ဟုမၼလင္းၿမိဳ႕၊ ေအာင္ေဇယ်ရပ္ကြက္၊ အမွတ္(၁) စစ္မႈထမ္းေဟာင္း အိမ္ရာရွိ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ားႏွင့္ မိသားစု ဝင္မ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္

ဟုမၼလင္းၿမိဳ႕၊ ေအာင္ေဇယ်ရပ္ကြက္၊ အမွတ္(၁) စစ္မႈထမ္းေဟာင္း အိမ္ရာရွိ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ားႏွင့္ မိသားစု ဝင္မ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္

ေနျပည္ေတာ္  ေဖေဖာ္ဝါရီ  ၁၈

စစ္ကိုင္းတိုင္းေဒသႀကီး၊ ဟုမၼလင္းၿမိဳ႕၊ ေအာင္ေဇယ်ရပ္ကြက္၊ အမွတ္(၁)စစ္မႈထမ္း ေဟာင္းအိမ္ရာရွိ စစ္မႈထမ္း ေဟာင္း အဖြဲ႕ဝင္မ်ားႏွင့္ မိသားစုဝင္မ်ားကို ယေန႔နံနက္ပိုင္းတြင္   အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရးအဖြဲ႕က   အဆိုပါရပ္ကြက္ရွိ ဓမၼာ႐ုံ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္ေပးသည္။

ထိုသို႔ ေဆာင္႐ြက္ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္ ၃၀ဦးႏွင့္  မိသားစုဝင္ ၁၂၃ဦးတို႔အား ဖ်ားနာေရာဂါ၊ ေသြးတိုးေရာဂါ၊ ဆီးလမ္းေၾကာင္းဆိုင္ရာေရာဂါ၊ အေရျပားေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊   အသက္ရႉလမ္းေၾကာင္း ဆိုင္ရာေရာဂါ၊သားဖြား/မီးယပ္ေရာဂါ၊  ကေလးေရာဂါ၊ အေထြေထြေရာဂါတို႔ ႏွင့္ပတ္သက္၍  လိုအပ္သည့္က်န္းမာေရးစစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္႐ြက္ေပး ခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဟုမ္မလင်းမြို့၊ အောင်ဇေယျရပ်ကွက်၊ အမှတ်(၁) စစ်မှုထမ်းဟောင်း အိမ်ရာရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစု ဝင်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဖေဖော်ဝါရီ  ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ အောင်ဇေယျရပ်ကွက်၊ အမှတ်(၁)စစ်မှုထမ်း ဟောင်းအိမ်ရာရှိ စစ်မှုထမ်း ဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များကို ယနေ့နံနက်ပိုင်းတွင်   အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က   အဆိုပါရပ်ကွက်ရှိ ဓမ္မာရုံ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ၃၀ဦးနှင့်  မိသားစုဝင် ၁၂၃ဦးတို့အား ဖျားနာရောဂါ၊ သွေးတိုးရောဂါ၊ ဆီးလမ်းကြောင်းဆိုင်ရာရောဂါ၊ အရေပြားရောဂါ၊ အရိုး/အကြောရောဂါ၊   အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊သားဖွား/မီးယပ်ရောဂါ၊  ကလေးရောဂါ၊ အထွေထွေရောဂါတို့ နှင့်ပတ်သက်၍  လိုအပ်သည့်ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News