AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားမွ ပစ္ခတ္လိုက္သည္႕ လက္နက္ႀကီး က်ည္မ်ားေက်ာက္ေတာ္ၿမိဳ႔၊ မဟာကံႀကီးရွင္ ဘုရားအနီး ပိုက္သည္ ရပ္ကြက္သို႕က်ေရာက္ေပါက္ကြဲ၍ေဒသခံ တုိင္းရင္းသား ျပည္သူမ်ား ဒဏ္ရာရရွိ 

AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားမွ ပစ္ခတ္လိုက္သည္႕ လက္နက္ႀကီး က်ည္မ်ားေက်ာက္ေတာ္ၿမိဳ႔၊ မဟာကံႀကီးရွင္ ဘုရားအနီး ပိုက္သည္ ရပ္ကြက္သို႕က်ေရာက္ေပါက္ကြဲ၍ေဒသခံ တုိင္းရင္းသား ျပည္သူမ်ား ဒဏ္ရာရရွိ 

ေနျပည္ေတာ္ ေဖေဖာ္၀ါရီ ၂၃ 

 

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္း နယ္ေျမလံုၿခံဳေရးႏွင့္ အုပ္ခ်ဳပ္မႈ ကိစၥရပ္မ်ား ေဆာင္ရြက္သည့္ တပ္မေတာ္ယာဥ္တန္းသည္ ေဖေဖာ္၀ါရီ ၂၂ ရက္ ည ၉ နာရီ ၅ မိနစ္ခန္႔တြင္ မဟာကံႀကီးရွင္ ဘုရားအနီးသို႔ အေရာက္၌ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားက ရီမုမိုင္းႏွစ္လံုးျဖင့္ ေဖာက္ခြဲတုိက္ခိုက္ၿပီး လက္နက္ႀကီး/ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ တုိက္ခိုက္မႈ ျဖစ္စဥ္ျဖစ္ပြားခဲ့သည္။ အဆုိပါ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ပစ္ခတ္တိုက္ခိုက္သည့္ လက္နက္ႀကီး က်ည္မ်ားသည္ ေက်ာက္ေတာ္ၿမိဳ႕၊ ပိုက္သည္ရပ္ကြက္သို႔ က်ေရာက္ေပါက္ကြဲခဲ့သျဖင့္ အဆုိပါရပ္ကြက္ေန ေဒၚႏွင္းႏုေ၀(ဘ) ဦးေမာင္စိန္ အပါအ၀င္ အမ်ဳိးသမီးႏွစ္ဦး၊ အမ်ဳိးသားတစ္ဦးတုိ႔ လက္နက္ႀကီးက်ည္ ထိမွန္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။ 

 

အလားတူ ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္၀ါရီ ၂၈ ရက္တြင္လည္း ေက်ာက္ေတာ္ၿမိဳ႕အတြင္း နယ္ေျမလံုၿခံဳေရး ေဆာင္ရြက္ေနေသာ တပ္မေတာ္စစ္ေၾကာင္းကို AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားက ရပ္ရြာေနျပည္သူလူထု ေနအိမ္မ်ားကို အကာအကြယ္ယူ၍ ေခ်ာင္းေျမာင္း ပစ္ခတ္မႈတုိ႔ေၾကာင့္ မဟာကံႀကီးရွင္ ဘုရား၏မုခ္ဦးႏွင့္ သာသနိက အေဆာက္အအံုမ်ား ထိခိုက္ပ်က္စီးခဲ့ၿပီး ေဒသခံျပည္သူ အမ်ဳိးသမီးတစ္ဦးႏွင့္ အမ်ဳိးသားသံုးဦးတုိ႔ ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္းႏွင့္ ၂၀၂၀ ျပည့္ႏွစ္၊ ေဖေဖာ္၀ါရီ ၃ ရက္တြင္လည္း AA အၾကမ္းဖက္ေသာင္း က်န္းသူမ်ားက မဟာကံႀကီးရွင္ဘုရား အနီးရွိ ျပည္ေတာ္သာရပ္ကြက္ အတြင္းသို႔ လက္နက္ႀကီး/လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ ခဲ့ျခင္းေၾကာင့္ မေရႊဥ(ဘ)ဦးေက်ာ္လွေမာင္သည္ လက္နက္ႀကီးစ ထိမွန္ဒဏ္ရာျဖင့္ ေသဆံုးခဲ့ကာ ဦးေက်ာ္သိန္းထြန္း(ဘ) ဦးထြန္းေမာင္သိန္း၊ ဦးေစာေမာင္လွ(ဘ) ဦးေမာင္ေမာင္လွႏွင့္ ေမာင္ေစာျဖဴ(ဘ) ဦးထြန္းေရႊတုိ႔တြင္ လက္နက္ႀကီးစမ်ား ထိမွန္ဒဏ္ရာမ်ား ရရွိခဲ့သည္။ အဆုိပါ ဒဏ္ရာရရွိသူမ်ားအနက္ ေဒၚမဲတူအား ေက်ာက္ေတာ္ၿမိဳ႕ ျပည္သူ႔ ေဆး႐ံုသို႔ လည္းေကာင္း၊ ေဒၚႏွင္းႏုေ၀ႏွင့္ ေမာင္ႀကီးတို႔အား စစ္ေတြျပည္သူ႔ေဆး႐ံုသို႔ လည္းေကာင္း အသီးသီး ပို႔ေဆာင္ေဆးကုသမႈ ခံယူေစလ်က္ ရွိေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

AA အကြမ်းဖက် သောင်းကျန်းသူများမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်များကျောက်တော်မြို့၊ မဟာကံကြီးရှင် ဘုရားအနီး ပိုက်သည် ရပ်ကွက်သို့ကျရောက်ပေါက်ကွဲ၍ဒေသခံ တိုင်းရင်းသား ပြည်သူများ ဒဏ်ရာရရှိ 

နေပြည်တော် ဖေဖော်ဝါရီ ၂၃ 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် အုပ်ချုပ်မှု ကိစ္စရပ်များ ဆောင်ရွက်သည့် တပ်မတော်ယာဉ်တန်းသည် ဖေဖော်ဝါရီ ၂၂ ရက် ည ၉ နာရီ ၅ မိနစ်ခန့်တွင် မဟာကံကြီးရှင် ဘုရားအနီးသို့ အရောက်၌ AA အကြမ်းဖက် သောင်းကျန်းသူများက ရီမုမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။ အဆိုပါ AA အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်တိုက်ခိုက်သည့် လက်နက်ကြီး ကျည်များသည် ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အဆိုပါရပ်ကွက်နေ ဒေါ်နှင်းနုဝေ(ဘ) ဦးမောင်စိန် အပါအဝင် အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦးတို့ လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ 

အလားတူ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်တွင်လည်း ကျောက်တော်မြို့အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းကို AA အကြမ်းဖက် သောင်းကျန်းသူများက ရပ်ရွာနေပြည်သူလူထု နေအိမ်များကို အကာအကွယ်ယူ၍ ချောင်းမြောင်း ပစ်ခတ်မှုတို့ကြောင့် မဟာကံကြီးရှင် ဘုရား၏မုခ်ဦးနှင့် သာသနိက အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၃ ရက်တွင်လည်း AA အကြမ်းဖက်သောင်း ကျန်းသူများက မဟာကံကြီးရှင်ဘုရား အနီးရှိ ပြည်တော်သာရပ်ကွက် အတွင်းသို့ လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ် ခဲ့ခြင်းကြောင့် မရွှေဥ(ဘ)ဦးကျော်လှမောင်သည် လက်နက်ကြီးစ ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကာ ဦးကျော်သိန်းထွန်း(ဘ) ဦးထွန်းမောင်သိန်း၊ ဦးစောမောင်လှ(ဘ) ဦးမောင်မောင်လှနှင့် မောင်စောဖြူ(ဘ) ဦးထွန်းရွှေတို့တွင် လက်နက်ကြီးစများ ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။ အဆိုပါ ဒဏ်ရာရရှိသူများအနက် ဒေါ်မဲတူအား ကျောက်တော်မြို့ ပြည်သူ့ ဆေးရုံသို့ လည်းကောင်း၊ ဒေါ်နှင်းနုဝေနှင့် မောင်ကြီးတို့အား စစ်တွေပြည်သူ့ဆေးရုံသို့ လည်းကောင်း အသီးသီး ပို့ဆောင်ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း သတင်းရရှိသည်။

 

Recent News