




(Unicode Version)

မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေသူများကို ကြည့်ရှုအားပေး

နေပြည်တော်  ဖေဖော်ဝါရီ  ၁၄

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များကို ယနေ့မွန်းလွဲပိုင်းတွင်  အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊  ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်မှု အခြေအနေများအား ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကား ပြောကြား ပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက်  တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News