လာအိုျပည္သူ႔ တပ္မေတာ္ယဥ္ေက်းမႈအဖြဲ႕ ခ်စ္ၾကည္ေရး ခရီးေရာက္ရွိ

လာအိုျပည္သူ႔ တပ္မေတာ္ယဥ္ေက်းမႈအဖြဲ႕ ခ်စ္ၾကည္ေရး ခရီးေရာက္ရွိ

ေနျပည္ေတာ္  ေဖေဖာ္ဝါရီ  ၂ဝ

မန္မာ-လာအို တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားပိုမိုတိုးျမႇင့္ၿပီး ယဥ္ေက်းမႈ အႏုပညာမ်ား ဖလွယ္ႏိုင္ရန္ရည္႐ြယ္၍ လာအိုျပည္သူ႔တပ္မေတာ္မွ Colonel Kham Kheun Leutsavay ဦးေဆာင္ေသာ လာအိုျပည္သူ႔တပ္မေတာ္ ယဥ္ေက်းမႈအဖြဲ႕သည္ ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ေလဆိပ္သို႔ ေရာက္ရွိလာရာ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးဗိုလ္ခ်ဳပ္ျမင့္ေမာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)၊ ျပည္သူ႔ဆက္ဆံေရးႏွင့္ စိတ္ဓာတ္စစ္ဆင္ေရး ၫႊန္ၾကားေရးမႉး႐ုံး ၫႊန္ၾကားေရးမႉး ဗိုလ္ခ်ဳပ္ထြန္းထြန္းညီ၊တပ္မေတာ္ အရာရွိႀကီးမ်ားႏွင့္ ျမန္မာႏိုင္ငံ ဆိုင္ရာလာအိုစစ္သံမႉး Colonel Touy Vilaketh တို႔က ႀကိဳဆိုႏႈတ္ဆက္ၾကသည္။

အဆိုပါ  လာအိုျပည္သူ႔တပ္မေတာ္ ယဥ္ေက်းမႈအဖြဲ႕သည္   ျမန္မာႏိုင္ငံသို႔ ေရာက္ရွိစဥ္အတြင္း ခ်စ္ၾကည္ေရး အထိမ္းအမွတ္ ယဥ္ေက်းမႈ အႏုပညာမ်ားေဖ်ာ္ေျဖျခင္း၊ တန္ခိုးႀကီးဘုရားမ်ားအား ဖူးေျမာ္ ၾကည္ညိဳျခင္းႏွင့္   အထင္ကရ ေနရာမ်ားအား  သြားေရာက္ေလ့လာ လည္ပတ္ျခင္းမ်ား ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

လာအိုပြည်သူ့ တပ်မတော်ယဉ်ကျေးမှုအဖွဲ့ ချစ်ကြည်ရေး ခရီးရောက်ရှိ

နေပြည်တော်  ဖေဖော်ဝါရီ  ၂ဝ

မန်မာ-လာအို တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးမြှင့်ပြီး ယဉ်ကျေးမှု အနုပညာများ ဖလှယ်နိုင်ရန်ရည်ရွယ်၍ လာအိုပြည်သူ့တပ်မတော်မှ Colonel Kham Kheun Leutsavay ဦးဆောင်သော လာအိုပြည်သူ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြင့်မော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ထွန်းထွန်းညီ၊တပ်မတော် အရာရှိကြီးများနှင့် မြန်မာနိုင်ငံ ဆိုင်ရာလာအိုစစ်သံမှူး Colonel Touy Vilaketh တို့က ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ  လာအိုပြည်သူ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့သည်   မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း ချစ်ကြည်ရေး အထိမ်းအမှတ် ယဉ်ကျေးမှု အနုပညာများဖျော်ဖြေခြင်း၊ တန်ခိုးကြီးဘုရားများအား ဖူးမြော် ကြည်ညိုခြင်းနှင့်   အထင်ကရ နေရာများအား  သွားရောက်လေ့လာ လည်ပတ်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

Recent News