ေဆးပညာဘြဲ႕ရ ဆရာဝန္(အမ်ိဳးသမီး)ႏွင့္သြားဘက္ဆိုင္ရာ ေဆးပညာဘြဲ႕ရဆရာဝန္ (အမ်ိဳးသမီး) ဗိုလ္ေလာင္း သင္တန္း အမွတ္စဥ္ (၅) သင္တန္းဆင္းပြဲ က်င္းပ

 

ေဆးပညာဘြဲ႕ရ ဆရာဝန္(အမ်ိဳးသမီး)ႏွင့္သြားဘက္ဆိုင္ရာ ေဆးပညာဘြဲ႕ရဆရာဝန္ (အမ်ိဳးသမီး) ဗိုလ္ေလာင္း သင္တန္း အမွတ္စဥ္ (၅) သင္တန္းဆင္းပြဲ က်င္းပ

ရန္ကုန္  ေဖေဖာ္ဝါရီ  ၂၁

ေဆးပညာဘြဲ႕ရဆရာဝန္(အမ်ိဳးသမီး)ႏွင့္သြားဘက္ဆိုင္ရာေဆးပညာဘြဲ႕ရဆရာဝန္(အမ်ိဳးသမီး) ဗိုလ္ေလာင္း သင္တန္းအမွတ္ စဥ္(၅)သင္တန္း ဆင္းပြဲအခမ္းအနားကို ယေန႔ နံနက္ပိုင္းတြင္   ရန္ကုန္တိုင္း ေဒသႀကီး၊ ေမွာ္ဘီတပ္နယ္ရွိ    တပ္မေတာ္ (ၾကည္း) ဗိုလ္သင္တန္းေက်ာင္း(ေမွာ္ဘီ)၌ က်င္းပ ျပဳလုပ္ရာ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ စစ္ရာထူးခန႔္ခ်ဳပ္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး လူေအး၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး  ဗိုလ္ခ်ဳပ္သက္ပုံ၊ ေက်ာင္းအုပ္ႀကီး ဗိုလ္မႉးခ်ဳပ္ ေဇာ္ႏိုင္ဦးႏွင့္ တပ္နယ္မွ အရာရွိႀကီးမ်ား၊  သင္တန္းဆင္း ဗိုလ္ေလာင္းမ်ား၊ မိဘေဆြမ်ိဳး မ်ားႏွင့္ဖိတ္ၾကားထားသူမ်ား တက္ေရာက္ ၾကသည္။

ေရွးဦးစြာ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးလူေအးက သင္တန္းဆင္းဗိုလ္ေလာင္းမ်ားအား ျပန္တမ္းဝင္ အရာရွိခန႔္အပ္ လႊာမ်ားေပးအပ္၍ အမွာစကားေျပာၾကားသည္။ အခမ္းအနားအၿပီး တြင္ စစ္ရာထူးခန႔္ခ်ဳပ္ႏွင့္ တာဝန္ရွိ သူမ်ားသည္ သင္တန္းဆင္း အရာရွိမ်ားႏွင့္ မွတ္တမ္း ဓာတ္ပုံ ႐ိုက္ၾကသည္။

ေဆးပညာဘြဲ႕ရဆရာဝန္(အမ်ိဳးသမီး)ႏွင့္သြားဘက္ဆိုင္ရာေဆးပညာဘြဲ႕ရဆရာဝန္(အမ်ိဳးသမီး) ဗိုလ္ေလာင္း သင္တန္းအမွတ္ စဥ္(၁) မွ (၄)အထိ အမ်ိဳးသမီးျပန္တမ္းဝင္ အရာရွိ ၈၂ ဦးကို သင္တန္းဆင္းေပး ခဲ့ၿပီးေဆးမႉး ျပန္တမ္းဝင္အရာရွိမ်ားအျဖစ္ ယခုအခါ တပ္မေတာ္ေဆး႐ုံမ်ားတြင္တာဝန္ အသီးသီး ထမ္းေဆာင္လ်က္ရွိၾကသည္။ ယခုသင္တန္းအမွတ္စဥ္(၅)အား သင္တန္းသူ ေလးဦးျဖင့္ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာ ၁၆ ရက္ မွ ၂၀၂၀ ျပည့္ႏွစ္၊ ေဖေဖာ္ဝါရီ ၂၁ ရက္အထိ ရက္သတ္ၱပတ္ ၁၀ ပတ္ၾကာ ဖြင့္လွစ္သင္ၾကား ေပးခဲ့ျခင္းျဖစ္ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဆေးပညာဘွဲ့ရ ဆရာဝန်(အမျိုးသမီး)နှင့်သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရဆရာဝန် (အမျိုးသမီး) ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်  ဖေဖော်ဝါရီ  ၂၁

ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး)နှင့်သွားဘက်ဆိုင်ရာဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး) ဗိုလ်လောင်း သင်တန်းအမှတ် စဉ်(၅)သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင်   ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီတပ်နယ်ရှိ    တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၌ ကျင်းပ ပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရာထူးခန့်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး လူအေး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်သက်ပုံ၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်နိုင်ဦးနှင့် တပ်နယ်မှ အရာရှိကြီးများ၊  သင်တန်းဆင်း ဗိုလ်လောင်းများ၊ မိဘဆွေမျိုး များနှင့်ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ ဒုတိယ ဗိုလ်ချုပ်ကြီးလူအေးက သင်တန်းဆင်းဗိုလ်လောင်းများအား ပြန်တမ်းဝင် အရာရှိခန့်အပ် လွှာများပေးအပ်၍ အမှာစကားပြောကြားသည်။ အခမ်းအနားအပြီး တွင် စစ်ရာထူးခန့်ချုပ်နှင့် တာဝန်ရှိ သူများသည် သင်တန်းဆင်း အရာရှိများနှင့် မှတ်တမ်း ဓာတ်ပုံ ရိုက်ကြသည်။

ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး)နှင့်သွားဘက်ဆိုင်ရာဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး) ဗိုလ်လောင်း သင်တန်းအမှတ် စဉ်(၁) မှ (၄)အထိ အမျိုးသမီးပြန်တမ်းဝင် အရာရှိ ၈၂ ဦးကို သင်တန်းဆင်းပေး ခဲ့ပြီးဆေးမှူး ပြန်တမ်းဝင်အရာရှိများအဖြစ် ယခုအခါ တပ်မတော်ဆေးရုံများတွင်တာဝန် အသီးသီး ထမ်းဆောင်လျက်ရှိကြသည်။ ယခုသင်တန်းအမှတ်စဉ်(၅)အား သင်တန်းသူ လေးဦးဖြင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက် မှ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်အထိ ရက်သတ်္တပတ် ၁၀ ပတ်ကြာ ဖွင့်လှစ်သင်ကြား ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Recent News