လြိဳင္ေကာ္ၿမိဳ႕နယ္၊ ေဒါတ႐ိုးေက်း႐ြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္

လြိဳင္ေကာ္ၿမိဳ႕နယ္၊ ေဒါတ႐ိုးေက်း႐ြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္

ေနျပည္ေတာ္  ေဖေဖာ္ဝါရီ  ၂၀

ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕နယ္၊ ပါေလာင္းေက်း႐ြာအုပ္စု၊ ေဒါတ႐ိုးေက်း႐ြာႏွင့္ ပတ္ဝန္းက်င္ေက်း႐ြာ မ်ားရွိ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံ တိုင္းရင္းသား ျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ ေဆးကုသေရးအဖြဲ႕က အဆိုပါေက်း႐ြာ ခန္းမ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္း မ်ား ေဆာင္႐ြက္ေပးသည္။

ထိုသို႔ေဆာင္႐ြက္ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က ေက်ာင္းသား၊ ေက်ာင္းသူ ၃၄ ဦးႏွင့္ ေဒသခံ တိုင္းရင္းသားျပည္သူ ၁၁၉ ဦးတို႔ကို နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ မ်က္စိေရာဂါ၊ ေသြးတိုးေရာဂါ၊ ကေလးေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ အေရျပားေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္႐ြက္ေပးၿပီး ေဆး႐ုံ တက္ေရာက္ကုသရန္ လိုအပ္သူ သုံးဦးကို   လြိဳင္ေကာ္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ုံသို႔ တက္ေရာက္ ကုသႏိုင္ေရး စီစဥ္ ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

လွိုင်ကော်မြို့နယ်၊ ဒေါတရိုးကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဖေဖော်ဝါရီ  ၂၀

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပါလောင်းကျေးရွာအုပ်စု၊ ဒေါတရိုးကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ များရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာ ခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ကျောင်းသား၊ ကျောင်းသူ ၃၄ ဦးနှင့် ဒေသခံ တိုင်းရင်းသားပြည်သူ ၁၁၉ ဦးတို့ကို နား/နှာခေါင်း/လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ သွေးတိုးရောဂါ၊ ကလေးရောဂါ၊ အရိုး/အကြောရောဂါ၊ အရေပြားရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူ သုံးဦးကို   လွိုင်ကော်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News