တိုက္ႀကီးၿမိဳ႔နယ္၊ ပန္းဆြဲေက်းရြာ၌ က်န္းမာေရးေစာင္႕ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္

တိုက္ႀကီးၿမိဳ႔နယ္၊ ပန္းဆြဲေက်းရြာ၌ က်န္းမာေရးေစာင္႕ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္

ေနျပည္ေတာ္ ေဖေဖာ္၀ါရီ ၂၀

ရန္ကုန္တုိင္းေဒသႀကီး၊ တုိက္ႀကီးၿမိဳ႕နယ္၊ ေတာ္ခရမ္းေက်းရြာအုပ္စု၊ ပန္းဆြဲေက်းရြာ ႏွင့္ ပတ္၀န္းက်င္ေက်းရြာမ်ားမွ သံဃာေတာ္ မ်ား၊ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ယေန႔နံနက္ပုိင္းတြင္ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆုိပါ ေက်းရြာရွိ ျပည္ပန္းဆင္ေက်ာင္းတုိက္၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ ရြက္ေပး သည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က သံဃာေတာ္ သံုးပါး၊ ဆရာ၊ ဆရာမ သံုးဦး၊ ေက်ာင္းသား၊ ေက်ာင္းသူ၁၂ ဦးႏွင့္ ေဒသခံျပည္သူ ၁၆၀ ဦးတို႔ကို ေသြးတုိးေရာဂါ၊ ဆီးခ်ဳိေရာဂါ၊ သြားႏွင့္ ခံတြင္းေရာဂါ၊ ကေလးေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္က်န္းမာေရးစစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး Coronavirus Disease 2019(COVID- 19) ေရာဂါအေၾကာင္း က်န္းမာေရးအသိ ပညာေပးေဟာေျပာေဆြးေႏြးျခင္းမ်ားေဆာင္ ရြက္ေပးသည္။

ယင္းသို႔ေဆာင္ရြက္ေပးေနမႈကို တုိက္ႀကီး တပ္နယ္မွ တာ၀န္ရွိသူမ်ားက သြားေရာက္ ၾကည့္႐ႈအားေပးၿပီး ျပည္ပန္းဆင္ေက်ာင္းတုိက္ ဆရာေတာ္ ဘဒၵႏၲ၀ါယမိႏၵအားဖူးေျမာ္၍ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္း ခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

တိုက်ကြီးမြို့နယ်၊ ပန်းဆွဲကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ တော်ခရမ်းကျေးရွာအုပ်စု၊ ပန်းဆွဲကျေးရွာ နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော် များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာရှိ ပြည်ပန်းဆင်ကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေး သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် သုံးပါး၊ ဆရာ၊ ဆရာမ သုံးဦး၊ ကျောင်းသား၊ ကျောင်းသူ၁၂ ဦးနှင့် ဒေသခံပြည်သူ ၁၆၀ ဦးတို့ကို သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ကလေးရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး Coronavirus Disease 2019(COVID- 19) ရောဂါအကြောင်း ကျန်းမာရေးအသိ ပညာပေးဟောပြောဆွေးနွေးခြင်းများဆောင် ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုကို တိုက်ကြီး တပ်နယ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး ပြည်ပန်းဆင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝါယမိန္ဒအားဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။

Recent News