ျမန္မာ႕ တပ္မေတာ္၏ (၇၅)ႏွစ္ေျမာက္ စိန္ရတု တပ္မေတာ္ေန့ကို ဂုဏ္ျပဳေသာ အားျဖင္႕ လာအုိျပည္သူ႔ တပ္မေတာ္ ယဥ္ေက်းမႈ အဖြဲ႔ စစ္တကၠသိုလ္၌ ေဖ်ာ္ေျဖပြဲ က်င္းပ 

ျမန္မာ႕ တပ္မေတာ္၏ (၇၅)ႏွစ္ေျမာက္ စိန္ရတု တပ္မေတာ္ေန့ကို ဂုဏ္ျပဳေသာ အားျဖင္႕ လာအုိျပည္သူ႔ တပ္မေတာ္ ယဥ္ေက်းမႈ အဖြဲ႔ စစ္တကၠသိုလ္၌ ေဖ်ာ္ေျဖပြဲ က်င္းပ 

ေနျပည္ေတာ္ ေဖေဖာ္၀ါရီ ၂၃

 

 ျမန္မာ-လာအုိ ႏွစ္ႏုိင္ငံတပ္မေတာ္ ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈပုိမုိခုိင္ၿမဲေစရန္၊ ယဥ္ေက်းမႈ အေမြအႏွစ္မ်ား ဖလွယ္ ႏုိင္ရန္ႏွင့္ ၂၀၂၀ ျပည့္ႏွစ္၊ မတ္လ ၂၇ ရက္တြင္က်ေရာက္မည့္ (၇၅)ႏွစ္ေျမာက္ စိန္ရတုတပ္မေတာ္ေန႔ကို ႀကိဳဆုိဂုဏ္ျပဳ ေသာ အားျဖင့္ မႏၱေလးတုိင္း ေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕သို႔ေရာက္ရွိေနေသာ လာအုိျပည္သူ႔တပ္မေတာ္ယဥ္ေက်းမႈအဖြဲ႕သည္ ယေန႔ ညပုိင္းတြင္ စစ္တကၠသိုလ္ရွိ ဘြဲ႕ႏွင္း သဘင္ခန္းမ၌ ေဖ်ာ္ေျဖပြဲက်င္းပသည္။ အဆုိပါေဖ်ာ္ေျဖပြဲသို႔ တပ္မေတာ္ ေလ့က်င့္ေရးအရာရွိခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေအး၊ အလယ္ပုိင္းတိုင္းစစ္ဌာန ခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ေက်ာ္စြာလင္း၊ စစ္တကၠသိုလ္ေက်ာင္းအုပ္ႀကီး ဗိုလ္ခ်ဳပ္ ထင္လတ္ဦးႏွင့္ ျပင္ဦးလြင္တပ္နယ္မွ တပ္မ ေတာ္ ရာရွိႀကီးမ်ား၊ ဗိုလ္ေလာင္းမ်ားႏွင့္ သေႏၶအရာရွိမ်ား၊ လာအုိျပည္သူ႔ တပ္မေတာ္ ယဥ္ေက်းမႈ အဖြဲ႕ ေခါင္းေဆာင္ လာအုိ ျပည္သူ႔ တပ္မေတာ္ Military Propagranda and Training Department ၏ ဒုတိယအႀကီး အကဲ Colonel Khamkheun LEUTSAVAYႏွင့္ လာအုိျပည္သူ႔ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ျမန္မာႏုိင္ငံဆုိင္ရာ လာအုိ ျပည္သူ႔ တပ္မေတာ္ စစ္သံမွဴး Colonel Touy Vilakethႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကည့္႐ႈ အားေပးၾကသည္။

 

 ေရွးဦးစြာ လာအုိျပည္သူ႔မေတာ္ ယဥ္ေက်းမႈအဖြဲ႕မွ Colonel Khamkheun LEUTSAVAY က ႏႈတ္ခြန္းဆက္အမွာ စကား ေျပာၾကားၿပီး လာအုိျပည္သူ႔ တပ္မေတာ္ ယဥ္ေက်းမႈအဖြဲ႕က လာအုိ႐ုိးရာ ယဥ္ေက်းမႈ အဆုိ၊ အတီး၊ အကမ်ား ျမန္မာ ေတးသီ ခ်င္းမ်ားျဖင့္ ေဖ်ာ္ေျဖ တင္ဆက္ ကျပၾကသည္။ ေဖ်ာ္ေျဖပြဲ အခမ္းအနား အၿပီးတြင္ တပ္မေတာ္ ေလ့က်င့္ေရး အရာရွိခ်ဳပ္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအးက ဂုဏ္ျပဳ ပန္းျခင္း ေပးအပ္ၿပီး အမွတ္တရ စုေပါင္း ဓာတ္ပံု႐ုိက္ၾကသည္။ အခမ္းအနား အၿပီးတြင္ ေက်ာင္းအုပ္ႀကီးက လာအုိျပည္သူ႔ တပ္မေတာ္ ယဥ္ေက်းမႈအဖြဲ႕အား ဂုဏ္ျပဳ ညစာစားပြဲျဖင့္ တည္ခင္း ဧည့္ခံခဲ့ေၾကာင္း သတင္းရရွိသည္။  

 

(Unicode Version)

 

မြန်မာ့ တပ်မတော်၏ (၇၅)နှစ်မြောက် စိန်ရတု တပ်မတော်နေ့ကို ဂုဏ်ပြုသော အားဖြင့် လာအိုပြည်သူ့ တပ်မတော် ယဉ်ကျေးမှု အဖွဲ့ စစ်တက္ကသိုလ်၌ ဖျော်ဖြေပွဲ ကျင်းပ 

နေပြည်တော် ဖေဖော်ဝါရီ ၂၃ 

မြန်မာ-လာအို နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မြဲစေရန်၊ ယဉ်ကျေးမှု အမွေအနှစ်များ ဖလှယ် နိုင်ရန်နှင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၇ ရက်တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြု သော အားဖြင့် မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့သို့ရောက်ရှိနေသော လာအိုပြည်သူ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့သည် ယနေ့ ညပိုင်းတွင် စစ်တက္ကသိုလ်ရှိ ဘွဲ့နှင်း သဘင်ခန်းမ၌ ဖျော်ဖြေပွဲကျင်းပသည်။ အဆိုပါဖျော်ဖြေပွဲသို့ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်း၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ပြင်ဦးလွင်တပ်နယ်မှ တပ်မ တော် ရာရှိကြီးများ၊ ဗိုလ်လောင်းများနှင့် သန္ဓေအရာရှိများ၊ လာအိုပြည်သူ့ တပ်မတော် ယဉ်ကျေးမှု အဖွဲ့ ခေါင်းဆောင် လာအို ပြည်သူ့ တပ်မတော် Military Propagranda and Training Department ၏ ဒုတိယအကြီး အကဲ Colonel Khamkheun LEUTSAVAYနှင့် လာအိုပြည်သူ့ တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ လာအို ပြည်သူ့ တပ်မတော် စစ်သံမှူး Colonel Touy Vilakethနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။ 

ရှေးဦးစွာ လာအိုပြည်သူ့မတော် ယဉ်ကျေးမှုအဖွဲ့မှ Colonel Khamkheun LEUTSAVAY က နှုတ်ခွန်းဆက်အမှာ စကား ပြောကြားပြီး လာအိုပြည်သူ့ တပ်မတော် ယဉ်ကျေးမှုအဖွဲ့က လာအိုရိုးရာ ယဉ်ကျေးမှု အဆို၊ အတီး၊ အကများ မြန်မာ တေးသီ ချင်းများဖြင့် ဖျော်ဖြေ တင်ဆက် ကပြကြသည်။ ဖျော်ဖြေပွဲ အခမ်းအနား အပြီးတွင် တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ဂုဏ်ပြု ပန်းခြင်း ပေးအပ်ပြီး အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြသည်။ အခမ်းအနား အပြီးတွင် ကျောင်းအုပ်ကြီးက လာအိုပြည်သူ့ တပ်မတော် ယဉ်ကျေးမှုအဖွဲ့အား ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။  

Recent News