ဟားခါးၿမိဳ႔နယ္၊ ဇာထာလ္ေက်းရြာရွိ ေဒသခံတုိင္းရင္းသားျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္

 

ဟားခါးၿမိဳ႔နယ္၊ ဇာထာလ္ေက်းရြာရွိ ေဒသခံတုိင္းရင္းသားျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္

ေနျပည္ေတာ္ ေဖေဖာ္၀ါရီ ၂၂

ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕နယ္၊ ဇာထာလ္ေက်းရြာရွိ ေဒသခံတုိင္းရင္းသားျပည္သူ မ်ားကုိ ယေန႔နံနက္ပုိင္း တြင္ အေနာက္ေျမာက္တုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ ေဆးကုသေရးအဖြဲ႕က အဆုိပါေက်းရြာရွိ ခရစ္ယာန္ ဘုရားရွိခုိးေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ ေပးသည္။

ထုိသုိ႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေဒသခံတုိင္းရင္းသားျပည္သူ ၁၄၂ ဦးတုိ႔အား ေသြးတုိး ေရာဂါ၊ အစာအိမ္ႏွင့္ အူလမ္းေၾကာင္းဆုိင္ရာေရာဂါ၊ အ႐ုိး/အေၾကာေရာဂါ၊ အသက္႐ွဴလမ္းေၾကာင္း ဆုိင္ရာေရာဂါ၊ မ်က္စိေရာဂါ၊ ကေလးေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ယင္းသုိ႔ေဆာင္ရြက္ေနမႈမ်ားကုိ ဟားခါး တပ္နယ္မွ တာ၀န္ရွိသူမ်ားက သြားေရာက္ ၾကည့္႐ႈအားေပးၿပီး လိုအပ္သည္မ်ား ညိႇႏႈိင္းေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

ဟားခါးမြို့နယ်၊ ဇာထာလ်ကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၂၂

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဇာထာလ်ကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူ များကို ယနေ့နံနက်ပိုင်း တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူ ၁၄၂ ဦးတို့အား သွေးတိုး ရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်နေမှုများကို ဟားခါး တပ်နယ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News