ေတာင္ငူၿမိဳ႕ ၊ ျပည္ၿမိဳ႕နယ္ႏွင့္ေရႊက်င္ၿမိဳ႔နယ္တို႕ရွိ သံဃာေတာ္မ်ားႏွင့္ေဒသခံျပည္သူမ်ားကို က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္

 

ေတာင္ငူၿမိဳ႕ ၊ ျပည္ၿမိဳ႕နယ္ႏွင့္ေရႊက်င္ၿမိဳ႔နယ္တို႕ရွိ သံဃာေတာ္မ်ားႏွင့္ေဒသခံျပည္သူမ်ားကို က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္

ေနျပည္ေတာ္ ေဖေဖာ္၀ါရီ ၂၂

ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕၊ အမွတ္ (၂၀)ရပ္ကြက္ရွိ ၀ိသုဒၶါ႐ုံသိမ္ဥဴးစာသင္တုိက္ ရွိ သံဃာေတာ္မ်ားႏွင့္ ရပ္ကြက္အတြင္းရွိ သံဃာေတာ္မ်ားႏွင့္ေဒသခံျပည္သူမ်ားကို ယေန႔နံနက္ပိုင္းတြင္ ေတာင္ပိုင္းတိုင္းစစ္ ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆိုပါစာသင္တိုက္၌ က်န္းမာေရးေစာင့္ ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္ေပးသည္။

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က သံဃာေတာ္ ၄၄ ပါးႏွင့္ ေဒသခံ ျပည္သူ ၁၁၇ ဦးတို႔ကို ေသြးတိုးေရာဂါ၊ ဆီးခ်ဳိ ေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ ခဲြစိတ္ကုသမႈ ဆိုင္ရာေရာဂါ၊ အ႐ုိး/အေၾကာေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ မ်က္စိေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ အေထြေထြ ေရာဂါတို႔ႏွင့္ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရးစစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ုံတက္ေရာက္ ကုသရန္လိုအပ္သူ ၁၂ ဦးအား ေတာင္ငူၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ုံသုိ႔ တက္ေရာက္ ကုသႏိုင္ေရး စီစဥ္ေဆာင္ရြက္ေပးသည္။

ယင္းေနာက္ ေဆးကုသေရးအဖြဲ႕က ကြမ္းစားျခင္းေၾကာင့္ ျဖစ္ပြားတတ္ေသာ ေရာဂါမ်ားအေၾကာင္း က်န္းမာေရးအသိ ပညာေပးေဟာေျပာျခင္းမ်ား ေဆာင္ရြက္ေပးသည္။ ထို႔ျပင္ ေတာင္ငူတပ္နယ္မွတပ္မ ေတာ္သားမ်ားက ေတာင္ငူခ႐ုိင္မီးသတ္ တပ္ဖြဲ႕႐ံုး၌ မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ မိသားစု၀င္မ်ားကို တပ္မေတာ္သားမိသားစုမ်ား၏ တစ္ပိုင္တစ္ႏိုင္စိုက္ပ်ဳိးေမြးျမဴေရးလုပ္ငန္း မ်ားမွထြက္ရွိသည့္ ၾကက္သား ၈ ပိႆာ၊ ၀က္သား ၈ ပိႆာ၊ ငါး ၄ ပိႆာ၊ ၾကက္ဥ ၁၀၀၀ လုံး၊ ႏြားႏို႔ ၇ ပိႆာႏွင့္ တပ္မေတာ္ စက္႐ုံမ်ားမွထြက္ရွိသည့္ စည္သြတ္ဘူးမ်ား၊ စားေသာက္ကုန္၊ အ၀တ္အထည္ႏွင့္လူသုံးကုန္ပစၥည္း ၂၆ မ်ဳိးတို႔ကို ျပင္ပေပါက္ ေစ်းထက္ သက္သာေသာေစ်းႏႈန္းမ်ားျဖင့္ေရာင္းခ်ေပးခဲ့သည္။

ယင္းသို႔ေဆာင္ရြက္ေနမႈမ်ားကို တိုင္းစစ္ဌာနခ်ဳပ္မွ တာ၀န္ရွိသူမ်ားက သြား ေရာက္ၾကည့္႐ႈအားေပးကာ ၀ိသုဒၶါ႐ုံသိမ္ဥဴး စာသင္တိုက္ဆရာေတာ္ ဘဒၵႏၲေသာပါန အား ဖူးေျမာ္ကာ သကၤန္း၊ ဆြမ္းဆန္ေတာ္၊ ဆီႏွင့္လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္း ခဲ့သည္။

အလားတူ ေဆးကုသေရးအဖြဲ႕က ျပည္ ၿမိဳ႕နယ္၊ ရြာမအုပ္စု၊ ေခ်ာင္းျခားေက်းရြာရွိ သံဃာေတာ္သုံးပါးႏွင့္ ေဒသခံျပည္သူ ၂၁၃ ဦးတို႔ကို အဆိုပါေက်းရြာဘုန္းေတာ္ ႀကီးေက်ာင္း၌လည္းေကာင္း၊ ေရႊက်င္ၿမိဳ႕ နယ္၊ ၀င္းခနိမ့္ေက်းရြာရွိ သံဃာေတာ္ငါးပါးႏွင့္ ေဒသခံျပည္သူ ၁၇၃ ဦးတို႔ကို အဆိုပါ ေက်းရြာဘုန္းေတာ္ႀကီးေက်ာင္း၌လည္း ေကာင္း ဖ်ားနာေရာဂါ၊ အ႐ုိး/အေၾကာ ေရာဂါ၊ ေသြးတိုးေရာဂါ၊ ဆီးခ်ဳိေရာဂါ၊ သြားႏွင့္ ခံတြင္းေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္း ေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ပတ္သက္ ၍ လိုအပ္သည့္က်န္းမာေရးစစ္ေဆးကုသ ေပးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

တောင်ငူမြို့ ၊ ပြည်မြို့နယ်နှင့်ရွှေကျင်မြို့နယ်တို့ရှိ သံဃာတော်များနှင့်ဒေသခံပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၂၀)ရပ်ကွက်ရှိ ဝိသုဒ္ဓါရုံသိမ်ဥူးစာသင်တိုက် ရှိ သံဃာတော်များနှင့် ရပ်ကွက်အတွင်းရှိ သံဃာတော်များနှင့်ဒေသခံပြည်သူများကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ် ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါစာသင်တိုက်၌ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၄၄ ပါးနှင့် ဒေသခံ ပြည်သူ ၁၁၇ ဦးတို့ကို သွေးတိုးရောဂါ၊ ဆီးချို ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူ ၁၂ ဦးအား တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းနောက် ဆေးကုသရေးအဖွဲ့က ကွမ်းစားခြင်းကြောင့် ဖြစ်ပွားတတ်သော ရောဂါများအကြောင်း ကျန်းမာရေးအသိ ပညာပေးဟောပြောခြင်းများ ဆောင်ရွက်ပေးသည်။ ထို့ပြင် တောင်ငူတပ်နယ်မှတပ်မ တော်သားများက တောင်ငူခရိုင်မီးသတ် တပ်ဖွဲ့ရုံး၌ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို တပ်မတော်သားမိသားစုများ၏ တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များမှထွက်ရှိသည့် ကြက်သား ၈ ပိဿာ၊ ဝက်သား ၈ ပိဿာ၊ ငါး ၄ ပိဿာ၊ ကြက်ဥ ၁၀၀၀ လုံး၊ နွားနို့ ၇ ပိဿာနှင့် တပ်မတော် စက်ရုံများမှထွက်ရှိသည့် စည်သွတ်ဘူးများ၊ စားသောက်ကုန်၊ အဝတ်အထည်နှင့်လူသုံးကုန်ပစ္စည်း ၂၆ မျိုးတို့ကို ပြင်ပပေါက် ဈေးထက် သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးခဲ့သည်။

ယင်းသို့ဆောင်ရွက်နေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွား ရောက်ကြည့်ရှုအားပေးကာ ဝိသုဒ္ဓါရုံသိမ်ဥူး စာသင်တိုက်ဆရာတော် ဘဒ္ဒန္တသောပါန အား ဖူးမြော်ကာ သင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့သည်။

အလားတူ ဆေးကုသရေးအဖွဲ့က ပြည် မြို့နယ်၊ ရွာမအုပ်စု၊ ချောင်းခြားကျေးရွာရှိ သံဃာတော်သုံးပါးနှင့် ဒေသခံပြည်သူ ၂၁၃ ဦးတို့ကို အဆိုပါကျေးရွာဘုန်းတော် ကြီးကျောင်း၌လည်းကောင်း၊ ရွှေကျင်မြို့ နယ်၊ ဝင်းခနိမ့်ကျေးရွာရှိ သံဃာတော်ငါးပါးနှင့် ဒေသခံပြည်သူ ၁၇၃ ဦးတို့ကို အဆိုပါ ကျေးရွာဘုန်းတော်ကြီးကျောင်း၌လည်း ကောင်း ဖျားနာရောဂါ၊ အရိုး/အကြော ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက် ၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသ ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News