မေကြးတိုင္းေဒသႀကီး၊ မင္းတုန္းၿမိဳ႕နယ္အတြင္းရွိ ေဒသခံျပည္သူမ်ားအား တပ္မေတာ္ နယ္လွည့္ အထူး ေဆးကုသေရး အဖြဲ႕က က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္

မေကြးတိုင္းေဒသႀကီး၊ မင္းတုန္းၿမိဳ႕နယ္အတြင္းရွိ ေဒသခံျပည္သူမ်ားအား တပ္မေတာ္ နယ္လွည့္ အထူး ေဆးကုသေရး အဖြဲ႕က က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္

ေနျပည္ေတာ္  ေဖေဖာ္ဝါရီ  ၂၀

မေကြးတိုင္းေဒသႀကီးအတြင္း ေရာက္ရွိေနေသာ တပ္မေတာ္နယ္လွည့္ အထူး ေဆးကုသေရး အဖြဲ႕သည္ ယေန႔နံနက္ပိုင္းတြင္ မင္းတုန္းၿမိဳ႕တြင္ အေျချပဳ၍ လည္းေကာင္း၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕သည္ ပန္းပင္ကုန္းေက်း႐ြာ၌ လည္းေကာင္း ပတ္ဝန္းက်င္ ေက်း႐ြာမ်ားမွ သံဃာေတာ္မ်ားႏွင့္ ေဒသခံျပည္သူ စုစုေပါင္း ၂၆၆၅ ဦးကို က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္ေပးသည္။

ထိုသို႔ေဆာင္႐ြက္ေပးရာတြင္ ေဆးကုသမႈဆိုင္ရာေရာဂါ ၈၈၃ ဦး၊ ခြဲစိတ္ေရာဂါ ၁၆၂ ဦး၊ ကေလးေရာဂါ ၈၅ ဦး၊ သားဖြား/ မီးယပ္ေရာဂါ ၅၄ ဦး၊ အ႐ိုးေရာဂါ ၃၇၈ ဦး၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ ၂၂၇ ဦး၊ မ်က္စိေရာဂါ ၆၀၇ ဦး၊ သြားေရာဂါ ၁၃၄ ဦးႏွင့္  ေအေၾထေၾထရာဂါ ၁၃၅ ဦးတုိ႔ကို  လိုအပ္သည့္ေဆးဝါး ကုသမႈမ်ား ေဆာင္႐ြက္ေပးၿပီး ၎တို႔အနက္မွ မ်က္စိခြဲစိတ္လူနာ ခုနစ္ဦးႏွင့္ အေထြေထြ ခြဲစိတ္လူနာ ေျခာက္ဦး တို႔ကို ေ႐ြ႕လ်ားခြဲစိတ္ ယာဥ္ျဖင့္ ခြဲစိတ္ကုသမႈမ်ား ေဆာင္႐ြက္ေပးသည္။ ထို႔ျပင္ ဓာတ္မွန္႐ိုက္လူနာ ၄၀ ဦး၊ Ultrasound ႐ိုက္လူနာ ၅၀ ဦး၊ ECG စက္ျဖင့္ ႏွလုံးစမ္းသပ္လူနာ ၄၈ ဦးႏွင့္ ဓာတ္ခြဲစမ္းသပ္လူနာ ၇၉ ဦးတို႔ကို ေ႐ြ႕လ်ားဓာတ္မွန္႐ိုက္ ယာဥ္ႏွင့္ ေ႐ြ႕လ်ား ဓာတ္ခြဲခန္း ယာဥ္တို႔ျဖင့္    ေရာဂါရွာေဖြ စမ္းသပ္ စစ္ေဆးေပးျခင္းမ်ား ေဆာင္႐ြက္ေပးၿပီး ေဆး႐ုံတက္ေရာက္ ကုသရန္ လိုအပ္သူသုံးဦးအား နီးစပ္ရာ တပ္မေတာ္ေဆး႐ုံသို႔ တက္ေရာက္ကုသႏိုင္ေရး စီစဥ္ေဆာင္႐ြက္ေပးသည္။

ယင္းသို႔ ေဆာင္႐ြက္ေပးမႈမ်ားကို အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ေက်ာ္စြာလင္းႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ ၾကည့္ရႈ အားေပးခဲ့ေၾကာင္း  သတင္း ရရွိသည္။      

(Unicode Version)

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော် နယ်လှည့် အထူး ဆေးကုသရေး အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဖေဖော်ဝါရီ  ၂၀

မကွေးတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူး ဆေးကုသရေး အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မင်းတုန်းမြို့တွင် အခြေပြု၍ လည်းကောင်း၊ နယ်လှည့်ဆေးကုသရေး အဖွဲ့သည် ပန်းပင်ကုန်းကျေးရွာ၌ လည်းကောင်း ပတ်ဝန်းကျင် ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၂၆၆၅ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၈၈၃ ဦး၊ ခွဲစိတ်ရောဂါ ၁၆၂ ဦး၊ ကလေးရောဂါ ၈၅ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၅၄ ဦး၊ အရိုးရောဂါ ၃၇၈ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၂၂၇ ဦး၊ မျက်စိရောဂါ ၆၀၇ ဦး၊ သွားရောဂါ ၁၃၄ ဦးနှင့်  အေထြေထြေရာဂါ ၁၃၅ ဦးတုိ႔ကို  လိုအပ်သည့်ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ မျက်စိခွဲစိတ်လူနာ ခုနစ်ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ခြောက်ဦး တို့ကို ရွေ့လျားခွဲစိတ် ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၄၀ ဦး၊ Ultrasound ရိုက်လူနာ ၅၀ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၄၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၇၉ ဦးတို့ကို ရွေ့လျားဓာတ်မှန်ရိုက် ယာဉ်နှင့် ရွေ့လျား ဓာတ်ခွဲခန်း ယာဉ်တို့ဖြင့်    ရောဂါရှာဖွေ စမ်းသပ် စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူသုံးဦးအား နီးစပ်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးမှုများကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာလင်းနှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှု အားပေးခဲ့ကြောင်း  သတင်း ရရှိသည်။      

Recent News