ေရျဖဴၿမိဳ႕နယ္၊ မိေက်ာင္းေလာင္း(႐ြာသစ္)ေက်း႐ြာရွိ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အား က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္

 

ေရျဖဴၿမိဳ႕နယ္၊ မိေက်ာင္းေလာင္း(႐ြာသစ္)ေက်း႐ြာရွိ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အား က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္

ေနျပည္ေတာ္  ေဖေဖာ္ဝါရီ  ၁၄

တနသၤာရီတိုင္းေဒသႀကီး၊ေရျဖဴၿမိဳ႕နယ္၊မိေက်ာင္းေလာင္း(႐ြာသစ္)ေက်း႐ြာ၊ အေျခခံပညာမူလတန္းေက်ာင္း ရွိ ဆရာ၊ ဆရာမ မ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ယေန႔နံနက္ပိုင္းတြင္ ကမ္း႐ိုးတန္းေဒသတိုင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးသည္။

ထိုသို႔ေဆာင္႐ြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား အရပ္တိုင္းျခင္း၊ ေပါင္ခ်ိန္ျခင္းမ်ား ေဆာင္႐ြက္ေပးၿပီး ဆရာ၊ ဆရာမရွစ္ဦး ႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ ၁၅၅ ဦးတို႔ကို သြားႏွင့္ခံတြင္းေရာဂါ၊ အသက္ရႉလမ္းေၾကာင္းဆိုင္ရာေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ အေရျပား ေရာဂါ၊ အေထြ ေထြေရာဂါတို႔ႏွင့္ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရးစစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္႐ြက္ေပးသည္။ ထို႔ျပင္ ေဆးကုသ ေရးအဖြဲ႕က ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ''က်န္းမာေရးႏွင့္ ညီၫြတ္ေသာ ေနထိုင္စားေသာက္မႈ''ေခါင္းစဥ္ျဖင့္ က်န္းမာေရး အသိပညာေပး ေဟာေျပာေဆြးေႏြးျခင္းမ်ား ေဆာင္႐ြက္ေပးသည္။

ယင္းသို႔ ေဆာင္႐ြက္ေနမႈမ်ားကို ကလိန္ေအာင္တပ္နယ္မွ တာဝန္ရွိသူမ်ားက သြားေရာက္ ၾကည့္ရႈအားေပးၿပီး  ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား စားေသာက္ဖြယ္ရာမ်ား ေပးအပ္ခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ရေဖြူမြို့နယ်၊ မိကျောင်းလောင်း(ရွာသစ်)ကျေးရွာရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဖေဖော်ဝါရီ  ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ရေဖြူမြို့နယ်၊မိကျောင်းလောင်း(ရွာသစ်)ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း ရှိ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများကို ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများအား အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်းများ ဆောင်ရွက်ပေးပြီး ဆရာ၊ ဆရာမရှစ်ဦး နှင့် ကျောင်းသား၊ ကျောင်းသူ ၁၅၅ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အရေပြား ရောဂါ၊ အထွေ ထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဆေးကုသ ရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများအား ''ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှု''ခေါင်းစဉ်ဖြင့် ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို ကလိန်အောင်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး  ကျောင်းသား၊ ကျောင်းသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News