AA အၾကမ္းဖက္ေသာင္းက်န္းသူ အဖြဲ႕မ်ား ေထာင္ထားေသာ ေဒသႏၲရ နင္းမိုင္းတစ္လုံး နင္းမိ၍ ဆင္ေသျပင္(ဘဂၤါလီ) ေက်း႐ြာေနသူတစ္ဦး မိုင္းထိဒဏ္ရာမ်ားျဖင့္ေသဆုံး

AA အၾကမ္းဖက္ေသာင္းက်န္းသူ အဖြဲ႕မ်ား ေထာင္ထားေသာ ေဒသႏၲရ နင္းမိုင္းတစ္လုံး နင္းမိ၍ ဆင္ေသျပင္(ဘဂၤါလီ) ေက်း႐ြာေနသူတစ္ဦး မိုင္းထိဒဏ္ရာမ်ားျဖင့္ေသဆုံး

ေနျပည္ေတာ္  ေဖေဖာ္ဝါရီ  ၁၈

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ဆင္ေသျပင္(ဘဂၤါလီ)ေက်း႐ြာေန မာမြတ္ အီႏူ(ဘ) အဘူကာဆင့္သည္ ယေန႔နံနက္ ၇ နာရီခန႔္တြင္ ႏြားေက်ာင္းရန္ ထြက္ခြာခဲ့ရာ ေက်း႐ြာ၏ အေရွ႕ေျမာက္ဘက္ မီတာ ၈၀၀ ခန႔္အကြာသို႔ အေရာက္၌ AA အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႕မ်ား ေထာင္ထားေသာ ေဒသႏၲရ နင္းမိုင္းတစ္လုံးအား နင္းမိေပါက္ကြဲ၍ ညာေျခသလုံး ႂကြက္သား ၆ လက္မခန႔္ ပြင့္ထြက္(အ႐ိုးက်ိဳး)၊ ယာေပါင္၊ ဆီးခုံမိုင္းစေဖာက္ဝင္  ဒဏ္ရာမ်ား ရရွိခဲ့သည္။

အဆိုပါမိုင္းထိ လူနာအား ႐ြာသားမ်ားမွ ဘူးသီးေတာင္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္စဥ္ နံနက္ ၉ နာရီခြဲခန႔္တြင္ ထိပ္တူေပါက္ေက်း႐ြာႏွင့္   ဖုံညိဳလိပ္ေက်း႐ြာၾကားသို႔ အေရာက္၌ ေသဆုံးခဲ့ေၾကာင္း သိရွိရသည္။ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအေနျဖင့္ ဘဂၤါလီေက်း႐ြာမ်ားအတြင္း မိုင္းေထာင္ျခင္းမ်ား ျပဳလုပ္ျခင္း ေၾကာင့္ ထိပ္တူေပါက္ ေက်း႐ြာမွ ေက်ာင္းဆရာ အပါအဝင္ ကေလးငယ္မ်ား ဇန္နဝါရီ ၇ ရက္တြင္ ေသေက် ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့သည္။

AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ား အေနျဖင့္ မိုင္းေထာင္ရာတြင္ ေက်း႐ြာ အဝင္အထြက္ လမ္းမ်ား၌ မိုင္းေထာင္ျခင္း၊ ေဒသခံျပည္သူမ်ား၏ လယ္ယာ၊ေတာင္ယာမ်ားဝန္းက်င္၌ မိုင္းေထာင္ျခင္း၊ ဆက္သြယ္ေရး လမ္းေၾကာင္းမ်ားေပၚ၌ မိုင္းေထာင္ျခင္းမ်ား  ျပဳလုပ္လ်က္ ရွိျခင္းတို႔ေၾကာင့္ ရခိုင္ျပည္နယ္ အတြင္း ယေန႔အထိ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ေထာင္ထားသည့္  မိုင္းနင္းမိ၍ ေသဆုံးခဲ့သည့္ အရပ္သား ၁၃ ဦး၊  ဒဏ္ရာရရွိသူ ၃၅ ဦး ရွိၿပီျဖစ္ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)
AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များ ထောင်ထားသော ဒေသန္တရ နင်းမိုင်းတစ်လုံး နင်းမိ၍ ဆင်သေပြင်(ဘင်္ဂါလီ) ကျေးရွာနေသူတစ်ဦး မိုင်းထိဒဏ်ရာများဖြင့်သေဆုံး

နေပြည်တော်  ဖေဖော်ဝါရီ  ၁၈

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဆင်သေပြင်(ဘင်္ဂါလီ)ကျေးရွာနေ မာမွတ် အီနူ(ဘ) အဘူကာဆင့်သည် ယနေ့နံနက် ၇ နာရီခန့်တွင် နွားကျောင်းရန် ထွက်ခွာခဲ့ရာ ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာသို့ အရောက်၌ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များ ထောင်ထားသော ဒေသန္တရ နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲ၍ ညာခြေသလုံး ကြွက်သား ၆ လက်မခန့် ပွင့်ထွက်(အရိုးကျိုး)၊ ယာပေါင်၊ ဆီးခုံမိုင်းစဖောက်ဝင်  ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါမိုင်းထိ လူနာအား ရွာသားများမှ ဘူးသီးတောင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် နံနက် ၉ နာရီခွဲခန့်တွင် ထိပ်တူပေါက်ကျေးရွာနှင့်   ဖုံညိုလိပ်ကျေးရွာကြားသို့ အရောက်၌ သေဆုံးခဲ့ကြောင်း သိရှိရသည်။ AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဘင်္ဂါလီကျေးရွာများအတွင်း မိုင်းထောင်ခြင်းများ ပြုလုပ်ခြင်း ကြောင့် ထိပ်တူပေါက် ကျေးရွာမှ ကျောင်းဆရာ အပါအဝင် ကလေးငယ်များ ဇန်နဝါရီ ၇ ရက်တွင် သေကျေ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

AA အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် မိုင်းထောင်ရာတွင် ကျေးရွာ အဝင်အထွက် လမ်းများ၌ မိုင်းထောင်ခြင်း၊ ဒေသခံပြည်သူများ၏ လယ်ယာ၊တောင်ယာများဝန်းကျင်၌ မိုင်းထောင်ခြင်း၊ ဆက်သွယ်ရေး လမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်းများ  ပြုလုပ်လျက် ရှိခြင်းတို့ကြောင့် ရခိုင်ပြည်နယ် အတွင်း ယနေ့အထိ AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့်  မိုင်းနင်းမိ၍ သေဆုံးခဲ့သည့် အရပ်သား ၁၃ ဦး၊  ဒဏ်ရာရရှိသူ ၃၅ ဦး ရှိပြီဖြစ်ကြောင်း သတင်း ရရှိသည်။

Recent News