တပ္မေတာ္ေဆး႐ုံႀကီး(ခုတင္-၁ဝဝဝ)မွ ႏွလုံးႏွင့္ ေသြးေၾကာခြဲစိတ္ကုသမႈ ဌာနႏွင့္ Passion Care ကုမၸဏီတို႔ ပူးေပါင္း၍ ေျခေထာက္ေသြးျပန္ေၾကာထုံးျခင္းဆိုင္ရာ ေရာဂါမ်ား ကုသမႈဆိုင္ရာ Workshop က်င္းပ

 

 

တပ္မေတာ္ေဆး႐ုံႀကီး(ခုတင္-၁ဝဝဝ)မွ ႏွလုံးႏွင့္ ေသြးေၾကာခြဲစိတ္ကုသမႈ ဌာနႏွင့္ Passion Care ကုမၸဏီတို႔ ပူးေပါင္း၍ ေျခေထာက္ေသြးျပန္ေၾကာထုံးျခင္းဆိုင္ရာ ေရာဂါမ်ား ကုသမႈဆိုင္ရာ Workshop က်င္းပ

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၁၄

တပ္မေတာ္ေဆး႐ုံႀကီး (ခုတင္-၁ဝဝဝ)မွ ႏွလုံးႏွင့္ေသြးေၾကာခြဲစိတ္ ကုသမႈဌာနႏွင့္ Passion Care ကုမၸဏီတို႔ ပူးေပါင္း၍ ေျခေထာက္ေသြးျပန္ေၾကာထုံးျခင္းဆိုင္ရာ ေရာဂါမ်ားကုသမႈဆိုင္ရာ Workshop ကို ယေန႔နံနက္ပိုင္းက ရန္ကုန္တိုင္းေဒသႀကီး မဂၤလာဒုံၿမိဳ႕နယ္ရွိ တပ္မေတာ္ေဆး႐ုံႀကီး (ခုတင္-၁ဝဝဝ)တြင္ ျပဳလုပ္ခဲ့သည္။

အဆိုပါ ေဆြးေႏြးပြဲကို တပ္မေတာ္ေဆး႐ုံႀကီး(ခုတင္-၁ဝဝဝ)မွ ႏွလုံးႏွင့္ေသြးေၾကာခြဲစိတ္ကုသမႈဌာနႏွင့္ Passion Care ကုမၸဏီတုိ႔ ပူးေပါင္းက်င္းပျခင္း ျဖစ္ၿပီး ေျခေထာက္ေသြးျပန္ေၾကာထုံးျခင္းဆိုင္ရာ ေရာဂါမ်ား(Varicose Veins) ၏ ေနာက္ဆုံးေပၚ ကမာၻ႔အဆင့္မီကုသမႈ တစ္ခုျဖစ္ေသာ ေသြးေၾကာတြင္း ေလဆာျဖင့္ ကုသမႈဆိုင္ရာ နည္းပညာမ်ား (Endovenous Laser Therapy) အား သိရွိတတ္ကြၽမ္း နားလည္ေစရန္ ရည္႐ြယ္က်င္းပျခင္း ျဖစ္သည္။

ေဆြးေႏြးပြဲသို႔ တပ္မေတာ္ေဆး႐ုံႀကီး (ခုတင္-၁ဝဝဝ)မွ ဒုတိယတပ္မႉး ဗိုလ္မႉးႀကီး ေဒၚခင္ဝင္းစိန္၊ ႏွလုံးႏွင့္ ရင္ေခါင္းေရာဂါကုသမႈဌာနႀကီး၊ ဌာနမႉးပါေမာကၡ ဗိုလ္မႉးႀကီး ခင္ေအာင္ထြန္း၊ ႏွလုံးႏွင့္ေသြးေၾကာ ခြဲစိတ္ကုသမႈဌာန၊ ဌာနမႉး ဒုတိယဗိုလ္မႉးႀကီးရန္ေနာင္၊ ခြဲစိတ္ကုသမႈဌာနမႉး/ပါရဂူ မ်ား၊ ခြဲစိတ္ကုပညာ မဟာသိပၸံေက်ာင္းသားမ်ားႏွင့္ အျခားစိတ္ ပါဝင္စားသူမ်ား တက္ေရာက္ခဲ့ၾကသည္။

အႀကိဳေဆြးေႏြးပြဲ အၿပီးတြင္ သက္ဆိုင္ရာ ပါရဂူမ်ားက ဦးစီး၍ ေျခေထာက္ေသြးျပန္ ေၾကာထုံးေရာဂါသည္ စစ္သည္၊ ရဲေမ၊ မိသားစုဝင္မ်ားႏွင့္ အၿငိမ္းစားစစ္သည္ ၁၁ ဦးကို ေသြးေၾကာတြင္းေလဆာႏွင့္ ခြဲစိတ္ကုသမႈ မ်ား ေဆာင္႐ြက္ ေပးခဲ့ေၾကာင္း သိရသည္။

(Unicode Version)

တပ်မတော်ဆေးရုံကြီး(ခုတင်-၁ဝဝဝ)မှ နှလုံးနှင့် သွေးကြောခွဲစိတ်ကုသမှု ဌာနနှင့် Passion Care ကုမ္ပဏီတို့ ပူးပေါင်း၍ ခြေထောက်သွေးပြန်ကြောထုံးခြင်းဆိုင်ရာ ရောဂါများ ကုသမှုဆိုင်ရာ Workshop ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၄

တပ်မတော်ဆေးရုံကြီး (ခုတင်-၁ဝဝဝ)မှ နှလုံးနှင့်သွေးကြောခွဲစိတ် ကုသမှုဌာနနှင့် Passion Care ကုမ္ပဏီတို့ ပူးပေါင်း၍ ခြေထောက်သွေးပြန်ကြောထုံးခြင်းဆိုင်ရာ ရောဂါများကုသမှုဆိုင်ရာ Workshop ကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်-၁ဝဝဝ)တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲကို တပ်မတော်ဆေးရုံကြီး(ခုတင်-၁ဝဝဝ)မှ နှလုံးနှင့်သွေးကြောခွဲစိတ်ကုသမှုဌာနနှင့် Passion Care ကုမၸဏီတုိ႔ ပူးပေါင်းကျင်းပခြင်း ဖြစ်ပြီး ခြေထောက်သွေးပြန်ကြောထုံးခြင်းဆိုင်ရာ ရောဂါများ(Varicose Veins) ၏ နောက်ဆုံးပေါ် ကမ္ဘာ့အဆင့်မီကုသမှု တစ်ခုဖြစ်သော သွေးကြောတွင်း လေဆာဖြင့် ကုသမှုဆိုင်ရာ နည်းပညာများ (Endovenous Laser Therapy) အား သိရှိတတ်ကျွမ်း နားလည်စေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။

ဆွေးနွေးပွဲသို့ တပ်မတော်ဆေးရုံကြီး (ခုတင်-၁ဝဝဝ)မှ ဒုတိယတပ်မှူး ဗိုလ်မှူးကြီး ဒေါ်ခင်ဝင်းစိန်၊ နှလုံးနှင့် ရင်ခေါင်းရောဂါကုသမှုဌာနကြီး၊ ဌာနမှူးပါမောက္ခ ဗိုလ်မှူးကြီး ခင်အောင်ထွန်း၊ နှလုံးနှင့်သွေးကြော ခွဲစိတ်ကုသမှုဌာန၊ ဌာနမှူး ဒုတိယဗိုလ်မှူးကြီးရန်နောင်၊ ခွဲစိတ်ကုသမှုဌာနမှူး/ပါရဂူ များ၊ ခွဲစိတ်ကုပညာ မဟာသိပ္ပံကျောင်းသားများနှင့် အခြားစိတ် ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။

အကြိုဆွေးနွေးပွဲ အပြီးတွင် သက်ဆိုင်ရာ ပါရဂူများက ဦးစီး၍ ခြေထောက်သွေးပြန် ကြောထုံးရောဂါသည် စစ်သည်၊ ရဲမေ၊ မိသားစုဝင်များနှင့် အငြိမ်းစားစစ်သည် ၁၁ ဦးကို သွေးကြောတွင်းလေဆာနှင့် ခွဲစိတ်ကုသမှု များ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

Recent News