည်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထို့ပြင် ဆေးကုသရေး အဖွဲ့က ခုခံအားကျဆင်းမှု ကူးစက်ရောဂါအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးသည်။ ၎င်းအပြင် ပြည်တပ်နယ်မှ တပ်မတော်သားများက ဒေသခံပြည်သူများကို တပ်မတော်သား မိသားစုများ၏ တပ်ပိုင်နှင့်တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့် အမဲသား ၇ဝ ပိဿာ၊ ဝက်သား ၇ဝ ပိဿာ၊ ကြက်ဥ ၅၅ဝဝ လုံး၊ ဟင်းသီးဟင်းရွက်များနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် စည်သွတ်ဘူးများ၊ အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းများကို ပြင်ပပေါက်စျေး ထက်သက်သာသော စျေးနှုန်းများဖြင့် ရောင်းချပေးသည်။ ယင်းသို့ ဆောင်ရွက်နေမှုများကို ပြည်တပ်နယ်မှ တာဝန်ရှိ သူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News