ICOE အစီရင္ခံစာႏွင့္စပ္လ်ဥ္း၍ သတင္းထုတ္ျပန္ခ်က္

ICOE အစီရင္ခံစာႏွင့္စပ္လ်ဥ္း၍ သတင္းထုတ္ျပန္ခ်က္

လြတ္လပ္ေသာစုံစမ္းစစ္ေဆးေရးေကာ္မရွင္ (Independent Commission of Enquiry –ICOE) ၏ အၿပီး သတ္အစီရင္ခံစာအား ၂၀၂၀ ျပည့္ႏွစ္၊ ဇန္နဝါရီလ ၂၁ ရက္ ေန႔တြင္ ထုတ္ျပန္ခဲ့ပါသည္။ ယင္းအၿပီး သတ္အစီရင္ခံစာႏွင့္ ေနာက္ဆက္တဲြ(၃၀)တို႔ကို တပ္မေတာ္က အျပည့္အစုံလက္ခံရရွိခဲ့ပါသည္။ ယင္း အစီရင္ခံစာအေပၚ တပ္မေတာ္က အေသးစိတ္ေလ့လာသုံးသပ္မႈမ်ား ျပဳလုပ္လ်က္ရွိပါသည္။ အစီရင္ခံစာပါ ျဖစ္စဥ္မ်ားအနက္ ဂူတာျပင္ရြာျဖစ္စဥ္အား အေရးယူေဆာင္ရြက္ဆဲျဖစ္ၿပီး အင္းဒင္ေက်းရြာျဖစ္စဥ္မွာ အေရး ယူေဆာင္ရြက္ခဲ့ၿပီးျဖစ္ပါသည္။ ဂူတာျပင္ရြာျဖစ္စဥ္ႏွင့္ စပ္လ်ဥ္းသည့္ စစ္တရား႐ုံး(Court-Martial) စစ္ေဆး ေဆာင္ရြက္မႈ အေျခေနအား မၾကာမီသတင္းထုတ္ျပန္ ေပးသြားမည္ျဖစ္ပါသည္။

တပ္မေတာ္အေနျဖင့္ အစီရင္ခံစာပါ က်န္ျဖစ္စဥ္မ်ားအနက္ ေမာင္ႏုရြာႏွင့္ ခြ်တ္ျပင္ရြာျဖစ္စဥ္တို႔အား ေလ့လာသံုးသပ္ စိစစ္ခဲ့ၿပီးျဖစ္ပါသည္။ ယင္းျဖစ္စဥ္မ်ားအေပၚ စံုစမ္းစစ္ေဆးေရးခံုရံုး (Court of Inquiry)ျဖင့္ စစ္ေဆးေဆာင္ရြက္သြားမည္ျဖစ္ၿပီး စစ္ဘက္တရားစီရင္ေရး၏ လုပ္ငန္းစဥ္မ်ားအတိုင္း စစ္တရားရံုးျဖင့္ စစ္ေဆး စီရင္ျခင္းကို ဥပေဒႏွင့္အညီ ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ပါသည္။

အစီရင္ခံစာပါ က်န္ျဖစ္စဥ္မ်ားကိုလည္း ဆက္လက္၍ ေလ့လာသံုးသပ္စိစစ္လ်က္ရွိေၾကာင္း စစ္ဥပေဒခ်ဳပ္ရံုးမွ သတင္းရရွိပါသည္။
တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕

(Unicode Version)

ICOE အစီရင်ခံစာနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Commission of Enquiry –ICOE) ၏ အပြီး သတ်အစီရင်ခံစာအား ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၁ ရက် နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ယင်းအပြီး သတ်အစီရင်ခံစာနှင့် နောက်ဆက်တွဲ(၃၀)တို့ကို တပ်မတော်က အပြည့်အစုံလက်ခံရရှိခဲ့ပါသည်။ ယင်း အစီရင်ခံစာအပေါ် တပ်မတော်က အသေးစိတ်လေ့လာသုံးသပ်မှုများ ပြုလုပ်လျက်ရှိပါသည်။ အစီရင်ခံစာပါ ဖြစ်စဉ်များအနက် ဂူတာပြင်ရွာဖြစ်စဉ်အား အရေးယူဆောင်ရွက်ဆဲဖြစ်ပြီး အင်းဒင်ကျေးရွာဖြစ်စဉ်မှာ အရေး ယူဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ဂူတာပြင်ရွာဖြစ်စဉ်နှင့် စပ်လျဉ်းသည့် စစ်တရားရုံး(Court-Martial) စစ်ဆေး ဆောင်ရွက်မှု အခြေနေအား မကြာမီသတင်းထုတ်ပြန် ပေးသွားမည်ဖြစ်ပါသည်။

တပ်မတော်အနေဖြင့် အစီရင်ခံစာပါ ကျန်ဖြစ်စဉ်များအနက် မောင်နုရွာနှင့် ချွတ်ပြင်ရွာဖြစ်စဉ်တို့အား လေ့လာသုံးသပ် စိစစ်ခဲ့ပြီးဖြစ်ပါသည်။ ယင်းဖြစ်စဉ်များအပေါ် စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry)ဖြင့် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်ဘက်တရားစီရင်ရေး၏ လုပ်ငန်းစဉ်များအတိုင်း စစ်တရားရုံးဖြင့် စစ်ဆေး စီရင်ခြင်းကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အစီရင်ခံစာပါ ကျန်ဖြစ်စဉ်များကိုလည်း ဆက်လက်၍ လေ့လာသုံးသပ်စိစစ်လျက်ရှိကြောင်း စစ်ဥပဒေချုပ်ရုံးမှ သတင်းရရှိပါသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

 

Recent News