ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္ အိႏၵိယ ေရတပ္ဦးစီးခ်ဳပ္အားလက္ခံေတြ႕ဆုံ

ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္ အိႏၵိယ ေရတပ္ဦးစီးခ်ဳပ္အားလက္ခံေတြ႕ဆုံ

ေနျပည္ေတာ္  ေဖေဖာ္ဝါရီ  ၁၈

ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္သည္ အိႏၵိယေရတပ္ဦးစီးခ်ဳပ္ Admiral Karambir Singh, PVSM, AVSM, ADC အား ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ေလ)မွ အရာရွိႀကီးမ်ား တက္ ေရာက္ၾကၿပီး အိႏၵိယေရတပ္ဦးစီးခ်ဳပ္ ႏွင့္အတူ ျမန္မာႏိုင္ငံဆိုင္ရာ ၾကည္းတပ္၊ ေရတပ္ စစ္သံမႉးမ်ား ႏွင့္ တာဝန္ ရွိသူမ်ား တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရး ဆိုင္ရာ ကိစၥရပ္မ်ား၊ အျပန္အလွန္ပူးေပါင္း ေဆာင္႐ြက္ေရး ဆိုင္ရာ ကိစၥရပ္မ်ား၊ သင္တန္းဆိုင္ရာ ကိစၥရပ္မ်ားအား အျပန္အလွန္ ေဆြးေႏြး ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ႏွင့္ အိႏၵိယေရတပ္ ဦးစီးခ်ဳပ္တို႔သည္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ၾကၿပီး တက္ေရာက္ လာၾကသူမ်ား ႏွင့္အတူ အမွတ္တရ စုေပါင္းဓာတ္ပုံ႐ိုက္ ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် အိန္ဒိယ ရေတပ်ဦးစီးချုပ်အားလက်ခံတွေ့ဆုံ

နေပြည်တော်  ဖေဖော်ဝါရီ  ၁၈

ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်သည် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Karambir Singh, PVSM, AVSM, ADC အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(လေ) နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ)မှ အရာရှိကြီးများ တက် ရောက်ကြပြီး အိန္ဒိယရေတပ်ဦးစီးချုပ် နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ကြည်းတပ်၊ ရေတပ် စစ်သံမှူးများ နှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ ချစ်ကြည်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစၥရပ်များ၊ သင်တန်းဆိုင်ရာ ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေး ကြသည်။

တွေ့ဆုံပွဲအပြီးတွင် ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် အိန္ဒိယရေတပ် ဦးစီးချုပ်တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး တက်ရောက် လာကြသူများ နှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက် ခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News