ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက်သောင်းကျန်းသူများက အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေသည့် အခြေအနေများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ စည်းကမ်းဖောက်ဖျက်မှုများ၊ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန် ပြန်ကြား

 

ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက်သောင်းကျန်းသူများက အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေသည့် အခြေအနေများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ စည်းကမ်းဖောက်ဖျက်မှုများ၊ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ ကောက်နုတ်ဖော်ပြချက်

နေပြည်တော်  ဖေဖော်ဝါရီ  ၂၂

တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက် သောင်းကျန်းသူများက အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေသည့် အခြေအနေများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ စည်းကမ်းဖောက်ဖျက်မှုများ၊ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲအား ယနေ့မွန်းလွဲ ၂ နာရီမှ ညနေ ၃ နာရီ မိနစ် ၂၀ အထိ တပ်မတော်စစ်သမိုင်းပြတိုက်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။  အဆိုပါသတင်းစာရှင်းလင်းပွဲသို့   တပ်မတော်သတင်းမှန်ပြန်ကြားရေး ကော်မတီအဖွဲ့ဝင် ၁၀ ဦးနှင့် ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများ၊ စုစုပေါင်း သတင်းဌာန ၂၈ ခုမှ သတင်းထောက် ၅၀ ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသည့် သတင်းထောက်များကသိလိုသည်များကို မေးမြန်းခဲ့ကြရာ တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဒုတိယဥက္ကဌ  ဗိုလ်ချုပ်ထွန်းထွန်းညီနှင့် အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားခဲ့သည်-

 

ဗိုလ်ချုပ်စိုးနိုင်ဦး က  ဦးစွာနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ယခုလ သတင်းစာရှင်းလင်းပွဲတွင် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်သည့် အချက်များအနက် အဓိကကျသော အချက်များအား ထုတ်နုတ်ပြောကြားသွားမည်ဖြစ်ကြောင်း၊  ဖေဖော်ဝါရီလအတွင်း  မိမိတပ် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအနေဖြင့်  ၁၁ ကြိမ်ရှိခဲ့ကြောင်း၊ TNLA နှင့် ၆ ကြိမ်၊ MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့ဖြင့် ၂ ကြိမ်၊ KIA အဖွဲ့နှင့် ၂ ကြိမ်၊ RCSS/SSA အဖွဲ့နှင့် ၁ ကြိမ်၊  စုစုပေါင်း ၁၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ယခင်လများနှင့်နှိုင်းယှဉ်ပါက တိုက်ပွဲဖြစ်ပွားမှုလျော့ကျခဲ့သည်ကိုတွေ့ရှိရကြောင်း၊ နယ်မြေကျော်လွန်လှုပ်ရှားမှု အနေဖြင့် TNLA အဖွဲ့ ၁၇ ကြိမ်၊ RCSS/SSA ၉ ကြိမ်၊ SSA (ဝမ်ဟိုင်း)အဖွဲ့ ၃ ကြိမ်၊ KIA အဖွဲ့ ၃ ကြိမ်၊ TNLA နှင့် SSA (ဝမ်ဟိုင်း)ပူးပေါင်းအဖွဲ့ ၁ ကြိမ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆက်ကြေးကောက်ခံမှုအနေဖြင့် SSA(ဝမ်ဟိုင်း)အဖွဲ့မှ ၁ ကြိမ် ဆောင်ရွက်ခဲ့ပါကြောင်း၊ လူသစ်စုဆောင်းမှု အနေဖြင့် KIA အဖွဲ့မှ ၄ ကြိမ်၊ TNLA အဖွဲ့မှ ၂ ကြိမ်၊ SSA (ဝမ်ဟိုင်း) အဖွဲ့မှ ၁ ကြိမ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဖေဖော်ဝါရီလအတွင်း  စည်းကမ်းဖောက်ဖျက်မှုများလျော့နည်းသွားသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့စည်းကမ်းဖောက်ဖျက်မှုများ လျော့နည်းသွားခြင်း၏ အကျိုးရလဒ်အနေဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများ လျော့ကျနေသည်ကိုတွေ့ရှိရကြောင်း၊   ထို့ကြောင့် ၂၀၂၀ ပြည့်နှစ်အတွက် ရလဒ်ကောင်းဖြင့် စတင်သည်ဟု    ပြောကြားလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်ပြီး မူးယစ်ဆေးဝါးဖမ်းဆီး ရမိမှုများအား ထုတ်နုတ်ပြောကြားသွား မည်ဖြစ်ပါကြောင်း၊ အဓိကဖမ်းဆီး ရမိသောဒေသ ၄ ခုအား   ဖော်ပြသွားမည်ဖြစ်ပါကြောင်း၊  ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း အများဆုံးအနေဖြင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေတွင် ခန့်မှန်းမြန်မာကျပ်ငွေ တန်ဖိုး ၁၀ ဒသမ ၈ ဘီလီယံ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နယ်မြေတွင်  ခန့်မှန်းမြန်မာကျပ်ငွေတန်ဖိုး ၉ ဒသမ ၉ ဘီလီယံ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေတွင် ခန့်မှန်းမြန်မာကျပ်ငွေတန်ဖိုး ၂ ဒသမ ၉ ဘီလီယံ၊   အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွင် ခန့်မှန်းမြန်မာကျပ်ငွေတန်ဖိုး ၁ ဒသမ ၇ ဘီလီယံဖမ်းဆီး ရမိခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ နေပြည်တော် NRPC တွင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့်  JICM အစည်းအဝေး ဆုံးဖြတ်ချက်အကောင်အထည်ဖော်ရန်အတွက် အစည်းအဝေးများကို ရန်ကုန်မြို့ရှိ NRPC ၌ အစိုးရ၊   လွှတ်တော်၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့်  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ တွေ့ဆုံဆွေးနွေးမှုများ ကျင်းပပြုလုပ်ခဲ့ကြကြောင်း၊ အကျိုးရလဒ်အနေဖြင့် မတ်လတွင် UPDJC နှင့် JMC အစည်းအဝေးများပြုလုပ်ရန် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအကောင်အထည်ဖော်မည့် တရားဝင် အစည်းအဝေးပွဲများ ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် ဆောင်ရွက်လာနိုင်မည်ဟု ပြောကြားလိုကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မနေ့ကပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးမှလည်း   ပြောကြားခဲ့ပြီး ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်  ဗိုလ်ချုပ်ထွန်းထွန်းညီက ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက်သောင်းကျန်းသူများက ကုမ္ပဏီ ဝန်ထမ်းများ၊ မြို့နယ်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အစိုးရဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့အရပ်သား ပြည်သူများလူထုများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အဓမ္မပြုကျင့်နှိပ်စက်ခြင်း၊ လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်း ပစ်ခတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများနှင့် ပတ်သက်၍ သတင်းများ ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ သတင်းများကို ခြုံငုံပြီးကြည့်မည်ဆိုပါက မိမိတို့ တပ်မတော်အနေဖြင့် အကြမ်းဖက် သောင်းကျန်းသူများ၏ လုပ်ရပ်များကို ပြည်သူလူထုသိရှိအောင် သတင်းများထုတ်ပြန် ပေးခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

News Watch သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက မေးမြန်းရာတွင် AA အကြမ်းဖက်သောင်းကျန်းသူတွေရဲ့လက်ရှိလှုပ်ရှားမှုများသည် အရပ်သားများကို  သတ်ဖြတ်ခြင်း၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေရဲ့လှုပ်ရှားမှုများ၊ တပ်မတော်အရာရှိများအား သတ်ဖြတ်ခြင်း၊ ကျောင်းဆရာများကို သတ်ဖြတ်ခြင်းများ၊ NLD ပါတီဝင်များရဲ့  ပုဂ္ဂိုလ်များကို သတ်ဖြတ်ခြင်းများကြောင့် တော်တော်လေး လှုပ်လှုပ်ရှားရှား ဖြစ်လာကြောင်း၊ ဒီလိုဖြစ်လာသည့်အပေါ် မိမိတို့အနေဖြင့် သိထားသည်မှာ ၁၉၄၈ ခုနှစ် နိုင်ငံတော်ပုန်ကန်မှု အက်ဥပဒေနဲ့ အကျုံးဝင်ကြောင်း၊ တရားစွဲဆိုမှုလုပ်ဆောင်ထားတာ လက်ရှိအချိန်မှာ လုပ်ဆောင်ထားတာ မရှိသေးကြောင်း၊ မရှိသေးတဲ့အပြင် AA ကို အကြမ်းဖက်ဟူ၍လည်း   တရားဝင် ကြေညာတာ မရှိသေးကြောင်း၊ မရှိသေးသည့်အတွက် ၂၁-၂-၂၀၂၀  ရက်နေ့က  သမ္မတရုံး သတင်းစာ ရှင်းလင်းပွဲတွင် ဒီလိုလှုပ်ရှားမှုမျိုးကို အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်ဟုယူဆထားကြောင်း၊ တစ်ဖက်က အမျိုးသား ရင်ကြားစေ့ရေးလမ်းကြောင်းသို့သွားနေသည့်အတွက် စားပွဲဝိုင်းမှာခေါ်ပြီး ဆွေးနွေး နေသည့်အတွက် ပြည်သူများ၏အမြင်နှင့် အခြားသူများ၏အမြင်တွင်  ယခုလိုမျိုးအမျိုးသားရင်ကြားစေ့ရေးလုပ်ပြီး စားပွဲဝိုင်းမှာ ဆွေးနွေးပြီးပြန်သည့်အခါ တိုက်ပွဲတွေဖြစ်နှင့် ဒီလိုနဲ့ပဲ သံသရာလည်နေကြောင်း၊ ငြိမ်းချမ်းရေးလည်း လုပ်နေသည်မှာ ကြာနေပြီဖြစ်သည့်အတွက် အမျိုးသားရင်ကြားစေ့ရေးသာ ဆက်လုပ်နေမည်ဆိုပါက နောက်ထပ် အဖွဲ့များ ထပ်မံပေါ်ပေါက်လာပါက တပ်မတော်အနေဖြင့် ဆက်တိုက်ရဦးမှာဖြစ်ကြောင်း၊ ၎င်းင်းအပေါ်တွင် တပ်မတော်အနေဖြင့် မည်ကဲ့သို့  message  ပေးချင်လဲဟု မေးမြန်းလိုကြောင်းနှင့် ဘယ်လိုမျိုး သဘောထားရှိလဲဆိုတာ သိလိုကြောင်း၊ တပ်မတော်နေ့အခမ်းအနားကို (၇၅)နှစ်မြောက် စိန်ရတု အထိမ်းအမှတ်အဖြစ် တပ်မတော်ကနေ ကြီးကျယ်ခမ်းနားစွာဆောင်ရွက်မည်ဟု ကြားသိရကြောင်း၊ သို့သော် တစ်ဖက်မှာ တပ်မတော်နေ့ဆိုပြီး ပြောနေသလို တစ်ဖက်တွင် တော်လှန်ရေးနေ့ဟု အမည်ပြောင်းပြီး လုပ်ဆောင်နေမှု များလည်းရှိကြောင်း၊ ဒါကလည်း နှစ်စဉ် ကြုံတွေ့နေရကြောင်း၊  ဒါနဲ့ပတ်သက်ပြီး ပြည်သူများ အနေဖြင့် မရှင်းမလင်းဖြစ်နေကြောင်း၊ ဒါနဲ့ပတ်သက်ပြီး  ဘယ်ဟာကို အမှန်ယူရမလဲ၊ တပ်မတော်ရဲ့ သဘောထား ကို သိလိုကြောင်းမေးမြန်းသည်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားရာတွင် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် အခြေအနေနှင့်ပတ်သက်ပြီး ဖြေကြားရမည်ဆိုပါက ရခိုင်ပြည်နယ်၏ စစ်ရေး အခြေအနေ၊ ရခိုင်ပြည်နယ်၏ လုံခြုံရေး အခြေအနေများကို တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲများတွင် ဥက္ကဋ္ဌ၊  ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့မှ ရှင်းလင်းပြောကြားပေးလျက် ရှိကြောင်း၊ နေ့စဉ်သတင်းမီဒီယာများ၏ မေးမြန်းချက်များကိုလည်း ဖြေကြားပေးလျက်ရှိကြောင်း၊ AA ၏လုပ်ရပ်များသည် အကြမ်းဖက်မှုလုပ်ရပ် ဟုတ်၊ မဟုတ်ကို စိစစ်ကြည့်မည်ဆိုပါက အားလုံးသိနိုင်မည် ဖြစ်ကြောင်း၊ နံပါတ်တစ်အနေဖြင့် စစ်ပွဲများ၏ သဘောသဘာဝအရ နှစ်ဖက်ယှဉ်ပြိုင်ပြီး လက်နက်စွဲကိုင်သူ အချင်းချင်း စစ်တိုက်နေခြင်းကိုမပြောလိုကြောင်း၊ နံပါတ်နှစ်အချက်အနေဖြင့် ဖမ်းဆီးသွားသူများကို ကြည့်မည်ဆိုပါက AA အကြမ်းဖက် သောင်းကျန်းသူဘက်က အမြဲပြောနေသည်မှာ သူတို့ဖမ်းဆီးသွား သူများသည် တပ်နှင့်ဆက်နွှယ်နေသူများ၊ တပ်ကိုသတင်းပေးနေသည့်သူများဟု အမြဲတမ်း စွပ်စွဲပြောမှု ရှိကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်ပြီးလည်း ရှင်းလင်းပြောကြားလိုကြောင်း၊ AA ၏ ဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး တစ်ယောက်ချင်းဖမ်းဆီးမှုများကို မပြောဘဲ အစုလိုက် အပြုံလိုက် ဖမ်းဆီးမှုများကို ပြောလိုကြောင်း၊ ပလက်ဝမြို့နယ်၊ ကင်းတလင်းရွာမှ ကျောင်းသူ၊ ကျောင်းသားနှင့် ရွာသူ၊ ရွာသား ၁၃၀ ဦးခန့်ကို  ဖမ်းဆီးသွားခြင်းသည် တပ်နှင့်ဆက်နွှယ်မှုရှိသလား။ နံပါတ်နှစ်မေးခွန်းအနေဖြင့် ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်တွင် ဖမ်းဆီးသွားသည့်သူများအနက် မီးသတ်တပ်ဖွဲ့ဝင်များဖြစ်သည်ဟု သူတို့မှန်းသိ ကိုယ်တိုင်ဝန်ခံကြောင်း၊ အဆိုပါလူများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ၎င်းလူများသည် တပ်မတော်နှင့် ဆက်နွှယ်သည့် လူတွေလား၊ တပ်ကိုသတင်းပေးနေသည့် လူတွေလားဟုမေးလိုကြောင်း၊ ဖမ်းဆီးသွား တိုင်းမှာလည်း အကြောင်းပြချက်အမျိုးမျိုး ပေးကြောင်း၊ တပ်နှင့်ဆက်နွှယ်နေသည့် သူများလည်း ဖမ်းဆီးခံရကြောင်း၊ ယခင် သတင်းစာရှင်းလင်းပွဲမှာလည်း ပြောခဲ့ပြီးဖြစ်ကြောင်း။ သို့သော် ၎င်းတို့ဖမ်းဆီးသည့် လူတိုင်းသည် တပ်မတော်နဲ့ဆက်နွှယ်နေတာ မဟုတ်ကြောင်း၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များကို ဖမ်းဆီးသွားကြောင်း၊ ရဲအမှုထမ်းဟောင်းများကို ဖမ်းဆီးသွားတာရှိကြောင်း၊ ရဲတပ်ဖွဲ့ဝင်တွေ ဈေးသွားဝယ် တာကို ဓားနဲ့ထိုးတာမျိုးတွေရှိကြောင်း၊ ဖမ်းဆီးသွားတာလည်းရှိကြောင်း၊ ၎င်းလုပ်ရပ်များသည် အကြမ်းဖက် လုပ်ရပ်များပင်ဖြစ်ကြောင်း၊ ဒီလုပ်ရပ်ကို အကြမ်းဖက်လုပ်ရပ်ဟု မသတ်မှတ်ရင် ဘယ်လိုလုပ်ရပ်မျိုးကို သတ်မှတ်ရမှာလဲ၊ အကြမ်းဖက်လုပ်ရပ်အပြင် စစ်ရာဇဝတ်မှုကျူးလွန်ခြင်း၊ တည်ဆဲဥပဒေအရ ရာဇဝတ်မှုတွေ ကျူးလွန်တာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်တာ၊ ငြိမ်းချမ်းရေးစကားဝိုင်း လုပ်တာကတစ်ပိုင်း၊ သို့သော် ဒီလိုအကြမ်းဖက်လုပ်နေသည့် သူများကိုတော့ အကြမ်းဖက်ဟု သတ်မှတ်မှသာလျှင် ၎င်းတို့အနေဖြင့် ရပ်တန့်သွားမည်ဟုမြင်ကြောင်း၊ နောက်တစ်ချက်မှာ ပြည်သူလူထုရဲ့ ဖွံ့ဖြိုးတိုးတက်မှုများနဲ့ ပတ်သက်ပြီး နှောင့်နှေးစေမှုဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သည် ဖွံ့ဖြိုးတိုးတက်မှု နောက်အကျဆုံးပြည်နယ်ထဲတွင် ပါဝင်ကြောင်း။ ယခင် သတင်းစာရှင်းလင်းပွဲများတွင်လည်း တပ်မတော် အစိုးရလက်ထက်တွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မည်ကဲ့သို့ဆောင်ရွက်ခဲ့သည်ကို ရှင်းလင်းခဲ့ပြီး ဖြစ်ကြောင်း၊ ယခင်က ရခိုင်ပြည်နယ်ကို ဆက်သွယ်ရန်အတွက် ကုန်းလမ်းတစ်လမ်းသာ ရှိခဲ့ကြောင်း၊ ပြည်မှ တောင်ကုတ်ကိုသွားသည့်  လမ်းသာရှိခဲ့ကြောင်း၊ တပ်မတော်အစိုးရ လက်ထက်တွင် အတွင်းပိုင်းအထိ သွားလို့ရအောင် မင်းဘူး ဘက်မှ၊ စာမျက်နှာ ၁၅ မှအဆက် မီးသတ်တပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု သူတို့သိမှန်းကိုယ်တိုင် ဝန်ခံကြောင်း၊ အဆိုပါလူများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ၎င်းလူများသည် တပ်မတော်နှင့် ဆက်နွှယ်သည့် လူတွေလား၊ တပ်ကိုသတင်းပေးနေသည့် လူတွေလားဟု မေးလိုကြောင်း၊ ဖမ်းဆီးသွားတိုင်းမှာလည်း အကြောင်းပြချက်အမျိုးမျိုး ပေးကြောင်း၊ တပ်နှင့်ဆက်နွှယ် နေသည့်သူများလည်း ဖမ်းဆီးခံရကြောင်း၊ ယခင် သတင်းစာရှင်းလင်းပွဲမှာလည်း ပြောခဲ့ပြီးဖြစ်ကြောင်း၊  သို့သော် ၎င်းတို့ဖမ်းဆီးသည့်လူတိုင်းသည် တပ်မတော်နဲ့ဆက်နွှယ်နေတာ မဟုတ်ကြောင်း၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များကို ဖမ်းဆီးသွားကြောင်း၊ ရဲအမှုထမ်းဟောင်းများကို ဖမ်းဆီးသွားတာရှိကြောင်း၊ ရဲတပ်ဖွဲ့ဝင်တွေ   ဈေးသွားဝယ်တာကို ဓားနဲ့ထိုးတာမျိုးတွေရှိကြောင်း၊ ဖမ်းဆီးသွားတာလည်းရှိကြောင်း၊ ၎င်းလုပ်ရပ်များသည်   အကြမ်းဖက်လုပ်ရပ်များပင်ဖြစ်ကြောင်း၊ ဒီလုပ်ရပ်ကို အကြမ်းဖက်လုပ်ရပ်ဟု မသတ်မှတ်ရင် ဘယ်လို လုပ်ရပ်မျိုးကို သတ်မှတ်ရမှာလဲ၊ အကြမ်းဖက်လုပ်ရပ်အပြင် စစ်ရာဇဝတ်မှုကျူးလွန်ခြင်း၊ တည်ဆဲဥပဒေအရ ရာဇဝတ်မှုတွေ ကျူးလွန်တာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်တာ၊ ငြိမ်းချမ်းရေး စကားဝိုင်း လုပ်တာကတစ်ပိုင်း၊ သို့သော် ဒီလိုအကြမ်းဖက်လုပ်နေသည့်သူများကိုတော့ အကြမ်းဖက်ဟု သတ်မှတ်မှသာလျှင် ၎င်းတို့အနေဖြင့် ရပ်တန့်သွားမည်ဟုမြင်ကြောင်း၊ နောက်တစ်ချက်မှာ ပြည်သူလူထုရဲ့ ဖွံ့ဖြိုးတိုးတက်မှုများနဲ့ပတ်သက်ပြီး နှောင့်နှေးစေမှုဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သည် ဖွံ့ဖြိုးတိုးတက်မှု နောက်အကျဆုံးပြည်နယ်ထဲတွင် ပါဝင်ကြောင်း၊  ယခင် သတင်းစာရှင်းလင်းပွဲများတွင်လည်း တပ်မတော် အစိုးရ လက်ထက်တွင်   ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် မည်ကဲ့သို့ ဆောင်ရွက်ခဲ့သည်ကို ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း၊ ယခင်က ရခိုင်ပြည်နယ်ကို ဆက်သွယ်ရန်အတွက် ကုန်းလမ်းတစ်လမ်းသာ ရှိခဲ့ကြောင်း၊ ပြည်မှတောင်ကုတ်ကိုသွားသည့်လမ်းသာရှိခဲ့ကြောင်း၊ တပ်မတော် အစိုးရ လက်ထက်တွင် အတွင်းပိုင်းအထိသွားလို့ရအောင် မင်းဘူးဘက်မှစစ်တွေဘက်အထိ  အမ်း-ကျောက်တော်-မြောက်ဦးတို့ကို ဖြတ်၍ ဖောက်ခဲ့တဲ့လမ်းဖြစ်လာကြောင်း၊ ခုအချိန်အထိ ရခိုင်ပြည်နယ်တိုးတက်ပြီလားဆိုရင် မတိုးတက် သေးကြောင်း၊ အဓိကမှာ လမ်းပန်းဆက်သွယ်ရေး၊  ပညာရေးအစစအရာရာ နိမ့်ကျလျက်ရှိကြောင်း၊ တိုးတက်မှု နောက်ကျဆုံးထဲမှာပါသည့် ချင်းပြည်နယ်နှင့်ပါကပ်နေကြောင်း၊ ချင်းပြည်နယ်ထဲမှာမှ လမ်းပန်းခက်ခဲမှု အခက်ခဲဆုံးကပလက်ဝဆို သည့်နေရာဖြစ်ကြောင်း၊ ပလက်ဝဆိုသည့် နေရာသည် အိန်္ဒိယမှ စီမံကိန်း ဆောင်ရွက်နေတာရှိကြောင်း၊ စီမံကိန်းသည် AA ၏ နှောင့်ယှက်မှု အမျိုးမျိုးခံရကြောင်း၊ ပထမဆုံး ပလက်ဝတံတား တည်ဆောက်ရန် သံပေါင်များသယ်လာသည့် သင်္ဘောကို မီးရှို့ခံခဲ့ရကြောင်း၊ နောက်တစ်ကြိမ်တွင် ပလက်ဝလမ်း စီမံကိန်းတွင်ပါသည့် အိန်္ဒိယနိုင်ငံသားများအား ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရကြောင်း၊ တစ်ယောက်သေသွားခဲ့ကြောင်း၊ ၎င်းအိန်္ဒိယ နိုင်ငံသားများသည်လည်း တပ်မတော်နဲ့ ပတ်သက်နေလို့လား၊  ဒါတွေဟာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျအောင်လုပ်နေတာလို့ မြင်ကြောင်း၊ အဆိုပါ လုပ်ရပ်များသည် လူတွေကိုဖမ်းဆီးတာထက် အပြစ်ကြီးသည်ဟု မြင်မိကြောင်း၊ ဘာဖြစ်လို့လဲဆိုတော့ ဒေသတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခြင်း၊ ပညာရေး နောက်ကျခြင်းဆိုတာတွေသည် ယခုလက်ရှိ ဖြစ်နေသည့် လူတွေသာခံစားရခြင်းမဟုတ်ဘဲ နောင်အနာဂတ်မျိုးဆက်သစ်တွေပါ ခံစားရမည်ဖြစ်ကြောင်း၊ အဲဒီလိုလူမျိုးကိုမှ အကြမ်းဖက်လို့မသတ်မှတ်ရင် ဘယ်လိုသတ်မှတ်ရမှာလဲ၊ နောက်တစ်ချက်ကတော့ သူတို့ရဲ့ အဓိကစီးပွားရေး လုပ်ငန်းသည် မူးယစ်ဆေးဝါး လုပ်ငန်းများသာဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါး လုပ်ငန်း ဖြစ်တယ်လို့ ဘာကြောင့်ပြောသလဲ ဆိုတော့ အထောက်အထားများနှင့် ပြောပြီးဖြစ်ကြောင်း၊ AA မှာ ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိသူတစ်ယောက်  ရန်ကုန်မြို့မှာဖမ်းမိခဲ့ကြောင်း၊ မူးယစ်ဆေးဝါးအမြောက်အမြားနှင့် လက်နက်တွေဖမ်းမိကြောင်း၊ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်တွင်ဖြစ်ခဲ့ကြောင်း၊ ဗဗ မှာ ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိတဲ့ အောင်မြတ်ကျော်(ခ)ညီညီစိုး(ခ)မင်းခန့် ၂၆ နှစ်ကိုဖမ်းမိခဲ့ကြောင်း၊ ၎င်းအားစစ်ဆေးသည့်အခါ  မြောက်ဥက်္ကလာပမြို့နယ်ရှိ ၎င်းင်း၏နေအိမ်တွင် WY စာတန်းပါ စိတ်ကြွဆေးပြားပေါင်း သုံးသိန်းကျော် ဖမ်းမိခဲ့ကြောင်း၊  ထို့ပြင် လက်နက်များပါ ဖမ်းဆီးရမိကြောင်း၊ ထပ်မံစစ်ဆေးဖော်ထုတ်ရာတွင် ကျောက်ဖြူ၊ ရမ်းဗြဲနယ်ဘက်၊ ပုစွန်ကန်ဘက်မှာ RPG ၆ လက်အပါအဝင်၊ TNT ယမ်းထုပ် ၄၅ ထုပ်နဲ့ မူးယစ်ဆေးဝါးတွေ ထပ်မံဖမ်းမိခဲ့ကြောင်း၊ အဲဒီအချိန်ကတည်းက ဒါကိုအခြေခံပြီး လုပ်နေတာဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊  နိုဝင္ဘာ၊ ဒီဇင္ဘာလေလာက္က AA  ရဲ့အမာခံ ရက်ခုံခိုင်ကျေးရွာမှ ရွာလူကြီးတစ်ဦး၏ နေအိမ်တွင် မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများ ဖမ်းမိခဲ့သည်များကိုလည်း သတင်းထုတ်ပြန်ပြီးဖြစ်ပါကြောင်း၊ ဒီလိုမျိုး မူးယစ်ဆေးဝါးနှင့် ရခိုင်ပြည်နယ်ရှိ လူငယ်တစ်ရပ်လုံးအား လူညွန့်တုံးစေရန်လုပ်နေသည်ကို မိမိတို့က အကြမ်းဖက်သမားဟု မသတ်မှတ်လျှင် မည်သို့သတ်မှတ်ရမည်နည်း၊ မိမိအနေဖြင့် သုံးခုသာပြောခြင်းဖြစ်ကြောင်း၊ အပြစ်မဲ့အရပ်သား၊ လူတွေကိုဖမ်းဆီးနေတာတွေ၊ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေတာတွေ၊ မူးယစ်ဆေးဝါး လုပ်နေတဲ့သူတွေ၊ ဖွံ့ဖြိုးတိုးတက်မှုကိုအနှောင့်အယှက် ပေးနေသည့်လူများကိုမှ အကြမ်းဖက်ဟု မသတ်မှတ်ဘူးဆိုရင် ဘယ်လို သတ်မှတ်မလဲ၊ အကြမ်းဖက်ဟု သတ်မှတ်သင့်တယ်လို့ မြင်ပါကြောင်း၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်ပြီး တပ်မတော်အနေဖြင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားခဲ့သည်။ အဆိုပါ မေးခွန်းနှင့် ပတ်သက်၍ ဗိုလ်ချုပ်ထွန်းထွန်းညီက ဖြည့်စွက်ဖြေကြားရာတွင် New Watch သတင်းဌာနမှ မေးသည့်မေးခွန်းနှင့် ပတ်သက်၍ အလွယ်ကူဆုံးနှင့် အရှင်းလင်းဆုံးအားဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းပြီးဖြစ်ပါကြောင်း၊   ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၄) ဥပဒေပြုရေး၊ အခန်း(၅) အုပ်ချုပ်ရေး၊အခန်း(၆) တရားစီရင်ရေး၊ အခန်း(၇) တပ်မတော် ဆိုတာရှိကြောင်း၊ ဥပဒေပြုရေးနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်း၊ လွှတ်တော်တွေက ဘာတွေလုပ်ရမယ်ဆိုတာ ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှာလည်း နိုင်ငံတော်အစိုးရအဖွဲ့ အစည်းအဆင့်ဆင့် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ပုံနည်းလမ်းတွေကို ဖော်ပြထားပြီး ဖြစ်ကြောင်း၊ တပ်မတော်နှင့် ပတ်သက်၍ အခန်း(၇)တွင် ဖော်ပြထားပြီးဖြစ်ကြောင်း၊ ဥပဒေပုဒ်မ(၃၃၇)မှ(၃၄၄)အထိ ဖော်ပြထားပါကြောင်း၊ တပ်မတော်အနေဖြင့် အဆိုပါဥပဒေ ပြဋ္ဌာန်းချက်၊ လုပ်ငန်းတာဝန်များအား ကျေပွန်အောင်ဆောင်ရွက်နေကြောင်း၊ နိုင်ငံတစ်နိုင်ငံဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရသာ သွားရမှာဖြစ်သည့်အတွက် အုပ်ချုပ်ရေးနှင့် ပတ်သက်လျှင် အမြင့်ဆုံး တာဝန်ရှိသည့် အဖွဲ့အစည်းသည် မည်သည့်အဖွဲ့အစည်း ဆိုသည်ကို အခြေခံဥပဒေတွင် ဖော်ပြပြီးဖြစ်သည့် အတွက် တပ်မတော်အနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဖြေကြားရန် မရှိပါကြောင်း ဖြေကြားခဲ့သည်။ ဗိုလ်ချုပ်ထွန်းထွန်းညီက ဒုတိယမေးခွန်းနှင့် ပတ်သက်၍ တော်လှန်ရေးနေ့နှင့် တပ်မတော်နေ့ဆိုသည်မှာ ခေတ်ကာလအခြေအနေ သမိုင်းကြောင်းများကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် စစ်ထွက်မိန့်ခွန်းပြောကြားခဲ့ကြောင်း၊ တော်လှန်ရေး ဆောင်ရွက်ခဲ့သည့် အဆိုပါနေ့ကို တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ပြောင်းလဲလာသည့် အခြေအနေများအရ နောက်ပိုင်းတွင် တော်လှန်ရေးနေ့ဟု ဆက်လက်မသုံးတော့ဘဲ၊ တပ်မတော်နေ့ဟု  တရားဝင်ပြောင်းလဲသုံးနှုန်းဖော်ပြခဲ့သည်ကို ပြန်လည်လေ့လာလျှင် တွေ့ရမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် တပ်မတော်၏ (၇၅)နှစ်မြောက် စိန်ရတု နှစ်ပတ်လည်နေ့ကျရောက်မည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

 

Myanmar Now သတင်းဌာနမှ သတင်းထောက် ဦး ဉာဏ်လှိုင်လင်းက စိန်ရတုတပ်မတော်နေ့ ဖြစ်သည့်အတွက်  ယခင်နှစ်ထက် မည်ကဲ့သို့အစီအစဉ်များ ရှိပါသလဲနှင့် နိုင်ငံတော်သမ္မတကို ဖိတ်ကြားသွားမလဲ၊ ဘယ်လို အခန်းကဏ္ဍကပါမလဲကို သိလိုကြောင်းမေးမြန်းသည်။ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြန်လည်ဖြေကြားရာတွင် တပ်မတော်နေ့ကို ကျင်းပရန်အတွက် စီစဉ်နေမှုများ ရှိပါကြောင်း၊ စိန်ရတု အခမ်းအနားအဖြစ် ထိုက်ထိုက် တန်တန်ဖြစ်အောင် ဆောင်ရွက်နေကြောင်း၊ ဖိတ်ကြားသင့် ဖိတ်ကြားထိုက်သည့် ပုဂ်္ဂိုလ်အားလုံးကို  ဖိတ်ကြားနိုင်ရန် စီစဉ်နေကြောင်း၊ အစိုးရအဖွဲ့နှင့် ပတ်သက်ပြီး သမားစဉ်အရ ဖိတ်ကြားမည့် အစီအစဉ် ရှိကြောင်း၊ ယခင်နှစ်များကလည်း တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ပုဂ်္ဂိုလ်များကို ဖိတ်ကြား ခဲ့သည်များ ရှိကြောင်း၊ ယခုနှစ်တွင်လည်း ဖိတ်ကြားရန်အတွက်စီစဉ်နေကြောင်း၊ တပ်မတော်နေ့တွင် အားလုံးသေချာစွာ သိရမည်ဖြစ်ကြောင်း ဖြေကြားသည်။ ဆက်လက်၍ Myanmar Now သတင်းဌာနမှ သတင်းထောက် ဦးဉာဏ်လှိုင်လင်းက နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်တို့    မည်ကဲ့သို့ တက်မည်ကို သိလိုကြောင်းမေးမြန်းသည်။ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြန်လည်ဖြေကြားရာတွင် သမားစဉ် အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြေကြားသည်။ ဆက်လက်၍ Myanmar Now  သတင်းဌာနမှ သတင်းထောက် ဦးဉာဏ်လှိုင်လင်းက ပြည်ထောင်စုလွှတ်တော်တွင် မကြာခင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မည်ဖြစ်ပြီးပြင်မည်ဆိုလျှင် မဲရာခိုင်နှုန်းအရ လက်ရှိအာဏာရပါတီနှင့် တပ်မတော်အကြား သဘောတူညီမှု တစ်စုံတစ်ရာမရလျှင် ခက်ခဲမည်ကို အားလုံးသိပါကြောင်း၊ လက်ရှိအခြေအနေတွင်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဆွေးနွေး ညှိနှိုင်းခြင်းများ ရှိပါသလား။ သို့တည်းမဟုတ် သဘောတူညီထားသည်များ  ရှိပါသလား မေးမြန်းသည်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက  ပြန်လည်ဖြေကြားရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပတ်သက်ပြီး  တပ်မတော်၏သဘောထားကို မကြာခဏ ပြောခဲ့ပြီးဖြစ်ကြောင်း၊ လိုအပ်သည်များကို ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ သို့သော် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည့် ဥပဒေအတိုင်းပြင်ရန် သဘောထားရှိကြောင်း၊ ထို့ပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းနှင့် ပတ်သက်ပြီး တပ်မတော်သား ကိုယ်စားလှယ်များက တင်သွင်းထားခြင်းရှိကြောင်း၊ တင်သွင်းထားသည့် ဥပဒေများတွင် မည်သည့်အရာများပါဝင်ကြောင်း သိလိမ့်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အဓိကထားသည့် အရာမှာ တိုင်းရင်းသားများ အရေးနှင့် နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားကို အဓိကထား ကာကွယ်ပေးနိုင်ရန် အတွက် ပြင်ဆင်သင့်သည်ကို တင်ပြထားခြင်းဖြစ်ကြောင်း၊ သတင်းထောက်များကို  လွှတ်တော်အမတ်များ ဖြေကြားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး တပ်မတော် အနေဖြင့် မပြင်နဲ့ဟုမပြောကြောင်း၊ သို့သော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်းပြင်ရန် စည်းမျဉ်းစည်းကမ်းနှင့်အညီ ပြုလုပ်ရန်နှင့်  ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြဋ္ဌာန်းထားသည့် ဥပဒေများအပေါ် လိုက်နာဆောင်ရွက်ကြရန် ပြောနေခြင်းဖြစ်ကြောင်း ဖြေကြားသည်။ ဆက်လက်၍ Myanmar Now  သတင်းဌာနမှ သတင်းထောက် ဦးဉာဏ်လှိုင်လင်းက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ယခုကိစ်္စကိုအကြောင်းပြုပြီး ဆွေးနွေးညှိနှိုင်းခြင်းများ ရှိပါသလားကို သိလိုကြောင်း  မေးမြန်းသည်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားရာတွင် မိမိသိရသလောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလမ်းကြောင်းသည် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၏ လမ်းကြောင်းက သွားမည်ဖြစ်ကြောင်းဖြေကြားသည်။ ဧရာဝတီ သတင်းဌာနမှ သတင်းထောက် ဦးထက်နိုင်ဇော်က မေးမြန်းရာတွင် ICOE အစီရင်ခံစာပါသည့် နေရာများကို တပ်မတော်က  ဘယ်အချိန်လောက် ကွင်းဆင်း စစ်ဆေးမည်လဲ၊ ထိုကိစ်္စနှင့်ပတ်သက်ပြီး တရားရုံးဖွဲ့ပါက ပွင့်လင်းမြင်သာမှု ရှိရန် မည်သို့ဆောင်ရွက်မည်လဲဆိုသည်ကို မေးမြန်းခဲ့သည်။ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြန်လည်ဖြေကြားရာတွင် မနေ့က တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားရှိပြီး ဖြစ်ပါကြောင်း၊ ပြန်လည် ဖတ်ကြည့် စေလိုပါကြောင်း၊ ၎င်းအစီအစဉ်အတိုင်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

ဆက်လက်၍ ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးထက်နိုင်ဇော်က မေးမြန်းရာတွင် ပြီးခဲ့သည့်ရက်ပိုင်းက မြောက်ဦးတွင် မွတ်စလင် လူငယ်တစ်ဦး အသတ်ခံရသည့် ကိစ္စတွင်  AA နှင့် တပ်မတော်က သူ့လက်ချက်၊ ကိုယ့်လက်ချက်ဆိုပြီး  စွပ်စွဲကြကြောင်း၊ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ ဖြစ်အောင် ဆောင်ရွက်နေသည်ဆိုသော စွပ်စွဲချက်များရှိကြောင်း၊ AA အနေဖြင့်လည်း တပ်မတော်က  လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်အောင် လုပ်နေသည်ပြောကြောင်း၊ တပ်မတော်က လူမျိုးရေး၊ ဘာသာရေး ပဋိပက်္ခဖြစ်အောင် လုပ်နေသည်ဆိုသော ဝေဖန်မှုများလည်းရှိနေသည့်အတွက် တပ်မတော်အနေဖြင့် ဘာများ ပြောချင်လဲဆိုတာ သိချင်ပါကြောင်း မေးမြန်းခဲ့သည်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖြေကြားရာတွင် ရခိုင်ပြည်နယ်တွင် လူမျိုးရေး၊ ဘာသာရေးနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်မှာ ပဋိပက်္ခဖြစ်ပါက  ပထမဦးဆုံး စရှင်းရသည့် အဖွဲ့က မည်သည့်အဖွဲ့လဲ ဆိုသည်ကို မိမိအနေဖြင့်မေးချင်ကြောင်း၊ တပ်မတော်ကသာ စရှင်းရသည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် မိမိရှင်းရမည့် ပြဿနာကို ဘယ်တော့မှမဖန်တီးကြောင်း၊  မိမိခဏခဏ ပြောနေသလို  ကိုယ့်လည်ပင်းကို ဘယ်တော့မှ ကြိုးကွင်းမစွပ်ကြောင်း၊ ဘယ်သူကလာစွပ်ခိုင်း နေလဲဆိုသည်ကို သိလိမ့်မည်ဖြစ်ကြောင်း၊ ပေါင်းတုတ်ကျေးရွာဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖြစ်ဖြစ်ချင်းမည်သူမှ မပြောခင် မီဒီယာများကို ပြောခဲ့ကြောင်း၊ တပ်မတော်တွင် ရှိသည့် အကြီးအကဲများကလည်း ထိုကိစ်္စများ အရေးကြီးသည်ကိုသိကြောင်း၊ သိရှိသည့်အတွက် ဖြစ်ပွားပြီးနောက် နာရီပိုင်းအတွင်း တပ်မတော်အနေဖြင့်   မီဒီယာများကိုပြောကြားခြင်း၊ အသိပေးခြင်း၊ သတင်းထုတ်ပြန်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ တချို့မီဒီယာ များက ဆန္ဒစွဲများဖြင့်မေးပြီး ဖော်ပြကြကြောင်း၊ သို့သော်လည်း မိမိပြောချင်သည်မှာ ကာယကံရှင်ကိုသာ မေးပါလို့ ပြောလိုကြောင်း၊ ထိုနေရာတွင် ဖမ်းခံရသည့် လူနှစ်ဦးရှိပြီး ၎င်းအထဲမှ အသတ်ခံရသည့်  လူတစ်ဦးရှိကြောင်း၊ ထွက်ပြေးလာသည့် ဘင်္ဂါလီ တစ်ယောက်ရှိပြီး  ထိုသူသည် စောထူးဖြစ်ကြောင်း၊ ၎င်းကိုမေးမြန်းကြည့်ပါက အဖြစ်အမှန်ကို သိမည်ဖြစ်ကြောင်း၊ ၎င်းတို့ ဖုန်းအသုံးပြုနေစဉ် အတွင်း AA များ ရောက်လာပြီး တပ်ကိုသတင်းပေးနေသော လူတွေလား စွပ်စွဲကာ ဖမ်းချုပ်ကြောင်း၊ စောထူးက ပြန်လွတ်မြောက် လာကြောင်း၊ မောင်တင်လှိုင်ကတော့ နောက်နေ့မနက်တွင် ဓားဒဏ်ရာများဖြင့် သေဆုံး နေသည်ကို တွေ့ရကြောင်း၊ ၁၉ ရက်နေ့ မနက် ၈ နာရီခန့်တွင် မြောက်ဦးတွင်ရှိသည့် ဒုတိယရဲမှူး တစ်ယောက်မှ ဖြစ်စဉ်ဖြစ်ပွားရာနေရာကို ရောက်ရှိစစ်ဆေးခဲ့ပြီး ထိုအတိုင်းပဲဖြစ်သည်ဟု ရွာသူရွာသားများကို ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းတို့ပြန်သွားပြီး ၁၁ နာရီခန့်တွင် နှစ်ဖက်တင်းမာမှုများ ဖြစ်ပွားနေကြောင်း၊ ယခုအခြေအနေတွင် ၁၉ ရက်နေ့ကတည်းက တည်ငြိမ်သွားပြီးဖြစ်ကြောင်း၊ သို့သော် မိမိခဏခဏ ပြောနေသည့် လူမျိုးရေး၊  ဘာသာရေး ပဋိပက္ခကိုဖြစ်အောင်  ဘာကြောင့်လုပ်နေလဲဆိုသည့် အကြောင်း အရာ၊   ICJ က ဆုံးဖြတ်ချက် ထွက်လာပြီးနောက်ပိုင်းမှာမှ ဘူးသီးတောင်၊ မောင်တောဒေသတွင် ရွာထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများရှိကြောင်း၊ မိုင်းထိ၍ သေဆုံးမှုများရှိကြောင်း၊ ဗိုလ်ချုပ်ထွန်းထွန်းညီ ရှင်းလင်းချက် ထဲတွင်ပါကြောင်း၊ ဘင်္ဂါလီ အမျိုးသမီးများကို မုဒိမ်းကျင့်မှုများကို ရုပ်/သံဗီဒီယိုများ ထွက်လာသည့် တိုင်အောင် တပ်ကလုပ်သွားသယောင်မျိုး ပြောသေးကြောင်း၊ သက်သေအခိုင်အလုံ အထောက်အထား အခိုင်အလုံ ရှင်းထား၍သာ ငြင်းလို့မရတာဖြစ်ကြောင်း၊ ထိုဖြစ်စဉ်သည် ရှင်းရှင်းလေး ဖြစ်ကြောင်း၊ တပ်ကလုပ်သည်ဆိုပါက မိမိမေးချင်သည်မှာ ၁၉ ရက်နေ့ ၁၀ နာရီ၊ ၁၁ နာရီခန့်တွင် ဘင်္ဂါလီများက ဖြတ်သွားဖြတ်လာ လုပ်နေသောသူများနှင့် ဘာကြောင့် တင်းမာမှုဖြစ်နေသလဲ၊ တပ်က လုပ်သည်ဟု ပြောကြမည်ဖြစ်ကြောင်း၊ တပ်ကလုပ်ခြင်း မဟုတ်ဘဲ မည်သူလုပ်သည်ကို သိသည့်အတွက် ထိုသူများကိုရိုက်ခြင်း၊သုံးဘီးဆိုင်ကယ်များကို ဖျက်ဆီးခြင်းများ လုပ်နေကြသည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြား ခဲ့သည်။ ဗိုလ်ချုပ်ထွန်းထွန်းညီက ဖြည့်စွက်ရှင်းလင်းရာတွင် သတင်းမီဒီယာများက တပ်မတော်ကို ဘယ်လို အဓိပ္ပာယ် သတ်မှတ်ပါသလဲ၊ AA အကြမ်းဖက်သောင်းကျန်းသူများကို ဘယ်လိုသတ်မှတ်ပါသလဲဟုသာ  မေးလိုကြောင်း၊ မိမိတို့ တပ်မတော်သည် တရားဝင်အဖွဲ့ အစည်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ အစိတ်အပိုင်း ဖြစ်ကြောင်း၊ နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ တပ်မတော်သား အားလုံးသည်လည်း   ပေးအပ်သော နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်နေကြောင်း၊ AA ဟာဘာလဲဆိုသည်ကို မိမိတို့ အကြိမ်ကြိမ် ပြောခဲ့ပြီးပြီဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်ဖော်ပြပါမည်။

Recent News