က်ိဳင္းလပ္ၿမိဳ႕၊ ဝမ္လန္ေက်း႐ြာမွ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံတိုင္းရင္းသား ျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္

က်ိဳင္းလပ္ၿမိဳ႕၊ ဝမ္လန္ေက်း႐ြာမွ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံတိုင္းရင္းသား ျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၁၄

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာေလၿမိဳ႕နယ္၊ က်ိဳင္းလပ္ၿမိဳ႕၊ ဝမ္လန္ေက်း႐ြာမွ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံတိုင္းရင္းသား ျပည္သူမ်ားကို ေဖေဖာ္ဝါရီ ၁၃ ရက္ နံနက္ပိုင္းတြင္ ႀတိဂံေဒသတိုင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ ေဆးကုသေရးအဖြဲ႕က အဆိုပါ ေက်း႐ြာဘုန္းေတာ္ႀကီးေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးသည္။

ထိုသို႔ေဆာင္႐ြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ဆရာ၊ ဆရာမႏွစ္ဦး၊ ေက်ာင္းသား၊ ေက်ာင္းသူ ၃၉ ဦးႏွင့္ ေဒသခံတိုင္းရင္းသားျပည္သူ ၁၅၆ ဦးတို႔ကို ခြဲစိတ္ကုသမႈဆိုင္ရာေရာဂါ၊ အစာအိမ္ႏွင့္အူလမ္းေၾကာင္းဆိုင္ရာ ေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ ကေလးေရာဂါ၊ ဖ်ားနာေရာဂါ၊ နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊ မ်က္စိေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါ၊ အေထြထြ ေေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္႐ြက္ေပးျခင္း၊ ECG စက္ျဖင့္ ႏွလုံးစမ္းသပ္ေပးျခင္း၊ Ultrasound ႐ိုက္ေပးျခင္းမ်ား ေဆာင္႐ြက္ေပးသည္။

ယင္းသို႔ ေဆာင္႐ြက္ေနမႈမ်ားကို တိုင္းစစ္ဌာနခ်ဳပ္မွ တာဝန္ရွိသူမ်ားက သြားေရာက္ၾကည့္ရႈအားေပးၿပီး လိုအပ္သည္မ်ား ညႇိႏႈိင္း ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)
ကျိုင်းလပ်မြို့၊ ဝမ်လန်ကျေးရွာမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့နယ်၊ ကျိုင်းလပ်မြို့၊ ဝမ်လန်ကျေးရွာမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများကို ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဆရာ၊ ဆရာမနှစ်ဦး၊ ကျောင်းသား၊ ကျောင်းသူ ၃၉ ဦးနှင့် ဒေသခံတိုင်းရင်းသားပြည်သူ ၁၅၆ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ အရိုး/အကြောရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ ဖျားနာရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ အထွေထွ ေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်း၊ Ultrasound ရိုက်ပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News