ေကာ့ေသာင္းၿမိဳ႕ရွိ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ မိသားစုဝင္မ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္

ေကာ့ေသာင္းၿမိဳ႕ရွိ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ မိသားစုဝင္မ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္

ေနျပည္ေတာ္  ေဖေဖာ္ဝါရီ  ၂၀

တနသၤာရီတိုင္းေဒသႀကီး၊ ေကာ့ေသာင္းၿမိဳ႕ရွိ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ မိသားစုဝင္မ်ားအား ယေန႔နံနက္ပိုင္းတြင္ ကမ္း႐ိုးတန္းေဒသတိုင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က ေကာ့ေသာင္းခ႐ိုင္ ရဲတပ္ဖြဲ႕မႉး႐ုံးရွိ ျပည္ၿငိမ္းေအး ဓမၼာ႐ုံ၌က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္ေပးသည္။

ထိုသို႔ေဆာင္႐ြက္ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က ရဲတပ္ဖြဲ႕ဝင္ႏွင့္ မိသားစုဝင္ ၇၂ ဦးတို႔ကို ေသြးတိုးေရာဂါ၊ ဖ်ားနာေရာဂါ၊ ႏွလုံးေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ ခြဲစိတ္ကုသမႈ ဆိုင္ရာေရာဂါ၊ အစာအိမ္ေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊    ကေလးေရာဂါ၊ အဆုတ္ႏွင့္ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္း၊ ဆီးခ်ိဳ၊ ေသြးခ်ိဳစစ္ေဆးေပးျခင္း၊ ECG စက္ျဖင့္ ႏွလုံးစမ္းသပ္ေပးျခင္းမ်ား ေဆာင္႐ြက္ေပးၿပီး ေဆး႐ုံတက္ေရာက္ ကုသရန္ လိုအပ္သူႏွစ္ဦးကို     ေကာ့ေသာင္းၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ုံသို႔ တက္ေရာက္ကုသႏိုင္ေရး စီစဥ္ေဆာင္႐ြက္ေပးသည္။

ထို႔ျပင္ ေကာ့ေသာင္းတပ္နယ္မွ တပ္မေတာ္သားမ်ားက ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ မိသားစုဝင္ မ်ားအား တစ္ပိုင္တစ္ႏိုင္ စိုက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းမ်ားမွ ထြက္ရွိသည့္ ၾကက္ဥမ်ား၊ ဟင္းသီးဟင္း႐ြက္မ်ားႏွင့္ တပ္မေတာ္စက္႐ုံ မ်ားမွထုတ္လုပ္သည့္  ကုန္ပစၥည္းမ်ားအား ျပင္ပေပါက္ေစ်းထက္ သက္သာေသာ ေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ် ေပးခဲ့ေၾကာင္း သတင္းရရွိသည္။   

(Unicode Version)

ကော့သောင်းမြို့ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဖေဖော်ဝါရီ  ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးရှိ ပြည်ငြိမ်းအေး ဓမ္မာရုံ၌ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ရဲတပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၂ ဦးတို့ကို သွေးတိုးရောဂါ၊ ဖျားနာရောဂါ၊ နှလုံးရောဂါ၊ အရိုး/အကြောရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ အစာအိမ်ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊    ကလေးရောဂါ၊ အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူနှစ်ဦးကို     ကော့သောင်းမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထို့ပြင် ကော့သောင်းတပ်နယ်မှ တပ်မတော်သားများက ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် များအား တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့် ကြက်ဥများ၊ ဟင်းသီးဟင်းရွက်များနှင့် တပ်မတော်စက်ရုံ များမှထုတ်လုပ်သည့်  ကုန်ပစ္စည်းများအား ပြင်ပပေါက်စျေးထက် သက်သာသော စျေးနှုန်းများဖြင့် ရောင်းချ ပေးခဲ့ကြောင်း သတင်းရရှိသည်။   

Recent News