





(Unicode Version)

(၂၇)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အကြိုအလုပ်ရုံ ဆွေးနွေး

နေပြည်တော်  ဖေဖော်ဝါရီ  ၁၄

(၂၇)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ တွင် တပ်မတော်ဆေးတက္ကသိုလ်၌ ကျင်းပသည်။

အဆိုပါ အကြိုအလုပ်ရုံ ဆွေးနွေးပွဲတွင် ဒုတိယပါမောက္ခချုပ်    ဒုတိယဗိုလ်မှူးကြီး သက်နိုင်အဖွင့်နှုတ် ခွန်း ဆက်စကား ပြောကြားပြီး     တက်ရောက်လာကြသော တပ်မတော်ဆေးတက္ကသိုလ်ဌာန အသီးသီးမှ  ဌာနမှူးများ၊  အရာရှိကြီးများ၊ စစ်ဘက်၊ အရပ်ဘက်ဆိုင်ရာ   ဆေးပညာရှင်များနှင့်အတူ စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကူး ကြသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ "Providing Effective Feedback In Medical Education" ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။ ထိုဆွေးနွေးပွဲတွင် ဗိုလ်မှူးကြီးဒေါ်မာလာသန်း(အငြိမ်းစား)မှ သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဒုတိယဗိုလ်မှူးကြီးဒေါ်ရင်ရင်ဇော် (အငြိမ်းစား)နှင့် ဒုတိယဗိုလ်မှူးကြီး ရဲဖြိုးအောင်တို့က ဦးဆောင်ဆွေးနွေးကြကာ  တပ်မတော်ဆေးတက္ကသိုလ်ဌာန အသီးသီးမှ ဌာနမှူးများ၊ အရာရှိကြီးများနှင့်  တက်ရောက်လာသူများက အုပ်စုလိုက် ဆွေးနွေးကြကြောင်း သိရသည်။

Recent News