ျမင္းၿခံၿမိဳ႕နယ္၊ အမွတ္(၅)ရပ္ကြက္၌ မီးေလာင္မႈျဖစ္ပြား

ျမင္းၿခံၿမိဳ႕နယ္၊ အမွတ္(၅)ရပ္ကြက္၌ မီးေလာင္မႈျဖစ္ပြား

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၁၄

မႏၲေလးတိုင္းေဒသႀကီး၊ ျမင္းၿခံၿမိဳ႕နယ္၊အမွတ္(၅)ရပ္ကြက္၊ နယ္ေျမ(၆)ေန ဦးထြန္း(ဘ) ဦးေမာ္၏ေနအိမ္၌ ေဖေဖာ္ဝါရီ ၁၃ရက္   ညေန ၅ နာရီ မိနစ္ ၄ဝ ခန႔္တြင္ မီးအားျမႇင့္စက္ အပူလြန္ကဲရာမွတစ္ဆင့္ မီးေလာင္မႈ စတင္ျဖစ္ပြားခဲ့သည္။

မီးေလာင္မႈျဖစ္ပြားရာသို႔ နယ္ေျမခံတပ္မေတာ္သားမ်ား၊ ျမန္မာႏိုင္ငံမီးသတ္ တပ္ဖြဲ႕ဝင္မ်ားႏွင့္  ေဒသခံျပည္သူမ်ားက မီးသတ္ယာဥ္ ၁၄ စီး၊ ေရသယ္ယာဥ္ ေျခာက္စီး၊ အေထာက္အကူျပဳယာဥ္သုံးစီးတို႔ျဖင့္ ဝိုင္းဝန္းျငႇိမ္းသတ္ခဲ့ရာ ည ၆ နာရီ ၁ဝ မိနစ္ခန႔္တြင္ မီးၿငိမ္းသြားခဲ့သည္။

အဆိုပါ မီးေလာင္မႈမ်ားေၾကာင့္ လူႏွင့္တိရစာၦန္မ်ား    ထိခိုက္ဒဏ္ရာရရွိမႈ မရွိေၾကာင္းႏွင့္ မီးေပါ့ဆစြာ သုံးစြဲသူ ဦးထြန္း အား ျမင္းၿခံၿမိဳ႕နယ္ရဲစခန္းမွ တရားဥပေဒ ႏွင့္အညီ အေရးယူ ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မြင်းခြံမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား

နေပြည်တော် ဖေဖော်ဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊အမှတ်(၅)ရပ်ကွက်၊ နယ်မြေ(၆)နေ ဦးထွန်း(ဘ) ဦးမော်၏နေအိမ်၌ ဖေဖော်ဝါရီ ၁၃ရက်   ညနေ ၅ နာရီ မိနစ် ၄ဝ ခန့်တွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှတစ်ဆင့် မီးလောင်မှု စတင်ဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာသို့ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များနှင့်  ဒေသခံပြည်သူများက မီးသတ်ယာဉ် ၁၄ စီး၊ ရေသယ်ယာဉ် ခြောက်စီး၊ အထောက်အကူပြုယာဉ်သုံးစီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၆ နာရီ ၁ဝ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါ မီးလောင်မှုများကြောင့် လူနှင့်တိရစ္ဆာန်များ    ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် မီးပေါ့ဆစွာ သုံးစွဲသူ ဦးထွန်း အား မြင်းခြံမြို့နယ်ရဲစခန်းမှ တရားဥပဒေ နှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 

Recent News