လသာမြို့နယ်၊ (၂)ရပ်ကွက်၊ သံဈေး၌မီးလောင်မှု ဖြစ်ပွား

လသာမြို့နယ်၊ (၂)ရပ်ကွက်၊ သံဈေး၌မီးလောင်မှု ဖြစ်ပွား


ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊(၂)ရပ်ကွက်၊ လမ်းမတော်လမ်း၊ (Map. No.12. A-3 ရှိ သံဈေး၌ ယနေ့နံနက် ၆ နာရီ ၅ မိနစ်ခန့်တွင် ဝိုင်ယာရှော့ခ်ဖြစ်ပွားရာ မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်ရာ နေရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၅၉ စီး၊ လူနာတင်ယာဉ်တစ်စီး၊ ရှာဖွေ ကယ်ဆယ်ရေး ယာဉ်သုံးစီး၊  ရေသယ်ယာဉ် ၃၆ စီး၊ အထောက်အကူပြုယာဉ် ၁ဝ စီး၊ကွပ်ကဲမှုယာဉ် ရှစ်စီးတို့ဖြင့် တိုင်းဒေသကြီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးနှင့်တာဝန်ရှိသူ များ ကြီးကြပ်၍ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၁ဝ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။


မီးလောင်မှုကြောင့် သံဈေးရှိ ဒုတိယထပ်၊ တတိယထပ်နှင့်   စတုတ္ထထပ်တို့ရှိ ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ ကြောင်း သတင်းရရှိသည်။

(Unicode Version)
လသာမြို့နယ်၊ (၂)ရပ်ကွက်၊ သံစျေး၌မီးလောင်မှု ဖြစ်ပွား

နေပြည်တော်  ဖေဖော်ဝါရီ  ၂ဝ

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊(၂)ရပ်ကွက်၊ လမ်းမတော်လမ်း၊ (Map. No.12. A-3 ရှိ သံစျေး၌ ယနေ့နံနက် ၆ နာရီ ၅ မိနစ်ခန့်တွင် ဝိုင်ယာရှော့ခ်ဖြစ်ပွားရာ မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်ရာ နေရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၅၉ စီး၊ လူနာတင်ယာဉ်တစ်စီး၊ ရှာဖွေ ကယ်ဆယ်ရေး ယာဉ်သုံးစီး၊  ရေသယ်ယာဉ် ၃၆ စီး၊ အထောက်အကူပြုယာဉ် ၁ဝ စီး၊ကွပ်ကဲမှုယာဉ် ရှစ်စီးတို့ဖြင့် တိုင်းဒေသကြီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးနှင့်တာဝန်ရှိသူ များ ကြီးကြပ်၍ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၁ဝ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါ မီးလောင်ရာနေရာသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ မင်္ဂလာဒုံတပ်နယ်မှ တပ်မတော်သားများက တပ်မတော်ဆေးရုံများမှ လူနာတင်ယာဉ်သုံးစီးဖြင့် ကူညီကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေးခြင်း၊ မီးလောင်မှုတွင် ပိတ်မိနေသူ ၈၅ ဦးကို ကယ်ထုတ်ပေးခြင်းနှင့် မီးခိုးမွှန်သူ ခြောက်ဦး ကိုလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခြင်းများ ကူညီဆောင်ရွက်ပေးသည်။

မီးလောင်မှုကြောင့် သံစျေးရှိ ဒုတိယထပ်၊ တတိယထပ်နှင့်   စတုတ္ထထပ်တို့ရှိ ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ ကြောင်း သတင်းရရှိသည်။

Recent News