ေနျပည္ေတာ္ရွိ တပ္မေတာ္စစ္သမုိင္းျပတုိက္၌ တပ္မေတာ္သတင္းစာရွင္းလင္းပြဲျပဳလုပ္

 

ေနျပည္ေတာ္ရွိ တပ္မေတာ္စစ္သမုိင္းျပတုိက္၌ တပ္မေတာ္သတင္းစာရွင္းလင္းပြဲျပဳလုပ္

ေနျပည္ေတာ္ ေဖေဖာ္၀ါရီ  ၂၂

ရခုိင္ျပည္နယ္အတြင္း AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက အၾကမ္းဖက္လုပ္ရပ္ မ်ားေဆာင္ရြက္ ေနသည့္အေျခအေနမ်ား၊ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား၏ စည္းကမ္းေဖာက္ဖ်က္မႈမ်ား၊ ၿငိမ္းခ်မ္းေရးဆုိင္ရာ ေဆာင္ရြက္ေနမႈအေျခအေနမ်ား ႏွင့္ပတ္သက္၍  တပ္မေတာ္သတင္းစာရွင္းလင္းပြဲကို ယေန႔ေန႕လယ္ပိုင္းတြင္ ေနျပည္ေတာ္ရွိ တပ္မေတာ္စစ္သမုိင္းျပတုိက္၌ ျပဳလုပ္သည္။

အဆိုပါသတင္းစာရွင္းလင္းပြဲသို႔တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ဥကၠ႒ ဗိုလ္ခ်ဳပ္ စိုးႏုိင္ဦး၊ ဒုတိယဥကၠ႒  ဗိုလ္ခ်ဳပ္ ထြန္းထြန္းညီ၊ အတြင္းေရးမွဴး ဗုိလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္း ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ျပည္တြင္းသတင္း ဌာနမ်ား၊ ေန႔စဥ္ထုတ္သတင္းစာမ်ား၊ ဂ်ာနယ္မ်ား၊ ျပည္တြင္း႐ုပ္ျမင္သံၾကားသတင္း ဌာနမ်ား၊ ျပည္တြင္းအေျခစိုက္ ျပည္ပသတင္းဌာနမ်ား စုစုေပါင္း သတင္းဌာန ၂၈ ခုမွ သတင္းေထာက္ ၅၀ ဦး တက္ေရာက္ခဲ့ၾကသည္။

ဦးစြာ ဗုိလ္ခ်ဳပ္စုိးႏုိင္ဦးက ၂၀၂၀ ျပည့္ႏွစ္၊ ေဖေဖာ္၀ါရီလအတြင္း တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႕အစည္းမ်ား၏ စည္းကမ္းေဖာက္ဖ်က္မႈ၊ မူးယစ္ေဆး၀ါးမ်ားဖမ္းဆီးရမိမႈ ႏွင့္၂၀၂၀ ျပည့္ႏွစ္အတြင္း ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား ေဆာင္ရြက္ေနမႈအေျခအေန မ်ားအား ရွင္းလင္းေျပာၾကားသည္။

ထို႕ေနာက္ ဗိုလ္ခ်ဳပ္ ထြန္းထြန္းညီက ၂၀၂၀ ျပည့္ႏွစ္၊ ဇန္န၀ါရီလႏွင့္ ေဖေဖာ္ ၀ါရီလမ်ားတြင္ ရခုိင္ျပည္နယ္အတြင္း AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက ကုမၸဏီ ၀န္ထမ္းမ်ား၊ ၿမိဳ႕နယ္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးမ်ား၊ အစိုးရ၀န္ထမ္းမ်ား၊ စစ္မႈထမ္းေဟာင္းမ်ား၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၀င္မ်ားႏွင့္ အျပစ္မဲ့အရပ္သား ျပည္သူမ်ားလူထုမ်ားအား ဖမ္းဆီးျခင္း၊ သတ္ျဖတ္ျခင္း၊ ၿခိမ္းေျခာက္ျခင္း၊ အဓမၼျပဳ က်င့္ႏွိပ္စက္ျခင္း၊ လက္နက္ႀကီးမ်ားျဖင့္ ေက်းရြာမ်ားအတြင္း ပစ္ခတ္ျခင္း၊ မုိင္းေထာင္ေဖာက္ခြဲ တုိက္ခုိက္ျခင္းစသည့္ အၾကမ္းဖက္လုပ္ငန္းမ်ားႏွင့္   ပတ္သက္၍ သတင္းထုတ္ျပန္ေပးခဲ့သည့္ အေျခ အေနမ်ားအား ရွင္းလင္းေျပာၾကားသည္။

၎ေနာက္ တက္ေရာက္လာၾကသည့္ သတင္းဌာနအသီးသီးတို႔က သိရွိလိုသည္မ်ား ေမးျမန္းမႈအေပၚ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕မွ တာ၀န္ရွိသူမ်ားက ျပန္လည္ရွင္းလင္းေျပာၾကားခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ တပ်မတော်သတင်းစာရှင်းလင်းပွဲပြုလုပ်

နေပြည်တော် ဖေဖော်ဝါရီ  ၂၂

ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက်သောင်းကျန်းသူများက အကြမ်းဖက်လုပ်ရပ် များဆောင်ရွက် နေသည့်အခြေအနေများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ စည်းကမ်းဖောက်ဖျက်မှုများ၊ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေများ နှင့်ပတ်သက်၍  တပ်မတော်သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲသို့တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဒုတိယဥက္ကဋ္ဌ  ဗိုလ်ချုပ် ထွန်းထွန်းညီ၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ပြည်တွင်းသတင်း ဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်း ဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများ စုစုပေါင်း သတင်းဌာန ၂၈ ခုမှ သတင်းထောက် ၅၀ ဦး တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဗိုလ်ချုပ်စိုးနိုင်ဦးက ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ စည်းကမ်းဖောက်ဖျက်မှု၊ မူးယစ်ဆေးဝါးများဖမ်းဆီးရမိမှု နှင့်၂၀၂၀ ပြည့်နှစ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုအခြေအနေ များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ဗိုလ်ချုပ် ထွန်းထွန်းညီက ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလနှင့် ဖေဖော် ဝါရီလများတွင် ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက်သောင်းကျန်းသူများက ကုမ္ပဏီ ဝန်ထမ်းများ၊ မြို့နယ်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အစိုးရဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့အရပ်သား ပြည်သူများလူထုများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အဓမ္မပြု ကျင့်နှိပ်စက်ခြင်း၊ လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်း ပစ်ခတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများနှင့်   ပတ်သက်၍ သတင်းထုတ်ပြန်ပေးခဲ့သည့် အခြေ အနေများအား ရှင်းလင်းပြောကြားသည်။

၎င်းနောက် တက်ရောက်လာကြသည့် သတင်းဌာနအသီးသီးတို့က သိရှိလိုသည်များ မေးမြန်းမှုအပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Recent News