ထိုင္းဘုရင့္ေရတပ္မွ စစ္ေရယာဥ္တစ္စင္း ျပန္လည္ထြက္ခြာ

 

ထိုင္းဘုရင့္ေရတပ္မွ စစ္ေရယာဥ္တစ္စင္း ျပန္လည္ထြက္ခြာ

ေနျပည္ေတာ္ ေဖေဖာ္၀ါရီ ၂၂

ျပည္ေထာင္စုသမၼတျမန္မာႏုိင္ငံသို႔ ခ်စ္ၾကည္ေရးခရီးအလည္အပတ္ေရာက္ရွိ ေနသည့္ ထိုင္းဘုရင့္ ေရတပ္မွ စစ္ေရယာဥ္  HTMS KRABURI သည္ ယေန႔မြန္းလြဲ ပိုင္းတြင္ ရန္ကုန္ၿမိဳ႕၊ သီလ၀ါဆိပ္ကမ္း MITT  တံတားမွ ျပန္လည္ထြက္ခြာရာ တပ္မေတာ္(ေရ)မွ အရာရွိႀကီးမ်ား၊ အရာရွိ၊ စစ္သည္မ်ားႏွင့္ ျမန္မာႏုိင္ငံဆိုင္ရာ ထုိင္းေရတပ္စစ္သံမွဴးတို႔က ပို႔ေဆာင္ႏႈတ္ဆက္ ၾကသည္။

အဆုိပါစစ္ေရယာဥ္တြင္ အဖြဲ႕ေခါင္းေဆာင္အျဖစ္  3rd Naval Area Command မွ  Deputy Commander Rear Admiral Chanchaiyos Audsuwe ဦးစီး၍ အရာရွိ၊ စစ္သည္ စုစုေပါင္း ၂၃၇ ဦးလိုက္ပါလာၿပီး ေဖေဖာ္၀ါရီ ၁၆ ရက္မွ ယေန႔အထိ ခုနစ္ရက္ၾကာခရီးစဥ္ အတြင္း ၿမိတ္ၿမိဳ႕ႏွင့္ ရန္ကုန္ၿမိဳ႕တုိ႔ရွိ အထင္ ကရေနရာမ်ားအား ေလ့လာေရးခရီးမ်ား သြားေရာက္ျခင္းႏွင့္ ႏွစ္ႏိုင္ငံေရတပ္ ခ်စ္ၾကည္ေရး အားကစား ၿပိဳင္ပြဲမ်ားျပဳလုပ္ ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ်တစ်စင်း ပြန်လည်ထွက်ခွာ

နေပြည်တော် ဖေဖော်ဝါရီ ၂၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးအလည်အပတ်ရောက်ရှိ နေသည့် ထိုင်းဘုရင့် ရေတပ်မှ စစ်ရေယာဉ်  HTMS KRABURI သည် ယနေ့မွန်းလွဲ ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT  တံတားမှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းရေတပ်စစ်သံမှူးတို့က ပို့ဆောင်နှုတ်ဆက် ကြသည်။

အဆိုပါစစ်ရေယာဉ်တွင် အဖွဲ့ခေါင်းဆောင်အဖြစ်  3rd Naval Area Command မှ  Deputy Commander Rear Admiral Chanchaiyos Audsuwe ဦးစီး၍ အရာရှိ၊ စစ်သည် စုစုပေါင်း ၂၃၇ ဦးလိုက်ပါလာပြီး ဖေဖော်ဝါရီ ၁၆ ရက်မှ ယနေ့အထိ ခုနစ်ရက်ကြာခရီးစဉ် အတွင်း မြိတ်မြို့နှင့် ရန်ကုန်မြို့တို့ရှိ အထင် ကရနေရာများအား လေ့လာရေးခရီးများ သွားရောက်ခြင်းနှင့် နှစ်နိုင်ငံရေတပ် ချစ်ကြည်ရေး အားကစား ပြိုင်ပွဲများပြုလုပ် ခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News