ဟိုပုံးၿမိဳ႕၊ ႐ြာငံၿမိဳ႕ႏွင့္ကေလာၿမိဳ႕နယ္ တို႔၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္

ဟိုပုံးၿမိဳ႕၊ ႐ြာငံၿမိဳ႕ႏွင့္ကေလာၿမိဳ႕နယ္ တို႔၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္

ေနျပည္ေတာ္  ေဖေဖာ္ဝါရီ  ၁၈

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ဟိုပုံးၿမိဳ႕၊ ေနာင္ေတာင္း ပရဟိတ တပ္ဦး ဘုန္းေတာ္ႀကီးေက်ာင္းရွိ သံဃာေတာ္မ်ား၊ သာသနာ ႏြယ္ဝင္သီလရွင္မ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ယေန႔ေန႔လယ္ပိုင္းတြင္  အေရွ႕ပိုင္းတိုင္း စစ္ဌာန ခ်ဳပ္၊ နယ္လွည့္ေဆး ကုသေရး အဖြဲ႕က အဆိုပါ ဘုန္းေတာ္ႀကီးေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္ေပးသည္။

ထိုသို႔ ေဆာင္႐ြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က သံဃာေတာ္၂၉၂ ပါး၊ သာသနာႏြယ္ဝင္သီလရွင္ ၁၁၅ ပါးႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ ၃၉၁ ဦးတို႔ကို နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊ မ်က္စိေရာဂါ၊ ေသြးတိုး ေရာဂါ၊ ကေလးေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ အေရျပားေရာဂါ၊ သားဖြား/မီးယပ္ ေရာဂါ၊ ဝမ္းပ်က္ ဝမ္းေလွ်ာေရာဂါ၊ ဖ်ားနာေရာဂါ၊ အေထြေထြ ေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္က်န္းမာေရးစစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္႐ြက္ေပးသည္။

အလားတူ ေဖေဖာ္ဝါရီ ၁၇ ရက္ႏွင့္ ယေန႔ တို႔တြင္လည္း တိုင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ ေဆးကုသေရး အဖြဲ႕မ်ားက ႐ြာငံၿမိဳ႕၊ ၿမိဳ႕ဦး မဂၤလာေက်ာင္း၌ လည္းေကာင္း၊ ကေလာၿမိဳ႕နယ္၊ ေဘာ္ဆိုင္းေက်း႐ြာ၊ အမွတ္(၆) အေျခခံပညာ အထက္တန္းေက်ာင္း၊ ကေမာၻဇခန္းမ၌ လည္းေကာင္း သံဃာေတာ္ ၅၈ ပါး၊ ေက်ာင္းသား၊ ေက်ာင္းသူ  ၆၄၈ဦးႏွင့္ေဒသခံျပည္သူ ၁၃၉၄ ဦးတို႔အားလိုအပ္သည့္ က်န္းမာေရးစစ္ေဆးကုသေပးျခင္းမ်ား ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

ဟိုပုံးမြို့၊ ရွာငံမြို့နှင့်ကလောမြို့နယ် တို့၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဖေဖော်ဝါရီ  ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့၊ နောင်တောင်း ပရဟိတတပ်ဦး ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များ၊ သာသနာ နွယ်ဝင်သီလရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများကို ယနေ့နေ့လယ်ပိုင်းတွင်  အရှေ့ပိုင်းတိုင်း စစ်ဌာန ချုပ်၊ နယ်လှည့်ဆေး ကုသရေး အဖွဲ့က အဆိုပါ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က သံဃာတော်၂၉၂ ပါး၊ သာသနာနွယ်ဝင်သီလရှင် ၁၁၅ ပါးနှင့် ကျောင်းသား၊ ကျောင်းသူ ၃၉၁ ဦးတို့ကို နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ သွေးတိုး ရောဂါ၊ ကလေးရောဂါ၊ အရိုး/အကြောရောဂါ၊ အရေပြားရောဂါ၊ သားဖွား/မီးယပ် ရောဂါ၊ ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ဖျားနာရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

အလားတူ ဖေဖော်ဝါရီ ၁၇ ရက်နှင့် ယနေ့ တို့တွင်လည်း တိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့များက ရွာငံမြို့၊ မြို့ဦး မင်္ဂလာကျောင်း၌ လည်းကောင်း၊ ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာ၊ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း၊ ကမ္ဘောဇခန်းမ၌ လည်းကောင်း သံဃာတော် ၅၈ ပါး၊ ကျောင်းသား၊ ကျောင်းသူ  ၆၄၈ဦးနှင့်ဒေသခံပြည်သူ ၁၃၉၄ ဦးတို့အားလိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News