စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ားအားေတြ႕ဆုံ၊ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္

စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ားအားေတြ႕ဆုံ၊ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၁၄

ရန္ကုန္တိုင္းေဒသႀကီး(စည္ပင္အတြင္း) စစ္မႈထမ္းေဟာင္းႀကီးၾကပ္ေရးအဖြဲ႕မ်ားႏွင့္လႈိင္ၿမိဳ႕နယ္ရွိ စစ္မႈထမ္း ေဟာင္း အဖြဲ႕ဝင္မ်ားအား ေတြ႕ဆုံပြဲကို ယေန႔နံနက္ပိုင္းတြင္ လႈိင္ၿမိဳ႕နယ္ရွိ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္၊ အားကစားခန္းမ၌ ျပဳလုပ္ရာ    တိုင္းမႉးဗိုလ္ခ်ဳပ္သက္ပုံႏွင့္ အဖြဲ႕ဝင္မ်ား၊ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ တိုင္းမႉးက  အဖြင့္အမွာစကား ေျပာၾကားသည္။ ထို႔ေနာက္ စစ္မႈထမ္း ေဟာင္းအဖြဲ႕ဝင္မ်ား၏ တင္ျပ ခ်က္မ်ားအေပၚ လိုအပ္သည္မ်ား ညႇိႏႈိင္းေဆာင္႐ြက္ေပးၿပီး စားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။

ထို႔ျပင္ အဆိုပါ ေတြ႕ဆုံပြဲသို႔ တက္ေရာက္လာၾကသည့္ စစ္မႈထမ္းေဟာင္းအဖြဲ႕ဝင္ မ်ားႏွင့္ မိသားစုဝင္မ်ားကို တိုင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါေနရာ၌    က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္ေပးသည္။ ထိုသို႔ေဆာင္႐ြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ားႏွင့္ မိသားစုဝင္ စုစုေပါင္း ၂၅ဝ ဦးတို႔ကို ေသြးတိုးေရာဂါ၊ ႏွလုံးေရာဂါ၊ မ်က္စိေရာဂါ၊ သြားႏွင့္ ခံတြင္းေရာဂါ၊  အ႐ိုး/အေၾကာ

ေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ ဖ်ားနာေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာ ေရးစစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္႐ြက္ေပးသည္။ ယင္းသို႔ေဆာင္႐ြက္ေနမႈမ်ားကို တိုင္းမႉးႏွင့္အဖြဲ႕ဝင္ မ်ားက သြားေရာက္ၾကည့္ရႈ အားေပးသည္။

အလားတူ တြံေတးၿမိဳ႕နယ္၊ သဝန္းေတာစံျပေက်း႐ြာရွိ သံဃာေတာ္မ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္သူ မ်ားကို ယေန႔နံနက္ပိုင္းတြင္ တိုင္းစစ္ဌာနခ်ဳပ္၊   နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆိုပါ ေက်ာင္းတိုက္၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္ေပးသည္။

ထိုသို႔ေဆာင္႐ြက္ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က သံဃာေတာ္ ၁ဝ ပါး၊ ေက်ာင္းသား၊ ေက်ာင္းသူ ၉ဝ ဦးႏွင့္    ေဒသခံျပည္သူ ၂ဝ၅ ဦးတို႔အား ေသြးတိုးေရာဂါ၊ သြားႏွင့္ ခံတြင္းေရာဂါ၊ မ်က္စိေရာဂါ၊ ကေလး ေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ ဖ်ားနာေရာဂါ၊ အေထြေထြေရာဂါ တို႔ႏွင့္ပတ္သက္၍ လိုအပ္သည့္က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္႐ြက္ေပးသည္။

ယင္းသို႔ေဆာင္႐ြက္ေနမႈမ်ားကို တိုင္းစစ္ဌာနခ်ဳပ္မွ တာဝန္ရွိသူမ်ားက သြား ေရာက္ၾကည့္ရႈ အားေပးၿပီး အဆိုပါေက်ာင္း တိုက္ဆရာေတာ္   ဘဒၵႏၲကၠဳံသလအား ဖူးေျမာ္ကာ သကၤန္း၊ ဆြမ္းဆန္ေတာ္၊ ဆီႏွင့္လႉဖြယ္ ပစၥည္းမ်ား ဆက္ကပ္လႉဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအားတွေ့ဆုံ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး(စည်ပင်အတွင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့များနှင့်လှိုင်မြို့နယ်ရှိ စစ်မှုထမ်း ဟောင်း အဖွဲ့ဝင်များအား တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် လှိုင်မြို့နယ်ရှိ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ အားကစားခန်းမ၌ ပြုလုပ်ရာ    တိုင်းမှူးဗိုလ်ချုပ်သက်ပုံနှင့် အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက  အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၏ တင်ပြ ချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့ပြင် အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များနှင့် မိသားစုဝင်များကို တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါနေရာ၌    ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင် စုစုပေါင်း ၂၅ဝ ဦးတို့ကို သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊  အရိုး/အကြော

ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ဖျားနာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာ ရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ဆောင်ရွက်နေမှုများကို တိုင်းမှူးနှင့်အဖွဲ့ဝင် များက သွားရောက်ကြည့်ရှု အားပေးသည်။

အလားတူ တွံတေးမြို့နယ်၊ သဝန်းတောစံပြကျေးရွာရှိ သံဃာတော်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူ များကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊   နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က သံဃာတော် ၁ဝ ပါး၊ ကျောင်းသား၊ ကျောင်းသူ ၉ဝ ဦးနှင့်    ဒေသခံပြည်သူ ၂ဝ၅ ဦးတို့အား သွေးတိုးရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ ကလေး ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အရိုး/အကြောရောဂါ၊ ဖျားနာရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်နေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွား ရောက်ကြည့်ရှု အားပေးပြီး အဆိုပါကျောင်း တိုက်ဆရာတော်   ဘဒ္ဒန္တက္ကုံသလအား ဖူးမြော်ကာ သင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News