ေတာင္ငူတကၠသိုလ္၊ ေရတာရွည္ၿမိဳ႕နယ္၊ ေရငန္းေက်း႐ြာ အုပ္စုႏွင့္ လုံးရန္ေက်း႐ြာ အုပ္စုတို႔၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္

ေတာင္ငူတကၠသိုလ္၊ ေရတာရွည္ၿမိဳ႕နယ္၊ ေရငန္းေက်း႐ြာ အုပ္စုႏွင့္ လုံးရန္ေက်း႐ြာ အုပ္စုတို႔၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္

ေနျပည္ေတာ္  ေဖေဖာ္ဝါရီ  ၂၀

ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕၊ ေတာင္ငူတကၠသိုလ္ရွိ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အား ယေန႔နံနက္ပိုင္းတြင္ ေတာင္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆိုပါတကၠသိုလ္ ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္ေပးသည္။

ထိုသို႔ေဆာင္႐ြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ဆရာ၊ ဆရာမ ၅၁ ဦးႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ ၅၇၆ ဦးတို႔ကို ေသြးတိုးေရာဂါ၊ ဆီးခ်ိဳေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္း ေရာဂါ၊ ခြဲစိတ္ ကုသမႈဆိုင္ရာေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ မ်က္စိေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္း၊ ECG စက္ျဖင့္ ႏွလုံးစမ္းသပ္ေပးျခင္း၊ Ultrasound  ႐ိုက္ေပးျခင္း၊ ေဆး႐ုံတက္ေရာက္ ကုသရန္ လိုအပ္သူ ေျခာက္ဦးကို ေတာင္ငူၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ုံသို႔ တက္ေရာက္ ကုသႏိုင္ေရး စီစဥ္ေဆာင္႐ြက္ေပးျခင္းႏွင့္ ႏိုဗယ္ကို႐ိုနာ ဗိုင္းရပ္အေၾကာင္း  က်န္းမာေရး အသိပညာေပး   ေဟာေျပာေဆြးေႏြးျခင္းမ်ား ေဆာင္႐ြက္ေပးသည္။

ထို႔ျပင္ ေတာင္ငူတပ္နယ္ႏွင့္ ပဲခူးတပ္နယ္တို႔မွ တပ္မေတာ္သားမ်ားက ေတာင္ငူတကၠသိုလ္ႏွင့္ အင္းတေကာ္ၿမိဳ႕၊ အေျခခံပညာ အထက္တန္းေက်ာင္းတို႔ရွိ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ပညာေရး ဝန္ထမ္းမ်ားအား တပ္မေတာ္သား မိသားစုဝင္မ်ား၏ တပ္ပိုင္ႏွင့္ တစ္ပိုင္တစ္ႏိုင္ စိုက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းမ်ားမွ ထြက္ရွိသည့္ ၾကက္သား ၁၅ ပိႆာ၊ ငါး ၂၅ ပိႆာ၊ ၾကက္ဥ ၂၉၀၀ လုံး၊ ဟင္းသီးဟင္း႐ြက္မ်ားႏွင့္ တပ္မေတာ္စက္႐ုံမ်ားမွ ထုတ္လုပ္သည့္ ကုန္ပစၥည္းမ်ားအား ျပင္ပေပါက္ေစ်းထက္ သက္သာေသာ ေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးသည္။ ယင္းသို႔ေဆာင္႐ြက္ ေပးမႈမ်ားကို တိုင္းမႉး ဗိုလ္ခ်ဳပ္မ်ိဳးဝင္းႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္ရႈ အားေပးၿပီး ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား စားေသာက္ဖြယ္ရာမ်ားႏွင့္ လက္ေဆာင္ပစၥည္းမ်ား ေပးအပ္သည္။

အလားတူ တိုင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က ေရတာရွည္ၿမိဳ႕နယ္၊ ေရငန္းေက်း႐ြာ အုပ္စုႏွင့္ လုံးရန္ေက်း႐ြာအုပ္စု တို႔ရွိ ေက်း႐ြာမ်ားမွ ေဒသခံျပည္သူ ၃၁၄ ဦး ကို ေရငန္းေက်း႐ြာ ဘုန္းေတာ္ႀကီးေက်ာင္း၌ အ႐ိုး/အေၾကာေရာဂါ၊ ေသြးတိုးေရာဂါ၊ ဆီးခ်ိဳေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အေထြေထြ ေရာဂါတို႔ႏွင့္ ပတ္သက္၍လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)
တောင်ငူတက္ကသိုလ်၊ ရေတာရှည်မြို့နယ်၊ ရေငန်းကျေးရွာ အုပ်စုနှင့် လုံးရန်ကျေးရွာ အုပ်စုတို့၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဖေဖော်ဝါရီ  ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ တောင်ငူတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါတက္ကသိုလ် ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဆရာ၊ ဆရာမ ၅၁ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၅၇၆ ဦးတို့ကို သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ၊ ခွဲစိတ် ကုသမှုဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ မျက်စိရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်း၊ Ultrasound  ရိုက်ပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူ ခြောက်ဦးကို တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခြင်းနှင့် နိုဗယ်ကိုရိုနာ ဗိုင်းရပ်အကြောင်း  ကျန်းမာရေး အသိပညာပေး   ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် တောင်ငူတပ်နယ်နှင့် ပဲခူးတပ်နယ်တို့မှ တပ်မတော်သားများက တောင်ငူတက္ကသိုလ်နှင့် အင်းတကော်မြို့၊ အခြေခံပညာ အထက်တန်းကျောင်းတို့ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပညာရေး ဝန်ထမ်းများအား တပ်မတော်သား မိသားစုဝင်များ၏ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့် ကြက်သား ၁၅ ပိဿာ၊ ငါး ၂၅ ပိဿာ၊ ကြက်ဥ ၂၉၀၀ လုံး၊ ဟင်းသီးဟင်းရွက်များနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများအား ပြင်ပပေါက်စျေးထက် သက်သာသော စျေးနှုန်းများဖြင့် ရောင်းချပေးသည်။ ယင်းသို့ဆောင်ရွက် ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး ကျောင်းသား၊ ကျောင်းသူများအား စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

အလားတူ တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က ရေတာရှည်မြို့နယ်၊ ရေငန်းကျေးရွာ အုပ်စုနှင့် လုံးရန်ကျေးရွာအုပ်စု တို့ရှိ ကျေးရွာများမှ ဒေသခံပြည်သူ ၃၁၄ ဦး ကို ရေငန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ အရိုး/အကြောရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News