ခႏၲီးၿမိဳ႕၊ ေပါမိုင္းရပ္ကြက္ရွိ သံဃာေတာ္မ်ား၊ ရွင္သာမေဏမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္

ခႏၲီးၿမိဳ႕၊ ေပါမိုင္းရပ္ကြက္ရွိ သံဃာေတာ္မ်ား၊ ရွင္သာမေဏမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၁၄

စစ္ကိုင္းတိုင္းေဒသႀကီး၊ ခႏၲီးၿမိဳ႕၊ ေပါ မိုင္းရပ္ကြက္ရွိ ေထရဝါဒဗုဒၶသာသနာျပဳ(ဗဟို)ေက်ာင္းတိုက္ရွိ သံဃာေတာ္မ်ား၊ ရွင္သာမေဏမ်ား၊ ဘုန္းေတာ္ႀကီးသင္ပညာ ေရးေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူ မ်ားႏွင့္ ေဒသခံျပည္သူမ်ားကို ေဖေဖာ္ဝါရီ ၁၃ ရက္ နံနက္ပိုင္းတြင္ အေနာက္ေျမာက္ တိုင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါေက်ာင္းတိုက္၊ ဓမၼာ႐ုံ၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးသည္။

ထိုသို႔ေဆာင္႐ြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က သံဃာေတာ္ ခုနစ္ပါး၊ ရွင္သာ မေဏ ၂ဝ ပါး၊ ေက်ာင္းသား၊ ေက်ာင္းသူ၂၁၈ ဦးႏွင့္ ေဒသခံျပည္သူ ၁၂၄ ဦးတို႔အား ေသြးတိုးေရာဂါ၊ ဆီးလမ္းေၾကာင္းဆိုင္ရာ ေရာဂါ၊ အေရျပားေရာဂါ၊ အစာအိမ္ႏွင့္ အူလမ္းေၾကာင္းဆိုင္ရာေရာဂါ၊   အ႐ိုး/အေၾကာေရာဂါ၊ ဖ်ားနာေရာဂါ၊ အသက္ရႉ လမ္းေၾကာင္းဆိုင္ရာေရာဂါ၊ ကေလးေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္း၊ECG စက္ျဖင့္ ႏွလုံးစမ္းသပ္ေပးျခင္းမ်ား ေဆာင္႐ြက္ေပးသည္။

ထို႔ျပင္ ေဆးကုသေရးအဖြဲ႕က ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား Coronavirus Disease 2019 (COVID-19) ေရာဂါအေၾကာင္း က်န္းမာေရးအသိပညာေပး ေဟာေျပာေဆြးေႏြးျခင္းမ်ား ေဆာင္႐ြက္ေပးသည္။ ယင္းသို႔ ေဆာင္႐ြက္ေနမႈမ်ားကို ခႏၲီးတပ္နယ္မွ တာဝန္ရွိသူမ်ားက သြားေရာက္ၾကည့္ရႈ အားေပးၿပီး ဆရာ၊ ဆရာမ မ်ားအတြက္ တပ္ပိုင္ေမြးျမဴေရး လုပ္ငန္းမ်ားမွ ထြက္ရွိသည့္ ၾကက္ဥမ်ား ေပးအပ္ခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ခန္တီးမြို့၊ ပေါမိုင်းရပ်ကွက်ရှိ သံဃာတော်များ၊ ရှင်သာမဏေများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ပေါ မိုင်းရပ်ကွက်ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်ရှိ သံဃာတော်များ၊ ရှင်သာမဏေများ၊ ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူ များနှင့် ဒေသခံပြည်သူများကို ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းတွင် အနောက်မြောက် တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်းတိုက်၊ ဓမ္မာရုံ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က သံဃာတော် ခုနစ်ပါး၊ ရှင်သာ မဏေ ၂ဝ ပါး၊ ကျောင်းသား၊ ကျောင်းသူ၂၁၈ ဦးနှင့် ဒေသခံပြည်သူ ၁၂၄ ဦးတို့အား သွေးတိုးရောဂါ၊ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါ၊ အရေပြားရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါ၊   အရိုး/အကြောရောဂါ၊ ဖျားနာရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများအား Coronavirus Disease 2019 (COVID-19) ရောဂါအကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်နေမှုများကို ခန္တီးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ဆရာ၊ ဆရာမ များအတွက် တပ်ပိုင်မွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့် ကြက်ဥများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News