





(Unicode Version)

ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်း လျှောက်လွှာများ အချိန်မီ ပြန်လည် တင်သွင်းရန် အသိပေး နှိုးဆော်ခြင်း

ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း လျှောက်လွှာများအား ၂၅-၁-၂၀၂၀ ရက်နေ့မှစ၍ တိုင်းစစ်ဌာနချုပ်များတွင် အခမဲ့ ထုတ်ပေးလျက်ရှိရာ ၂၃-၂-၂၀၂၀ ရက်နေ့တွင် လျှောက်လွှာများ  ပိတ်သိမ်းမည်ဖြစ်ပါသဖြင့်  လျှောက်လွှာထုတ်ယူလိုသူများ နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင်  သွားရောက်ထုတ်ယူနိုင်ကြောင်းနှင့် လျှောက်လွှာထုတ်ယူထားသူများ အနေဖြင့်လည်း ဗိုလ်လောင်းလျှောက်လွှာများအား  မိမိတို့ လျှောက်လွှာ ထုတ်ယူရရှိသည့်  တိုင်းစစ်ဌာနချုပ် များသို့  လျှောက်လွှာပိတ်ရက် မတိုင်မီ အချိန်မီပြန်လည်တင်သွင်းကြရန် အသိပေးနှိုးဆော်အပ်ပါသည်။

အသေးစိတ်သိရှိလိုပါက  စစ်ရာထူးခန့်ချုပ်ရုံး (ဖုန်း-၀၃၆-၃၀၃၃၁၊ ၀၃၆-၃၀၃၃၈) သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင် ပါသည်။

စစ်ရာထူးခန့်ချုပ်ရုံး

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)

Recent News