မေကြးတုိင္းေဒသႀကီး၊ သရက္ၿမိဳ႕နယ္ အတြင္းရွိ ေဒသခံျပည္သူမ်ားအား တပ္မေတာ္နယ္လွည့္ အထူးေဆးကုသေရး အဖြဲ႔က က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

မေကြးတုိင္းေဒသႀကီး၊ သရက္ၿမိဳ႕နယ္ အတြင္းရွိ ေဒသခံျပည္သူမ်ားအား တပ္မေတာ္နယ္လွည့္ အထူးေဆးကုသေရး အဖြဲ႔က က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၁၄ 

 

မေကြးတိုင္းေဒသႀကီးအတြင္း ေရာက္ရွိ ေနေသာ တပ္မေတာ္နယ္လွည့္အထူးေဆးကုသေရး အဖြဲ႕သည္ ယေန႔နံနက္ပိုင္းတြင္ သရက္ၿမိဳ႕နယ္၊ ဝိသုဒၶါရာမေက်ာင္းတုိက္တြင္ အေျချပဳ၍လည္းေကာင္း၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕သည္ အလတ္လည္ေက်းရြာ၌ လည္းေကာင္း ပတ္ဝန္းက်င္ေက်းရြာမ်ားမွ သံဃာေတာ္မ်ားႏွင့္ ေဒသခံ ျပည္သူ စုစုေပါင္း ၁၄၆၉ ဦးကို က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

 

ထုိသို႔ ေဆာင္ရြက္ေပးရာတြင္ ေဆးကုသမႈဆုိင္ရာေရာဂါ ၄၁၆ ဦး၊ ခြဲစိတ္ေရာဂါ ၁ဝ၃ ဦး၊ ကေလးေရာဂါ ၁၃၂ ဦး၊ သားဖြား/မီးယပ္ေရာဂါ ၅၄ ဦး၊ အ႐ိုးေရာဂါ ၁၆၇ ဦး၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ ၄၅ ဦး၊ မ်က္စိေရာဂါ ၂၅၉ ဦး၊ သြားေရာဂါ ၁၂၁ ဦးႏွင့္ အေထြေထြေရာဂါ ၁၇၂ ဦးတုိ႔ကို လုိအပ္သည့္ ေဆးဝါးကုသမႈမ်ား ေဆာင္ရြက္ေပးၿပီး ၄င္းတုိ႔အနက္မွ မ်က္စိခြဲစိတ္လူနာငါးဦးႏွင့္ အေထြေထြခြဲစိတ္လူနာေလးဦးတို႔ကို ေရြ႕လ်ားခြဲစိတ္ယာဥ္ျဖင့္ ခြဲစိတ္ကုသမႈမ်ား ေဆာင္ရြက္ေပးသည္။ ထုိ႔ျပင္ ဓာတ္မွန္႐ိုက္ လူနာ ၃၂ ဦး၊ Ultrasound ႐ိုက္လူနာ ၅၁ ဦး၊ ECG စက္ျဖင့္ ႏွလံုးစမ္းသပ္လူနာ ၃၅ ဦးႏွင့္ ဓာတ္ခြဲစမ္းသပ္လူနာ ၆ဝ ဦးတို႔ကို ေရြ႕လ်ားဓာတ္မွန္႐ိုက္ယာဥ္ႏွင့္ ေရြ႕လ်ား ဓာတ္ခြဲခန္းယာဥ္တို႔ျဖင့္ ေရာဂါရွာေဖြစမ္းသပ္ စစ္ေဆးေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ ကုသရန္ လိုအပ္သူ ေလးဦးအား နီးစပ္ရာ တပ္မေတာ္ေဆး႐ံုသို႔ တက္ေရာက္ကုသႏုိင္ေရး စီစဥ္ေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။  

 

(Unicode Version)

 

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့် အထူးဆေးကုသရေး အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် ဖေဖော်ဝါရီ ၁၄ 

မကွေးတိုင်းဒေသကြီးအတွင်း ရောက်ရှိ နေသော တပ်မတော်နယ်လှည့်အထူးဆေးကုသရေး အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် သရက်မြို့နယ်၊ ဝိသုဒ္ဓါရာမကျောင်းတိုက်တွင် အခြေပြု၍လည်းကောင်း၊ နယ်လှည့်ဆေးကုသရေး အဖွဲ့သည် အလတ်လည်ကျေးရွာ၌ လည်းကောင်း ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံ ပြည်သူ စုစုပေါင်း ၁၄၆၉ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၄၁၆ ဦး၊ ခွဲစိတ်ရောဂါ ၁ဝ၃ ဦး၊ ကလေးရောဂါ ၁၃၂ ဦး၊ သားဖွား/မီးယပ်ရောဂါ ၅၄ ဦး၊ အရိုးရောဂါ ၁၆၇ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၄၅ ဦး၊ မျက်စိရောဂါ ၂၅၉ ဦး၊ သွားရောဂါ ၁၂၁ ဦးနှင့် အထွေထွေရောဂါ ၁၇၂ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ မျက်စိခွဲစိတ်လူနာငါးဦးနှင့် အထွေထွေခွဲစိတ်လူနာလေးဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက် လူနာ ၃၂ ဦး၊ Ultrasound ရိုက်လူနာ ၅၁ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၃၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၆ဝ ဦးတို့ကို ရွေ့လျားဓာတ်မှန်ရိုက်ယာဉ်နှင့် ရွေ့လျား ဓာတ်ခွဲခန်းယာဉ်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ် စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူ လေးဦးအား နီးစပ်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။  

Recent News